မုန္တိုင္းငယ္သတင္း အမွတ္စဥ္ (၀၄/၂၀၁၉)

(၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၇)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၀၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

မုန္တိုင္းငယ္အေျခအေန

(က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာ ခ်က္မ်ားအရ အီေကြတာအနီး အိႏၵိယသမုဒၵရာႏွင့္ ယင္းႏွင့္ဆက္ စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕ ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္(Depression)သည္ ….

အေနာက္ေျမာ က္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ သီရိလကၤာႏိုင္ငံ၊ ထရင္ကိုမာလီၿမိဳ႕ (Trincomalee)၏ အေရွ႕-အေရွ႕ေတာင္ဘက္ မိုင္(၅၂၀)ခန္႔၊ အိႏၵိယႏိုင္ငံ၊ ခ်င္းႏိုင္ၿမိဳ႕(Chennai)၏ အေရွ႕ေတာင္ဘက္ မိုင္(၇၄၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

အဆိုပါ မုန္တိုင္းငယ္ သည္ အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕ လ်ားမည္ဟု ခန္႔မွန္းရပါသည္။

(ခ) မုန္တိုင္းငယ္၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္ အဆင့္ဟု သတ္မွတ္ပါသည္။

မုန္တိုင္းငယ္၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(က) အဆိုပါမုန္တိုင္းငယ္သည္ ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀) နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၃.၉)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၈.၅)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၁၀၀၆) ဟက္တို ပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ မိုင္(၃၀)ႏႈန္း ျဖစ္ပါသည္။

ေနာက္(၂၄)နာရီအတြင္းခန္႔မွန္းခ်က္

(က) အဆိုပါ မုန္တိုင္းငယ္သည္ ေနာက္(၆)နာရီအတြင္း အားေကာင္းေသာမုန္တိုင္းငယ္ (Deep Depression) အျဖစ္ သို႔လည္းေကာင္း၊ ေနာက္(၂၄)နာရီအတြင္း ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm)အျဖစ္သို႔လည္းေကာင္း ေရာက္ရွိႏိုင္မည္ဟု ခန္႔မွန္းရပါသည္။

အႀကံျပဳခ်က္

(က) အဆိုပါ မုန္တိုင္းငယ္ႏွင့္ပတ္သက္၍ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမန္မာ့ကမ္း ႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္ လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာ မ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳအပ္ပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန
#Unicode Version#
မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၄/၂၀၁၉)

(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက် စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ….

အနောက်မြော က်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၅၂၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် မိုင်(၇၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ မုန်တိုင်းငယ် သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၃.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၆) ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ မုန်တိုင်းငယ်သည် နောက်(၆)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် သို့လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

အကြံပြုချက်

(က) အဆိုပါ မုန်တိုင်းငယ်နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top