ဒီေခြးေလးကေတာ့ ေတာင္ၾကီးက ေလးေလာင္းျပိဳင္မိသားစု အသတ္ခံရခ်ိန္မွာ ေလွာင္အိမ္ထဲမွာ ရွိေနခဲ႔တဲ႔ ေခြးေလးျဖစ္ပါတယ္. . .သူ႔ရဲ႕ေရွ႕မွာပဲ သူ႔သခင္ေတြကို သတ္သြားခဲ႔တာပါသူ ႔သခင္​ တစ္​မိသားစုလံုးအသတ္​ခံလိုက္​ရတာကို မ်က္​စိ​ေရွ႕တင္​ သတ္​တာျမင္​ျပီး ​ေလွာင္​အိမ္​ထဲကေန သူအားမလို အားမရ​ေတြျဖစ္​ခဲ့မွာပဲ ။

အျပင္ဖက္မွာ သူရွိခဲ႔ရင္ အကူအညီတစ္ခုခုေတာ့သူေပးနိုင္မွာေသခ်ာတယ္။အဆိုးထဲကအ​ေကာင္​းက​ေတာ့ သူအသက္​ရွင္​က်န္​ခဲ႔တယ္။အခုေတာ့အစာလဲမစား… တမိႈင္မိႈင္နဲ႔ျမင္ရတာရင္ထဲမေကာင္းဘူး။ သူ႔သခင္ေတြကိုသတ္သြားတဲ႔ တရားခံေတြအားလံုးအျမန္ဆံုးမိပါေစ။

ယခင္သတင္း —-ေတာင္ႀကီးၿမိဳ႕ကံသာရပ္ကြက္မဂၤလာလမ္းအမွတ္(၁၁၈)ရ ွိေဒၚနန္းခမ္းေရႊ၏ေနအိမ္(ျမင္းျဖဴႏွစ္ေကာင္တိုင္းရင္းေဆးတိုက္)တြင္ ၇လသားကေလးငယ္ႏွင့္အတူ မိသားစုဝင္၄ဦးအား ဒဏ္ရာမ်ားျဖင့္ေသဆံုးေနေၾကာင္း ဧျပီလ၂၈ရက္ေန႕နံနက္ကေတြ႕ရွိခဲ႔သည္ဟုသိရသည္။

ယေန႕မနက္၈နာရီခြဲခန္႕က ျမင္းျဖဴ၂ေကာင္ေဆးတိုက္သို႕အလုပ္ လုပ္ရန္လာေရာက္သူ မနန္းျပည့္ျပည့္သည ္ထိုအိမ္၏ေအာက္ထပ္၌ အမ်ိဳးသား၁ဦး ေသြးမ်ားျဖင့္ေသဆံုးေနေၾကာင္း ေတြ႔႐ွိရသျဖင ့္ပတ္ဝန္းက်င္ေနအိမ္သို႔ အကူအညီေတာင္းခံၿပီး သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

အခင္းျဖစ္ပြားရာသို႔႐ွမ္းျပည္နယ္ ရဲတပ္ဖြဲ႔မွဴးရံုးမွ ဒုျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး တင္ေဇာ္ ထြန္း၊ ေတာင္ႀကီး ခ႐ိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးၾကီး ခင္ေမာင္ဦး၊ ေတာင္ႀကီးၿမိဳ႕ နယ္ရဲတပ္ဖြဲ႔မႉး ရဲမႉး ေမာင္ေမာင္ႏိုင္၊ မူခင္းရဲ တပ္ဖြဲ႔(ေတာင္ႀကီး) မွ ဒုရဲမွဴး ေအာင္ေက်ာ္ျမင့္၊ ေတာင္ႀကီး ျမိဳ႕မရဲစခန္း မႉး ဒုရဲမွဴး ေအာင္ႏိုင္ဝင္း၊ ကံသာအုပ္ခ်ဳပ္ေရး မွဴး ဦးဝင္းေမာင္တို႔သည္သက္ေသမ်ားႏွင့္အတူအခင္းျဖစ္ပြားရာသို႕သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ႕သည္။

အခင္းျဖစ္ပြားရာတြင္ ေနအိမ္ေအာက္ထပ္ေမာ္ေတာ္ယာဥ္တစ္စီးအနီး၌ စိုင္းေဆမြန္း(၂၇)ႏွစ္ အာမိုဓာတ္ေျမၾသဇာကုမၸဏီ(ပင္ေလာင္း) ဝန္ထမ္းကိုလည္းေကာင္း အိမ္အေပၚထပ္၌ နန္းခမ္းလိႈင္(၂၃)ႏွစ္အားလည္းေကာင္း ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကိုေတြ႕ရွိရသည္။

အသက္၇လအရြယ္ကေလးငယ္(ေမာင္ဖဖ)ႏွင ့္အိမ္အကူမေအးမိုး(၁၇)ႏွစ္တို႔အား အိပ္ယာထဲတြင္ ္ေသဆံုးလ်က္ေတြ႕ရွိရျပီး ေသဆံုးသူမ်ား၏ မိခင္ျဖစ္သူ ေဒၚနန္းခမ္းေရႊမွာ ပင္လံုျမိဳ႕သုိ႕ေရာက္ရွိေနသည္ဟု စံုစမ္းသိရွိရသည္။

အနီးဝန္းက်င္တြင္ေမးျမန္းစံုစမ္းခ်က္အရ ထုိအိမ္တြင္ အယ္လ္ေဇးရွင္ေခြးတစ္ေကာင္ရွိျပီး ယခုအမႈအခင္းျဖစ္ပြားသည့္တြက္ သက္ဆိုင္ရာက ေရာက္ရွိခ်ိန္၌ ထိုေခြးသည္ ေလွာင္အိမ္ထဲမွာသာရွိေနသည္ကို ေတြ႕ရသည္ဟု ဆိုသည္။

ေသဆံုးသူ နန္းခမ္းလိႈင္သည္ ယမန္ေန႕ ဧျပီလ ၂၇ရက္ည က ESE ေတာင္ႀကီးမွမီးျဖတ္ေတာက္မည့္ေၾကျငာခ်က္အားရွဲထားသည္ကိုေတြ႕ရသျဖင့္၁၁နာရီအထိ FB အသံုးျပဳထားေသးေၾကာင္း သူမ ႏွင့္ ခင္မင္သူမ်ားက မွတ္ခ်က္ေပးထားသည္။

ေတာင္ႀကီးျမိဳ႕တြင္ ဧျပီလ ၂၆ရက္ညပိုင္းက မူးယစ္ေဆးဝါးသတင္း အရရွာေဖြရာမွ လက္နက္မ်ား ဓါးရွည္မ်ားႏွင့္အတူ ခိုးရာပါဟုယူဆရ ေသာဆိုင္ကယ္မ်ားျဖင ့္လူ၉ဦးအားဖမ္းဆီးရမိထားသည္။ ၎အျပင္ ၂၀၁၈ခုႏွစ္ၾသဂုတ္လအတြင္းကလည္း ေရႊဘုန္းပြင့္ဘုရာအတက္ဖက္ လမ္းေဘးတြင္ မိသားစုလိုက္အသတ္ခံရေသာ ၄ေလာင္းျပိဳင္လူသတ္မႈ တစ္ခုျဖစ္ပြားခဲ႕ေသာ္လည္း တရားခံဖမ္းဆီးရမိျခင္းရွိမရွိ သတင္းထုတ္ျပန္နိုင္ျခင္းမရွိေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီခွေးလေးကတော့ တောင်ကြီးက လေးလောင်းပြိုင်မိသားစု အသတ်ခံရချိန်မှာ လှောင်အိမ်ထဲမှာ ရှိနေခဲ့တဲ့ ခွေးလေးဖြစ်ပါတယ်. . .သူ့ရဲ့ရှေ့မှာပဲ သူ့သခင်တွေကို သတ်သွားခဲ့တာပါသူ့သခင် တစ်မိသားစုလုံးအသတ်ခံလိုက်ရတာကို မျက်စိရှေ့တင် သတ်တာမြင်ပြီး လှောင်အိမ်ထဲကနေ သူအားမလို အားမရတွေဖြစ်ခဲ့မှာပဲ ။

အပြင်ဖက်မှာ သူရှိခဲ့ရင် အကူအညီတစ်ခုခုတော့သူပေးနိုင်မှာသေချာတယ်။အဆိုးထဲကအကောင်းကတော့ သူအသက်ရှင်ကျန်ခဲ့တယ်။အခုတော့အစာလဲမစား… တမှိုင်မှိုင်နဲ့မြင်ရတာရင်ထဲမကောင်းဘူး။ သူ့သခင်တွေကိုသတ်သွားတဲ့ တရားခံတွေအားလုံးအမြန်ဆုံးမိပါစေ။

ယခင်သတင်း —-တောင်ကြီးမြို့ကံသာရပ်ကွက်မင်္ဂလာလမ်းအမှတ်(၁၁၈)ရ ှိဒေါ်နန်းခမ်းရွှေ၏နေအိမ်(မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်)တွင် ၇လသားကလေးငယ်နှင့်အတူ မိသားစုဝင်၄ဦးအား ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း ဧပြီလ၂၈ရက်နေ့နံနက်ကတွေ့ရှိခဲ့သည်ဟုသိရသည်။

ယနေ့မနက်၈နာရီခွဲခန့်က မြင်းဖြူ၂ကောင်ဆေးတိုက်သို့အလုပ် လုပ်ရန်လာရောက်သူ မနန်းပြည့်ပြည့်သည ်ထိုအိမ်၏အောက်ထပ်၌ အမျိုးသား၁ဦး သွေးများဖြင့်သေဆုံးနေကြောင်း တွေ့ရှိရသဖြင့်ပတ်ဝန်းကျင်နေအိမ်သို့ အကူအညီတောင်းခံပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော် ထွန်း၊ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦး၊ တောင်ကြီးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်၊ မူခင်းရဲ တပ်ဖွဲ့(တောင်ကြီး) မှ ဒုရဲမှူး အောင်ကျော်မြင့်၊ တောင်ကြီး မြို့မရဲစခန်း မှူး ဒုရဲမှူး အောင်နိုင်ဝင်း၊ ကံသာအုပ်ချုပ်ရေး မှူး ဦးဝင်းမောင်တို့သည်သက်သေများနှင့်အတူအခင်းဖြစ်ပွားရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အခင်းဖြစ်ပွားရာတွင် နေအိမ်အောက်ထပ်မော်တော်ယာဉ်တစ်စီးအနီး၌ စိုင်းဆေမွန်း(၂၇)နှစ် အာမိုဓာတ်မြေသြဇာကုမ္ပဏီ(ပင်လောင်း) ဝန်ထမ်းကိုလည်းကောင်း အိမ်အပေါ်ထပ်၌ နန်းခမ်းလှိုင်(၂၃)နှစ်အားလည်းကောင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။

အသက်၇လအရွယ်ကလေးငယ်(မောင်ဖဖ)နှင့်အိမ်အကူမအေးမိုး(၁၇)နှစ်တို့အား အိပ်ယာထဲတွင် ်သေဆုံးလျက်တွေ့ရှိရပြီး သေဆုံးသူများ၏ မိခင်ဖြစ်သူ ဒေါ်နန်းခမ်းရွှေမှာ ပင်လုံမြို့သို့ရောက်ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

အနီးဝန်းကျင်တွင်မေးမြန်းစုံစမ်းချက်အရ ထိုအိမ်တွင် အယ်လ်ဇေးရှင်ခွေးတစ်ကောင်ရှိပြီး ယခုအမှုအခင်းဖြစ်ပွားသည့်တွက် သက်ဆိုင်ရာက ရောက်ရှိချိန်၌ ထိုခွေးသည် လှောင်အိမ်ထဲမှာသာရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

သေဆုံးသူ နန်းခမ်းလှိုင်သည် ယမန်နေ့ ဧပြီလ ၂၇ရက်ည က ESE တောင်ကြီးမှမီးဖြတ်တောက်မည့်ကြေငြာချက်အားရှဲထားသည်ကိုတွေ့ရသဖြင့်၁၁နာရီအထိ FB အသုံးပြုထားသေးကြောင်း သူမ နှင့် ခင်မင်သူများက မှတ်ချက်ပေးထားသည်။

တောင်ကြီးမြို့တွင် ဧပြီလ ၂၆ရက်ညပိုင်းက မူးယစ်ဆေးဝါးသတင်း အရရှာဖွေရာမှ လက်နက်များ ဓါးရှည်များနှင့်အတူ ခိုးရာပါဟုယူဆရ သောဆိုင်ကယ်များဖြင့်လူ၉ဦးအားဖမ်းဆီးရမိထားသည်။ ၎င်းအပြင် ၂၀၁၈ခုနှစ်သြဂုတ်လအတွင်းကလည်း ရွှေဘုန်းပွင့်ဘုရာအတက်ဖက် လမ်းဘေးတွင် မိသားစုလိုက်အသတ်ခံရသော ၄လောင်းပြိုင်လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သော်လည်း တရားခံဖမ်းဆီးရမိခြင်းရှိမရှိ သတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top