သားအိမ္ကင္ဆာကို သေႏၶတားေဆးမ်ားက ကာကြယ္ေပးႏိုင္မႈ သည္ ယင္းေရာဂါ အျပင္းထန္ဆံုးအေျခအေနမ်ိဳး၌ပင္ ကာကြယ္ ေပးႏိုင္မႈ အားေကာင္းေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

သေႏၶတားေသာက္ေဆးမ်ား အသံုးျပဳသည့္ အမ်ိဳးသမီးမ်ား သားအိမ္ကင္ဆာ ျဖစ္ပြားႏိုင္ေျခနည္းပါးေၾကာင္း သုေတသီမ်ား မွတ္ခ်က္ျပဳထားသည္မွာ ႏွစ္မ်ားစြာၾကာၿပီျဖစ္သည္။ ယခုေလ့လာ မႈက ယင္းဆက္စပ္မႈကို ပို၍နီးကပ္စြာ ေလ့လာထားျခင္းျဖစ္သည္။

နယူးေယာက္ျပည္နယ္ ဘပ္ဖလိုၿမိဳ႕ရွိ ေရာ့စ္ဝဲလ္ပက္ခ္ကင္ဆာ စင္တာမွ သုေတသီမ်ားက သားအိမ္ကင္ဆာမရွိေသာ အမ်ိဳးသမီး ၂,၀၀၀ ေက်ာ္အုပ္စုႏွင့္ သားအိမ္ကင္ဆာျဖစ္ေနေၾကာင္း စစ္ေဆး ေတြ႕ရွိၿပီး ၁၂ လအတြင္း ေသဆံုးေသာ လူနာ ၅၇၉ ဦး၏ အခ်က္အလက္မ်ားကို ႏႈိင္းယွဥ္ေလ့လာခဲ့သည္။

အသက္အရြယ္၊ ကေလးေမြးဖူးျခင္း ရွိ၊ မရွိ၊ သေႏၶတားေဆးအသံုးျပဳမႈ စေသာအခ်က္မ်ားကို ထည့္သြင္းတြက္ခ်က္ၿပီးေနာက္ သေႏၶတားေဆးသံုးစြဲေသာ အမ်ိဳးသမီးမ်ားသည္ သားအိမ္ကင္ဆာ ျဖစ္ေနေၾကာင္း ေတြ႕ရွိၿပီး တစ္ႏွစ္အတြင္း ေသဆံုးႏိုင္သည့္ အႏၲရာယ္ ၄၆ ရာခိုင္ႏႈန္း ေလ်ာ့နည္းေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

သေႏၶတားေသာက္ေဆးအသံုးျပဳမႈ ၾကာရွည္ေလ ျပင္းထန္ေသာ သားအိမ္ကင္ဆာေရာဂါေၾကာင့္ ေသဆံုးႏိုင္သည့္ အႏၲရာယ္ေလ်ာ့ပါးေလျဖစ္ေၾကာင္း သုေတသီအဖြဲ႕ေခါင္းေဆာင္ ဂ်နီဖာဖြန္ဂ်ီယိုဗီက ေျပာသည္။ ၎သည္ ဘပ္ဖလိုတကၠသိုလ္မွ ကင္ဆာေရာဂါပညာရွင္ျဖစ္သည္။

သေႏၶတားေဆးအသံုးျပဳမႈ ငါးႏွစ္ၾကာပါက ယင္းေရာဂါျဖစ္ပြားႏိုင္သည့္အႏၲရာယ္ ၃၂ ရာခုိင္ႏႈန္း ေလ်ာ့နည္းေၾကာင္း သုေတသီမ်ားက ေျပာသည္။

သို႔ေသာ္ ယခုေလ့လာမႈက သေႏၶတားေဆးသံုးျခင္းျဖင့္ သား အိမ္ကင္ဆာကို ကာကြယ္ႏိုင္သည့္ ဆပ္စပ္မႈကိုသာ ေဖာ္ျပၿပီး အ ေၾကာင္းရင္းႏွင့္ သက္ေရာက္ပံုကို မေလ့လာထားသျဖင့္ ေနာက္ ထပ္ေလ့လာရန္ လိုအပ္သည္ဟု သုေတသီမ်ားကေျပာသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7 days
#Unicode Version#
သားအိမ်ကင်ဆာကို သန္ဓေတားဆေးများက ကာကွယ်ပေးနိုင်မှု သည် ယင်းရောဂါ အပြင်းထန်ဆုံးအခြေအနေမျိုး၌ပင် ကာကွယ် ပေးနိုင်မှု အားကောင်းကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

သန္ဓေတားသောက်ဆေးများ အသုံးပြုသည့် အမျိုးသမီးများ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်း သုတေသီများ မှတ်ချက်ပြုထားသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ ယခုလေ့လာ မှုက ယင်းဆက်စပ်မှုကို ပို၍နီးကပ်စွာ လေ့လာထားခြင်းဖြစ်သည်။

နယူးယောက်ပြည်နယ် ဘပ်ဖလိုမြို့ရှိ ရော့စ်ဝဲလ်ပက်ခ်ကင်ဆာ စင်တာမှ သုတေသီများက သားအိမ်ကင်ဆာမရှိသော အမျိုးသမီး ၂,၀၀၀ ကျော်အုပ်စုနှင့် သားအိမ်ကင်ဆာဖြစ်နေကြောင်း စစ်ဆေး တွေ့ရှိပြီး ၁၂ လအတွင်း သေဆုံးသော လူနာ ၅၇၉ ဦး၏ အချက်အလက်များကို နှိုင်းယှဉ်လေ့လာခဲ့သည်။

အသက်အရွယ်၊ ကလေးမွေးဖူးခြင်း ရှိ၊ မရှိ၊ သန္ဓေတားဆေးအသုံးပြုမှု စသောအချက်များကို ထည့်သွင်းတွက်ချက်ပြီးနောက် သန္ဓေတားဆေးသုံးစွဲသော အမျိုးသမီးများသည် သားအိမ်ကင်ဆာ ဖြစ်နေကြောင်း တွေ့ရှိပြီး တစ်နှစ်အတွင်း သေဆုံးနိုင်သည့် အန္တရာယ် ၄၆ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

သန္ဓေတားသောက်ဆေးအသုံးပြုမှု ကြာရှည်လေ ပြင်းထန်သော သားအိမ်ကင်ဆာရောဂါကြောင့် သေဆုံးနိုင်သည့် အန္တရာယ်လျော့ပါးလေဖြစ်ကြောင်း သုတေသီအဖွဲ့ခေါင်းဆောင် ဂျနီဖာဖွန်ဂျီယိုဗီက ပြောသည်။ ၎င်းသည် ဘပ်ဖလိုတက္ကသိုလ်မှ ကင်ဆာရောဂါပညာရှင်ဖြစ်သည်။

သန္ဓေတားဆေးအသုံးပြုမှု ငါးနှစ်ကြာပါက ယင်းရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် ၃၂ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီများက ပြောသည်။

သို့သော် ယခုလေ့လာမှုက သန္ဓေတားဆေးသုံးခြင်းဖြင့် သား အိမ်ကင်ဆာကို ကာကွယ်နိုင်သည့် ဆပ်စပ်မှုကိုသာ ဖော်ပြပြီး အ ကြောင်းရင်းနှင့် သက်ရောက်ပုံကို မလေ့လာထားသဖြင့် နောက် ထပ်လေ့လာရန် လိုအပ်သည်ဟု သုတေသီများကပြောသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:7 days
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top