ပုသိမ္ခရိုင္ သာေပါင္းၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းသို႔ (30-3-2019)ရက္ည(9)နာရီအခ်ိန္ခန္႔ ကင္းတပ္အုပ္စု ပန္းေတာႀကီး႐ြာတြင္ အမ်ိဳးသမီးတဦး ဓားထိုးခံရၿပီးေသဆုံးေၾကာင္းသတင္းပို႔၍ သာေပါင္းၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးျမင့္လြင္ႏွင့္အဖြဲ႕သြားေရာက္ၾကည့္ရႈေၾကာင္းသတင္းရရိွသည္။
အခင္းျဖစ္ပြားပုံမွာသာေပါင္းၿမိဳ႕မစခန္းမွဴးဒုရဲမွဴးျမင့္လြင္ႏွင့္နယ္ထိမ္းအဖြဲ႕မ်ား သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္သည့္ေနရာသို႔သြားေရာက္စစ္ေဆးရာ
ေသဆုံးသူ ေဒၚျမင့္ေအး(48/2019)ႏွစ္ (ဘ)ဦးထြန္းေရႊ ကင္းတပ္အုပ္စု ပန္းေတာႀကီး႐ြာေန ေနအိမ္ေရွ႕ခန္းအိပ္ယာေပၚတြင္ ဝဲဘက္ႏို႔အုံ ႏွင့္ ဝဲဘက္ဝမ္းဗိုက္တို႔တြင္ဒဏ္ရာမ်ားျဖင့္ေသဆုံးေနသည္ကိုေတြ႕ရွိ၍ေမးျမန္းရာ
ဦးသန္းေအး (54/2019)ႏွစ္ (ဘ)ဦးထြန္းေရႊပန္းေတာႀကီး႐ြာေနသူသည္ ႐ြာအျပင္လယ္ကြင္းထဲရိွ စပါးတလင္းတြင္ရိွေနစဥ္ တ႐ြာထဲေန တူျဖစ္သူ ေမာင္သန္းလြင္ဦး (14/2019)ႏွစ္မွ ေရာက္ရိွလာၿပီး ဦးေလးေရ အေဖက အေမ့ကို ဓားႏွင့္ထိုးလို႔ဟုေျပာဆိုသျဖင့္
တူျဖစ္သူႏွင့္အတူ ေနအိမ္သ့ိုျပန္လာခဲ့ရာ ေနအိမ္သို႔အေရာက္တြင္ ညီမျဖစ္သူ ေဒၚျမင့့္ေအးမွာဒဏ္ရာမ်ားျဖင့္ေသဆုံးေနေၾကာင္းေတြ႕ရိွရၿပီး
ေယာက္ဖျဖစ္သူ ထြန္းလင္းမွာလည္း ေနအိမ္ဖိနပ္ခြၽတ္တြင္ အရိုး(3)လက္မခန္႔အသြား(7)လက္မခန္႔ အရိုးအသြား(10)လက္မခန္႔ရိွဓားဦးခြၽန္အား ကိုင္၍ထိုင္ေနသည္ကို ေတြ႕ရိွရသျဖင့္
တူျဖစ္သူအားေမးျမန္းရာ ထြန္းလင္းမွာ ညီမျဖစ္သူ ေဒၚျမင့္ေအးအား ေခၚေဆာင္ရာ ညီမျဖစ္သူမွ နင္တို႔ဗမာေတြက ကတိမတည္ဘူး ျပန္မေပါင္းႏိုင္ေၾကာင္းေျပာသျဖင့္ ထြန္းလင္းမွ ဦးသန္းေအး ေနအိမ္ခန္းစီးတြင္ ထိုးထားေသာ ဓားဦးခြၽန္ျဖင့္ ညီမျဖစ္သူ ေဒၚျမင့္ေအးအားထိုးခဲ့ေၾကာင္းသိရိွရသည္။
အဆုိပါျဖစ္စဥ္ေၾကာင့္ သက္ေသမ်ားေရွ႕တြင္ သက္ေသခံဓားကိုသိမ္းဆည္းၿပီးေသဆုံးသူေဒၚျမင့္ေအးတြင္ဝဲဘက္ႏို႔အုံတြင္(၁)လက္မခန္႔ထိုးသြင္းဒဏ္ရာတခ်က္ ဝဲဘက္ ဝမ္းဗိုက္တြင္ (1)လက္မခန္႔ ထိုးသြင္းဒဏ္ရာတခ်က္ ရရိွသျဖင့္ ရဲေဆးစာျဖင့္ သာေပါင္းေဆးရုံသို႔ပိုေဆာင္ၿပီး
ညီမျဖစ္သူကို ေသဆုံးေအာင္ ဓားျဖင့္ထိုးသူ ထြန္းလြင္(48/2019)ႏွစ္ (ဘ)ဦးထြန္းဟန္ ကင္းတပ္အုပ္စု ပန္းေတာႀကီးေနသူအားအေရးယူေပးပါရန္တိုင္တန္းသျဖင့္
သာေပါင္းၿမိဳ႕မရဲစခန္းမွ(ပ)321/2019 ရာဇသတ္ႀကီး ပုဒ္မ (302)ျဖင့္ေရးဖြင့္ေဆာင္႐ြက္ၿပီး ဓားျဖင့္ထိုးသူ ထြန္းလြင္အား(24)နာရီအတြင္းဖမ္းစီးကာ အမႈစစ္ စခန္းမွဴး ဒုရဲမွဴးျမင့္လြင္မွ လက္ခံစစ္ေဆးေဆာင္႐ြက္လ်က္ရိွေၾကာင္းသတင္းရရိွပါသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:စိုးဝင္း SH-MEDIA သာေပါင္း
#Unicode Version#
ပုသိမ်ခရိုင် သာပေါင်းမြို့နယ်မြို့မရဲစခန်းသို့ (30-3-2019)ရက်ည(9)နာရီအချိန်ခန့် ကင်းတပ်အုပ်စု ပန်းတောကြီးရွာတွင် အမျိုးသမီးတဦး ဓားထိုးခံရပြီးသေဆုံးကြောင်းသတင်းပို့၍ သာပေါင်းမြို့မစခန်းမှူး ဒုရဲမှူးမြင့်လွင်နှင့်အဖွဲ့သွားရောက်ကြည့်ရှုကြောင်းသတင်းရရှိသည်။
အခင်းဖြစ်ပွားပုံမှာသာပေါင်းမြို့မစခန်းမှူးဒုရဲမှူးမြင့်လွင်နှင့်နယ်ထိမ်းအဖွဲ့များ သက်သေများနှင့်အတူ အခင်းဖြစ်သည့်နေရာသို့သွားရောက်စစ်ဆေးရာ
သေဆုံးသူ ဒေါ်မြင့်အေး(48/2019)နှစ် (ဘ)ဦးထွန်းရွှေ ကင်းတပ်အုပ်စု ပန်းတောကြီးရွာနေ နေအိမ်ရှေ့ခန်းအိပ်ယာပေါ်တွင် ဝဲဘက်နို့အုံ နှင့် ဝဲဘက်ဝမ်းဗိုက်တို့တွင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိ၍မေးမြန်းရာ
ဦးသန်းအေး (54/2019)နှစ် (ဘ)ဦးထွန်းရွှေပန်းတောကြီးရွာနေသူသည် ရွာအပြင်လယ်ကွင်းထဲရှိ စပါးတလင်းတွင်ရှိနေစဉ် တရွာထဲနေ တူဖြစ်သူ မောင်သန်းလွင်ဦး (14/2019)နှစ်မှ ရောက်ရှိလာပြီး ဦးလေးရေ အဖေက အမေ့ကို ဓားနှင့်ထိုးလို့ဟုပြောဆိုသဖြင့်
တူဖြစ်သူနှင့်အတူ နေအိမ်သ့ိုပြန်လာခဲ့ရာ နေအိမ်သို့အရောက်တွင် ညီမဖြစ်သူ ဒေါ်မြင့်အေးမှာဒဏ်ရာများဖြင့်သေဆုံးနေကြောင်းတွေ့ရှိရပြီး
ယောက်ဖဖြစ်သူ ထွန်းလင်းမှာလည်း နေအိမ်ဖိနပ်ချွတ်တွင် အရိုး(3)လက်မခန့်အသွား(7)လက်မခန့် အရိုးအသွား(10)လက်မခန့်ရှိဓားဦးချွန်အား ကိုင်၍ထိုင်နေသည်ကို တွေ့ရှိရသဖြင့်
တူဖြစ်သူအားမေးမြန်းရာ ထွန်းလင်းမှာ ညီမဖြစ်သူ ဒေါ်မြင့်အေးအား ခေါ်ဆောင်ရာ ညီမဖြစ်သူမှ နင်တို့ဗမာတွေက ကတိမတည်ဘူး ပြန်မပေါင်းနိုင်ကြောင်းပြောသဖြင့် ထွန်းလင်းမှ ဦးသန်းအေး နေအိမ်ခန်းစီးတွင် ထိုးထားသော ဓားဦးချွန်ဖြင့် ညီမဖြစ်သူ ဒေါ်မြင့်အေးအားထိုးခဲ့ကြောင်းသိရှိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သက်သေများရှေ့တွင် သက်သေခံဓားကိုသိမ်းဆည်းပြီးသေဆုံးသူဒေါ်မြင့်အေးတွင်ဝဲဘက်နို့အုံတွင်(၁)လက်မခန့်ထိုးသွင်းဒဏ်ရာတချက် ဝဲဘက် ဝမ်းဗိုက်တွင် (1)လက်မခန့် ထိုးသွင်းဒဏ်ရာတချက် ရရှိသဖြင့် ရဲဆေးစာဖြင့် သာပေါင်းဆေးရုံသို့ပိုဆောင်ပြီး
ညီမဖြစ်သူကို သေဆုံးအောင် ဓားဖြင့်ထိုးသူ ထွန်းလွင်(48/2019)နှစ် (ဘ)ဦးထွန်းဟန် ကင်းတပ်အုပ်စု ပန်းတောကြီးနေသူအားအရေးယူပေးပါရန်တိုင်တန်းသဖြင့်
သာပေါင်းမြို့မရဲစခန်းမှ(ပ)321/2019 ရာဇသတ်ကြီး ပုဒ်မ (302)ဖြင့်ရေးဖွင့်ဆောင်ရွက်ပြီး ဓားဖြင့်ထိုးသူ ထွန်းလွင်အား(24)နာရီအတွင်းဖမ်းစီးကာ အမှုစစ် စခန်းမှူး ဒုရဲမှူးမြင့်လွင်မှ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:စိုးဝင်း SH-MEDIA သာပေါင်း