ရတနာသံုးပါး ဦးထပ္ထား၍ ရုိေသစြာ
ေလွ်ာက္ထားအပ္ပါသည္။တပည့္ေတာ္သည္
မိဘကို ျပဳစုလုပ္ေကြၽးလိုပါ၍ စင္ၾကယ္ေသာနည္းျဖင့္
ဝင္ေငြ ရွာေဖြပါသည္။ တပည့္ေတာ္ ၾကံစည္တိုင္း
မေအာင္ျမင္တာ မ်ားပါသည္။ သာသနာ့ေဘာင္မွာ
ေန၍ တရားဓမၼႏွင့္လည္း ေက်းဇူးမဆပ္ႏိုင္ေသးပါ
ဘုရား။ မိဘမ်ား၏ က်န္းမာေရးႏွင့္ သူတို႔၏တမလြန္
အတြက္ အလွဴဒါနမ်ား ျပဳႏိုင္ေအာင္ တပည့္ေတာ္
ဝင္ေငြရွာျခင္း ျဖစ္ပါသည္။ တပည့္ေတာ္
ႀကိဳးစားလုပ္သမွ် မေအာင္ျမင္ခဲ့လွ်င္
တပည့္ေတာ္၏ ေရွးဘဝ အကုသိုလ္ကံေၾကာင့္လို႔ပဲ
မွတ္ယူလိုက္ပါသည္ဘုရား။တပည့္ေတာ္၏
ဆိုးေနေသာ ကံမ်ား ေကာင္းလာေအာင္ ျပဳလုပ္ႏိုင္ေသာ
နည္းလမ္းမ်ား ေပးသနားေစခ်င္ပါသည္ဘုရား။
(ခ်စ္လြန္းသူ)

“ကံရဲ႕ သဘာဝ”
•••••••••••••••••••••••••••••••••••••
“ကံ” ဆိုတဲ့ စကားလံုးက “လုပ္ျခင္း”လို႔ အဓိပၸာယ္
ရတယ္။ အရင္ကလုပ္ခဲ့ၿပီးသား အလုပ္ (အတိတ္ကံ)နဲ႔
ယခု လုပ္တဲ့အလုပ္ (ပစၥဳပၸန္ကံ)လို႔ ႏွစ္မ်ိဳးရွိတယ္။
ဒါေၾကာင့္ အလုပ္တစ္ခုခု အဆင္မေျပရင္
အရင္ဘဝ အကုသိုလ္ကံေၾကာင့္လို႔ပဲ လႊဲခ်ၿပီး
ကံၾကမၼာကိုခ်ည္း ယိုးစြဲရင္မမွန္ဘူး။
ပစၥဳပၸန္ကံဟာ မိမိအစြမ္းနဲ႔ျဖစ္ေစ၊ အတိတ္ကံရဲ႕
အေထာက္အပံ့ေၾကာင့္ျဖစ္ေစ ဒီဘဝမွာေရာ၊
ေနာင္ဘဝမွာပါ အက်ိဳးအျပစ္ကို ျဖစ္ေစပါတယ္။
အေဆာက္အအံုေတြကို လူေတြစုေပါင္းၿပီး
တည္ေဆာက္သလို ကံက ေလာကဓာတ္ကို
ဖန္ဆင္းပါတယ္။

“ကံျဖစ္ျခင္း အေၾကာင္းတရား”
•••••••••••••••••••••••••••••••••••••
●-အလိုအလို ေရထြက္တဲ့ သဘာဝေရအိုင္နဲ႔
စမ္းေခ်ာင္းေတြလို အစြမ္းသတိၱႀကီးမားတဲ့ကံ(ဗလဝကံ)၊
●-နည္းနည္း တူး႐ံုယက္႐ံုနဲ႔ ေရထြက္တဲ့
စမ္းေရတြင္းလို လံု႔လနည္းနည္း စိုက္႐ံုနဲ႔
အက်ိဳးမ်ားစြာ ခံစားရတဲ့ကံ (မဇၩိမကံ) နဲ႔
●-အလြန္ပင္ပန္းခံ တူးေဖာ္မွ ေရရတဲ့ ေရတြင္းလို
အလြန္မ်ားစြာ လံု႔လျပဳမွ အက်ိဳးခံစားရတဲ့ကံ(ဒုဗၺလကံ)
လို႔ “ကံသံုးမ်ဳိး”ရွိတယ္။

အဲဒီကံသံုးမ်ိဳးဟာ “ျပည့္စံုမႈ ငါးမ်ဳိး”ရွိရင္
အက်ိဳးေပး ဖြံ႕ၿဖိဳးတယ္။
❖(၁)။ ေနရာေကာင္း၊ဘဝေကာင္း၊
(လူ႔အခြင့္အေရးနဲ႔ ျပည့္စံုတဲ့ေနရာ)၊
❖(၂)။ ရုပ္ဆင္းသြင္ျပင္ (အဆင့္မီ
ဝတ္စားဆင္ယင္၊ေနထိုင္မႈ)၊
❖(၃)။ အခ်ိန္အခါေကာင္း(ၿငိမ္းခ်မ္း တည္ၿငိမ္တဲ့အခ်ိန္)၊
❖(၄)။ ႀကိဳးစား အားထုတ္ျခင္း၊
❖(၅)။ ဉာဏ္အေျမာ္အျမင္။

ဒါေၾကာင့္ ကံေကာင္းဖို႔ဆိုရင္ “ေနရာေကာင္း၊
သြင္ျပင္ေကာင္း၊ အခါေကာင္း၊ ႀကိဳးစား၊
ဉာဏ္အေျမာ္အျမင္ေကာင္း” တို႔ကို အမွီသဟဲ
ျပဳရပါတယ္။ ဒါကို ကံရဲ႕ သမၸတိၱ (ျပည့္စံုမႈ)ေလးမ်ိဳး
လို႔ေခၚပါတယ္။ အဲဒီေလးမ်ိဳး မရွိရင္ ကံရဲ႕ ဝိပတိၱနဲ႔
ၾကံဳလို႔ အက်ိဳးေပး မျပည့္စံုႏိုင္ဘူး။

“ကံေကာင္းေအာင္ လုပ္နည္း”
•••••••••••••••••••••••••••••••••••••
❖သင့္ေတာ္တဲ့ ေနရာမွာ ေနျခင္း၊
❖လူေကာင္းနဲ႔ ေပါင္းေဖာ္ျခင္း၊
❖ကိုယ္၊ႏႈတ္ ႏွလံုးကို ဆံုးမျခင္း
(ကိုယ္က်င့္သီလႏွင့္ ျပည့္စံုျခင္း)၊
❖ ေရွးဘဝ ကုသိုလ္အထူး ရွိျခင္း
ဆိုတဲ့ အေၾကာင္း ေလးပါးေၾကာင့္
ကုသိုလ္က ေကာင္းလာႏိုင္ပါတယ္။
(အံ ၁၊ ၁၁)။

ကံေကာင္းဖို႔ ၾကက္ေတြကို နည္းယူသင့္တယ္။
ၾကက္တိရိစၧာန္ေတြဟာ အခ်ိန္မွန္ အိပ္တယ္။
အခ်ိန္မွန္ ထတယ္။ဆန္ပံုေပၚ ေရာက္ေနတာေတာင္
ယက္ၿပီးမွ စားတယ္။ ညဥ့္အခ်ိန္မွာ ကန္းေနတယ္။
ဘယ္သူ ဘယ္ေလာက္ပဲ ေျခာက္ေျခာက္
အိပ္တန္းကို မစြန္႔ဘူး။
ၾကက္ေတြကို နမူနာယူၿပီး အလုပ္လုပ္တဲ့အခါ
အခ်ိန္ကို ေလးစား၊အခ်ိန္မီ ၿပီးေအာင္လုပ္၊
မဆင္မျခင္ ေပါ့ေပါ့ေန ေပါ့ေပါ့စား မလုပ္နဲ႔။

အက်ိဳးမရွိရင္ မကန္းေသာ္လည္း ကန္းေယာင္ေဆာင္ပါ။
အက်ိဳးရွိရင္ ဘယ္သူဖ်က္ဖ်က္ ေနာက္မဆုတ္ဘဲ၊
ၿပီးေအာင္လုပ္။ ဒါဟာ ကံေကာင္းေစမယ့္
နည္းလမ္းပဲ။

“ကံေကာင္းဖို႔ ဝီရိယ အဓိက”
•••••••••••••••••••••••••••••••••••••
အခ်ိဳ႕မွာ ကံအားေကာင္းလို႔ ခ်မ္းသာတယ္။
အခ်ိဳ႕က ဉာဏ္ေကာင္းလို႔ ႀကီးပြားတယ္။
အခ်ိဳ႕က်ေတာ့ ႀကိဳးစားႏိုင္လြန္းလို႔ ေအာင္ျမင္တယ္။

❖ဒါေပမဲ့ ဝီရိယမပါဘဲ ကံေရာ၊ ဉာဏ္ပါ ႏွစ္ခုလံုး
မျဖစ္ႏိုင္လို႔ ဝီရိယသာ အဓိကက်ပါတယ္။

ေအာင္ျမင္ေက်ာ္ၾကားသူေတြရဲ႕ ပုဂၢိဳလ္ေရး
ရာဇဝင္ကို ျပန္ၾကည့္ရင္ “ဝီရိယ” ကို
အရင္းတည္ခဲ့ၾကရတာခ်ည္းပါ။
“ဝီရိယာရေမၻာ ဘိကၡေဝ မဟေတာ အတၳာယ သံဝတၱတိ။
ဘိကၡေဝ၊ ရဟန္းေတာ္မ်ား အိုခ်စ္သားတို႔။
●ဝီရိယရေမၻာ၊ ဝီရိယကို အားထုတ္ျခင္းသည္။
●မဟေတာ၊ ေျပာမဆံုးဖြယ္ ႀကီးက်ယ္ခမ္းနား မ်ားစြာေသာ။
●အတၳာယ၊ ေလာကီေလာကုတၲရာ ႏွစ္ျဖာအက်ိဳး
တိုးပြားျခင္းငွာ။
●သံဝတၱတိ၊ ျဖစ္၏”(အံ ၁၊ ၁၁)လို႔
ျမတ္ဗုဒၶ ေဟာေတာ္မူပါတယ္။

“တိုက္တြန္းခ်က္”
•••••••••••••••••••••••••••••••••••••
အခ်ဳပ္ေျပာရရင္ “ကံဟူသည္ အလုပ္၊ အလုပ္ရွိမွ
ကံရွိသည္။ အလုပ္ မရွိလွ်င္ ကံမရွိ။
အလုပ္ေကာင္းမွ ကံေကာင္းသည္။
အလုပ္ မေကာင္းလွ်င္ ကံမေကာင္း”
(ကံဉာဏ္ဝီရိယအဖြင့္၊ စာ-၂၂၉) ဆိုတဲ့
ေရႊဟသၤာေတာရ စံေက်ာင္းဆရာေတာ္ႀကီးရဲ႕
ဩဝါဒကိုလိုက္နာၿပီး ရွိၿမဲ ေကာင္းတဲ့ စိတ္ကေလးနဲ႔
ဆက္လက္ ႀကိဳးစားရင္ ရည္ရြယ္ခ်က္ေတြ
တစ္ေန႔က်ရင္ ေအာင္ျမင္ပါလိမ့္မယ္။

လံု႔လမထူ ဉာဏ္မကူဘဲ၊
အယူတေစာင္း ကံတေၾကာင္းမွ်
မေကာင္းလည္း ကံ၊ ေကာင္းလည္း ကံဟု
ကံကိုခ်ည္းသာ မကိုးရာဘူး။
ပညာဉာဏ္ျဖင့္ သင့္၊မသင့္ကို အခြင့္ရွဳ၍
အျပဳလံု႔လ ရွိအပ္စြတည္း။ ။
(မဃေဒဝ၊ ပိုဒ္ ၂၅၄)

ဖိုးသူေတာ္(www.phothutaw.com)
Credit:【ဆရာေတာ္အရွင္ေကလာသ】

#Unicode Version#
ရတနာသုံးပါး ဦးထပ်ထား၍ ရိုသေစွာ
လျှောက်ထားအပ်ပါသည်။တပည့်တော်သည်
မိဘကို ပြုစုလုပ်ကျွေးလိုပါ၍ စင်ကြယ်သောနည်းဖြင့်
ဝင်ငွေ ရှာဖွေပါသည်။ တပည့်တော် ကြံစည်တိုင်း
မအောင်မြင်တာ များပါသည်။ သာသနာ့ဘောင်မှာ
နေ၍ တရားဓမ္မနှင့်လည်း ကျေးဇူးမဆပ်နိုင်သေးပါ
ဘုရား။ မိဘများ၏ ကျန်းမာရေးနှင့် သူတို့၏တမလွန်
အတွက် အလှူဒါနများ ပြုနိုင်အောင် တပည့်တော်
ဝင်ငွေရှာခြင်း ဖြစ်ပါသည်။ တပည့်တော်
ကြိုးစားလုပ်သမျှ မအောင်မြင်ခဲ့လျှင်
တပည့်တော်၏ ရှေးဘဝ အကုသိုလ်ကံကြောင့်လို့ပဲ
မှတ်ယူလိုက်ပါသည်ဘုရား။တပည့်တော်၏
ဆိုးနေသော ကံများ ကောင်းလာအောင် ပြုလုပ်နိုင်သော
နည်းလမ်းများ ပေးသနားစေချင်ပါသည်ဘုရား။
(ချစ်လွန်းသူ)

“ကံရဲ့ သဘာဝ”
•••••••••••••••••••••••••••••••••••••
“ကံ” ဆိုတဲ့ စကားလုံးက “လုပ်ခြင်း”လို့ အဓိပ္ပာယ်
ရတယ်။ အရင်ကလုပ်ခဲ့ပြီးသား အလုပ် (အတိတ်ကံ)နဲ့
ယခု လုပ်တဲ့အလုပ် (ပစ္စုပ္ပန်ကံ)လို့ နှစ်မျိုးရှိတယ်။
ဒါကြောင့် အလုပ်တစ်ခုခု အဆင်မပြေရင်
အရင်ဘဝ အကုသိုလ်ကံကြောင့်လို့ပဲ လွှဲချပြီး
ကံကြမ္မာကိုချည်း ယိုးစွဲရင်မမှန်ဘူး။
ပစ္စုပ္ပန်ကံဟာ မိမိအစွမ်းနဲ့ဖြစ်စေ၊ အတိတ်ကံရဲ့
အထောက်အပံ့ကြောင့်ဖြစ်စေ ဒီဘဝမှာရော၊
နောင်ဘဝမှာပါ အကျိုးအပြစ်ကို ဖြစ်စေပါတယ်။
အဆောက်အအုံတွေကို လူတွေစုပေါင်းပြီး
တည်ဆောက်သလို ကံက လောကဓာတ်ကို
ဖန်ဆင်းပါတယ်။

“ကံဖြစ်ခြင်း အကြောင်းတရား”
•••••••••••••••••••••••••••••••••••••
●-အလိုအလို ရေထွက်တဲ့ သဘာဝရေအိုင်နဲ့
စမ်းချောင်းတွေလို အစွမ်းသတ္တိကြီးမားတဲ့ကံ(ဗလဝကံ)၊
●-နည်းနည်း တူးရုံယက်ရုံနဲ့ ရေထွက်တဲ့
စမ်းရေတွင်းလို လုံ့လနည်းနည်း စိုက်ရုံနဲ့
အကျိုးများစွာ ခံစားရတဲ့ကံ (မဇ္ဈိမကံ) နဲ့
●-အလွန်ပင်ပန်းခံ တူးဖော်မှ ရေရတဲ့ ရေတွင်းလို
အလွန်များစွာ လုံ့လပြုမှ အကျိုးခံစားရတဲ့ကံ(ဒုဗ္ဗလကံ)
လို့ “ကံသုံးမျိုး”ရှိတယ်။

အဲဒီကံသုံးမျိုးဟာ “ပြည့်စုံမှု ငါးမျိုး”ရှိရင်
အကျိုးပေး ဖွံ့ဖြိုးတယ်။
❖(၁)။ နေရာကောင်း၊ဘဝကောင်း၊
(လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့နေရာ)၊
❖(၂)။ ရုပ်ဆင်းသွင်ပြင် (အဆင့်မီ
ဝတ်စားဆင်ယင်၊နေထိုင်မှု)၊
❖(၃)။ အချိန်အခါကောင်း(ငြိမ်းချမ်း တည်ငြိမ်တဲ့အချိန်)၊
❖(၄)။ ကြိုးစား အားထုတ်ခြင်း၊
❖(၅)။ ဉာဏ်အမြော်အမြင်။

ဒါကြောင့် ကံကောင်းဖို့ဆိုရင် “နေရာကောင်း၊
သွင်ပြင်ကောင်း၊ အခါကောင်း၊ ကြိုးစား၊
ဉာဏ်အမြော်အမြင်ကောင်း” တို့ကို အမှီသဟဲ
ပြုရပါတယ်။ ဒါကို ကံရဲ့ သမ္ပတ္တိ (ပြည့်စုံမှု)လေးမျိုး
လို့ခေါ်ပါတယ်။ အဲဒီလေးမျိုး မရှိရင် ကံရဲ့ ဝိပတ္တိနဲ့
ကြုံလို့ အကျိုးပေး မပြည့်စုံနိုင်ဘူး။

“ကံကောင်းအောင် လုပ်နည်း”
•••••••••••••••••••••••••••••••••••••
❖သင့်တော်တဲ့ နေရာမှာ နေခြင်း၊
❖လူကောင်းနဲ့ ပေါင်းဖော်ခြင်း၊
❖ကိုယ်၊နှုတ် နှလုံးကို ဆုံးမခြင်း
(ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း)၊
❖ ရှေးဘဝ ကုသိုလ်အထူး ရှိခြင်း
ဆိုတဲ့ အကြောင်း လေးပါးကြောင့်
ကုသိုလ်က ကောင်းလာနိုင်ပါတယ်။
(အံ ၁၊ ၁၁)။

ကံကောင်းဖို့ ကြက်တွေကို နည်းယူသင့်တယ်။
ကြက်တိရိစ္ဆာန်တွေဟာ အချိန်မှန် အိပ်တယ်။
အချိန်မှန် ထတယ်။ဆန်ပုံပေါ် ရောက်နေတာတောင်
ယက်ပြီးမှ စားတယ်။ ညဉ့်အချိန်မှာ ကန်းနေတယ်။
ဘယ်သူ ဘယ်လောက်ပဲ ခြောက်ခြောက်
အိပ်တန်းကို မစွန့်ဘူး။
ကြက်တွေကို နမူနာယူပြီး အလုပ်လုပ်တဲ့အခါ
အချိန်ကို လေးစား၊အချိန်မီ ပြီးအောင်လုပ်၊
မဆင်မခြင် ပေါ့ပေါ့နေ ပေါ့ပေါ့စား မလုပ်နဲ့။

အကျိုးမရှိရင် မကန်းသော်လည်း ကန်းယောင်ဆောင်ပါ။
အကျိုးရှိရင် ဘယ်သူဖျက်ဖျက် နောက်မဆုတ်ဘဲ၊
ပြီးအောင်လုပ်။ ဒါဟာ ကံကောင်းစေမယ့်
နည်းလမ်းပဲ။

“ကံကောင်းဖို့ ဝီရိယ အဓိက”
•••••••••••••••••••••••••••••••••••••
အချို့မှာ ကံအားကောင်းလို့ ချမ်းသာတယ်။
အချို့က ဉာဏ်ကောင်းလို့ ကြီးပွားတယ်။
အချို့ကျတော့ ကြိုးစားနိုင်လွန်းလို့ အောင်မြင်တယ်။

❖ဒါပေမဲ့ ဝီရိယမပါဘဲ ကံရော၊ ဉာဏ်ပါ နှစ်ခုလုံး
မဖြစ်နိုင်လို့ ဝီရိယသာ အဓိကကျပါတယ်။

အောင်မြင်ကျော်ကြားသူတွေရဲ့ ပုဂ္ဂိုလ်ရေး
ရာဇဝင်ကို ပြန်ကြည့်ရင် “ဝီရိယ” ကို
အရင်းတည်ခဲ့ကြရတာချည်းပါ။
“ဝီရိယာရမ္ဘော ဘိက္ခဝေ မဟတော အတ္ထာယ သံဝတ္တတိ။
ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။
●ဝီရိယရမ္ဘော၊ ဝီရိယကို အားထုတ်ခြင်းသည်။
●မဟတော၊ ပြောမဆုံးဖွယ် ကြီးကျယ်ခမ်းနား များစွာသော။
●အတ္ထာယ၊ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး
တိုးပွားခြင်းငှာ။
●သံဝတ္တတိ၊ ဖြစ်၏”(အံ ၁၊ ၁၁)လို့
မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။

“တိုက်တွန်းချက်”
•••••••••••••••••••••••••••••••••••••
အချုပ်ပြောရရင် “ကံဟူသည် အလုပ်၊ အလုပ်ရှိမှ
ကံရှိသည်။ အလုပ် မရှိလျှင် ကံမရှိ။
အလုပ်ကောင်းမှ ကံကောင်းသည်။
အလုပ် မကောင်းလျှင် ကံမကောင်း”
(ကံဉာဏ်ဝီရိယအဖွင့်၊ စာ-၂၂၉) ဆိုတဲ့
ရွှေဟင်္သာတောရ စံကျောင်းဆရာတော်ကြီးရဲ့
ဩဝါဒကိုလိုက်နာပြီး ရှိမြဲ ကောင်းတဲ့ စိတ်ကလေးနဲ့
ဆက်လက် ကြိုးစားရင် ရည်ရွယ်ချက်တွေ
တစ်နေ့ကျရင် အောင်မြင်ပါလိမ့်မယ်။

လုံ့လမထူ ဉာဏ်မကူဘဲ၊
အယူတစောင်း ကံတကြောင်းမျှ
မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု
ကံကိုချည်းသာ မကိုးရာဘူး။
ပညာဉာဏ်ဖြင့် သင့်၊မသင့်ကို အခွင့်ရှု၍
အပြုလုံ့လ ရှိအပ်စွတည်း။ ။
(မဃဒေဝ၊ ပိုဒ် ၂၅၄)


ဖိုးသူတော်(www.phothutaw.com)
Credit:【ဆရာတော်အရှင်ကေလာသ】
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top