

Credit:BurmeseAsia
#Unicode Version#
ဟာသ လူရွှင်တော် အောင်သော်ကတော့ ပရိသတ်တွေ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဖိုက်စတား လူရွှင်တော် အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နယ်လှည့်ဖျော်ဖြေနေရတဲ့ ပရိသတ်ချစ်တဲ့ လူရွှင်တော် တစ်ယောက်ပဲ ဖြစ်ပါတယ် ။ လူရွှင်တော် အလုပ်အပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဟာသ သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးနေတာကိုတွေ့ရမှာပါ ။ လတ်တလောမှာတော့ အောင်သော်တစ်ယောက် သူ့ရဲ့မိသားစု အလှူလေးကို တစ်နိုင်ငံလုံးမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ ကို ဖိတ်ကြားလိုက်ပါတယ် ။
အောင်သော်က သူ့ရဲ့ Facebook ထဲမှာရှိတဲ့ ပရိသတ်တွေနဲ့အနုပညာရှင်ညီအကိုမောင်နှမများအားလုံးကို ဖိတ် ကြားလိုက်တာပဲ ဖြစ်ပါတယ် ။ အောင်သော် ရဲ့မိ သားစုအလှူလေးမှာ အားတဲ့ညီအကိုမောင်နှမများနဲ့ စာနယ်ဇင်းမှညီအကိုမောင်နှမများအားလုံးကိုဖိတ်ကြားလိုက်တာဖြစ်ပါတယ် ။ ရဟန်းခံ ရှင်ပြု နားသ သီလရှင်ဝတ် ရိပ်သာရေစက်ချ အလှူလေး ဖြစ်ပြီး ၅လပိုင်း ၄ ရက်နေ့မှ ၅ လပိုင် း၅ရက်နေ့အထိ ပုပ္ပါးတောင်ကလပ် ရွှေမကျီးတောရိပ်သာမှာပြုလုပ်မှာဖြစ်ကြောင်းနဲ့ ဧည့်ခံဖျော်ဖြေရေးများပါဝင်မှာဖြစ်ပြီး အနုပညာရှင်များစွာပါဝင်ဖျော်ဖြေတင်ဆက်မှာဖြစ်တယ်လို့သိရပါတယ် ။ “ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဟာသပညာရှင်များလဲဖိတ်ကြားအပ်ပါတယ်ခင်ဗျာ ပရဟိတညီအကိုမောင်နှမများလဲဖိတ်ကြားပါတယ်နော်လေးစားစွာဖြင့် ဖိုက်စတား ဟာသလူရွှင်တော်အောင်သော် “ ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အနုပညာညီအစ်ကိုမောင်နှမတွေ ၊ သတင်းမီဒီယာတွေနဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကို ဖိတ်ကြားလိုက်တာပဲ ဖြစ်ပါတယ် ။
ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia