ကြ်န္မနားလည္ထားတဲ့ အခ်စ္စစ္ရဲ႕ အေၾကာင္းကို ေ၀မွ်ေပးခ်င္မိတယ္။ လူတိုင္းရဲ႕ အခ်စ္စစ္ေပၚထားတဲ့ ခံယူခ်က္ေတြ ထင္ျမင္ခ်က္ေတြ နဲ႕ တူခ်င္မွတူပါလိမ့္မယ္။ ဒါေပမယ့္ ကြ်န္မသိတဲ့ အခ်စ္စစ္ဆိုတာ ….

ေလာကမွာ တန္ဖိုးႀကီးတဲ့ အရာေတြကို ရယူပိုင္ဆိုင္ဖို႔ အင္မတန္မွခက္ခဲပါတယ္။ ဆန္႔က်င္ဘက္အေနနဲ႔ လြယ္လြယ္ကူကူ ရတဲ့အရာက်ေတာ့လည္း အတုအေယာင္ေတြ ျဖစ္ေနျပန္တယ္။

တကယ္ေတာ့ အခ်စ္စစ္ ဆိုတာမ်ိဳးကို ထိုက္တန္တဲ့သူမွရႏိုင္တာပါ။ ေလာကမွာ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာနဲ႔ ခ်စ္ၾကတဲ့သူေတြ ႐ွားမွ႐ွား လို႔ေတာင္ေျပာလို႔ရတယ္။ အခ်စ္စစ္ဆိုတာ ေကာက္႐ိုးမီးလို ဟုန္းခနဲ ခဏပဲေတာက္ေလာင္ၿပီး ေပ်ာက္ကြယ္သြားတဲ့အရာလည္းမဟုတ္ပါဘူး။

ထာဝရအတြက္ ဘယ္ေတာ့မွမေပ်ာက္ကြယ္ဘဲ ကိုယ့္ခ်စ္သူ ဘယ္လိုအေနအထားမ်ိဳးမွာပဲ ျဖစ္ေနပါေစ ဆက္လက္ခ်စ္ေနႏိုင္တာ အခ်စ္စစ္ပါပဲ။ ရယူၿပီးခ်စ္တာမဟုတ္ပဲ ေပးဆပ္ၿပီးခ်စ္မွသာလ်ွင္ အခ်စ္စစ္မဟုတ္လားးး။

လူေပါင္းစံုက သင္တို႔ႏွစ္ဦးကို ကြဲပ်က္ေအာင္ ေႏွာင့္ယွက္ၾကလိမ့္မယ္ သင္းခြဲ ၾကလိမ့္မယ္။ ဒါေပမဲ့ အဆံုးထိ ယံုၾကည္ေနတာ၊ သူ႔အေၾကာင္းေတြကို သူ႔ထက္ပိုနားလည္ၿပီးခ်စ္ေနတာက အခ်စ္စစ္ပါပဲ။

တစ္ခ်ိဳ႕ကေျပာၾကတယ္ အခ်စ္နဲ႔စစ္မွာမတရားတာ မ႐ွိဘူးတဲ့။ အဲ့စကားကလံုးဝကို မွားပါတယ္။ အခ်စ္စစ္ဟာ တရားသူကိုပဲ အႏိုင္ေပးတာပါ။ ေပးဆပ္လိုသူကိုပဲ အႏိုင္ေပးတာပါ။ ရယူလိုသူမဟုတ္ပါဘူး…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျွန်မနားလည်ထားတဲ့ အချစ်စစ်ရဲ့ အကြောင်းကို ဝေမျှပေးချင်မိတယ်။ လူတိုင်းရဲ့ အချစ်စစ်ပေါ်ထားတဲ့ ခံယူချက်တွေ ထင်မြင်ချက်တွေ နဲ့ တူချင်မှတူပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မသိတဲ့ အချစ်စစ်ဆိုတာ ….

လောကမှာ တန်ဖိုးကြီးတဲ့ အရာတွေကို ရယူပိုင်ဆိုင်ဖို့ အင်မတန်မှခက်ခဲပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လွယ်လွယ်ကူကူ ရတဲ့အရာကျတော့လည်း အတုအယောင်တွေ ဖြစ်နေပြန်တယ်။

တကယ်တော့ အချစ်စစ် ဆိုတာမျိုးကို ထိုက်တန်တဲ့သူမှရနိုင်တာပါ။ လောကမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြတဲ့သူတွေ ရှားမှရှား လို့တောင်ပြောလို့ရတယ်။ အချစ်စစ်ဆိုတာ ကောက်ရိုးမီးလို ဟုန်းခနဲ ခဏပဲတောက်လောင်ပြီး ပျောက်ကွယ်သွားတဲ့အရာလည်းမဟုတ်ပါဘူး။

ထာဝရအတွက် ဘယ်တော့မှမပျောက်ကွယ်ဘဲ ကိုယ့်ချစ်သူ ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ်နေပါစေ ဆက်လက်ချစ်နေနိုင်တာ အချစ်စစ်ပါပဲ။ ရယူပြီးချစ်တာမဟုတ်ပဲ ပေးဆပ်ပြီးချစ်မှသာလျှင် အချစ်စစ်မဟုတ်လားးး။

လူပေါင်းစုံက သင်တို့နှစ်ဦးကို ကွဲပျက်အောင် နှောင့်ယှက်ကြလိမ့်မယ် သင်းခွဲ ကြလိမ့်မယ်။ ဒါပေမဲ့ အဆုံးထိ ယုံကြည်နေတာ၊ သူ့အကြောင်းတွေကို သူ့ထက်ပိုနားလည်ပြီးချစ်နေတာက အချစ်စစ်ပါပဲ။

တစ်ချို့ကပြောကြတယ် အချစ်နဲ့စစ်မှာမတရားတာ မရှိဘူးတဲ့။ အဲ့စကားကလုံးဝကို မှားပါတယ်။ အချစ်စစ်ဟာ တရားသူကိုပဲ အနိုင်ပေးတာပါ။ ပေးဆပ်လိုသူကိုပဲ အနိုင်ပေးတာပါ။ ရယူလိုသူမဟုတ်ပါဘူး…..

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top