မိန္းကေလးတိုင္းကေတာ့ လွခ်င္ပခ်င္တဲ့သူေတြခ်ည္းပါပဲ။ ဒါေပမဲ့ လွပမႈကို ထိန္းသိမ္းႏိုင္ဖို႔အတြက္က်ေတာ့ လူတိုင္းနီးပါးလိုက္မလုပ္ႏိုင္ၾကပါဘူး။ တခ်ိဳ႕ကလည္း အလုပ္မ်ားလို႔ အခ်ိန္မေပးႏိုင္ၾကတာလည္း ႐ွိသလို၊ တခ်ိဳ႕ကလည္း ပိုက္ဆံကုန္မွာစုိးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အသားအေရ ထိန္းသိမ္းဖို႔ တြန္႔ဆုတ္ေနၾကတာပါ။

တကယ္ေတာ့ အသားအေရထိန္းသိမ္းဖို႔ ပိုက္ဆံအမ်ားႀကီး အကုန္ခံစရာမလိုပါဘူး။ အခုေဖာ္ျပေပးမယ့္ အမူအက်င့္ေလးေတြကိုပဲ မွန္မွန္ျပဳလုပ္ေပးဖို႔ လိုအပ္တာပါ။

ေစာေစာအိပ္ရာဝင္ၿပီး ေစာေစာအိပ္ရာထပါ။

ဒီအမူအက်င့္က ပ်ိဳေမေလးတို႔ကို က်န္းမာေစ႐ံုသာမကဘဲ အသားအေရလွပဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ အိပ္ရာဝင္တာေနာက္က်ေလေလ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ၊ ဝက္ၿခံ၊ တင္းတိပ္နဲ႔ မွည့္ေျခာက္ေတြ ပိုမ်ားေလေလပါပဲ။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ အရြယ္မတိုင္ခင္ အေရးအေၾကာင္းျဖစ္ေပၚမႈလည္း ျမန္ဆန္ႏိုင္ပါတယ္။

အသားအေရတြင္းက ဆဲလ္ေတြက ကိုယ္အိပ္ေပ်ာ္ေနတဲ့အခ်ိန္က်မွ အားျပန္ျဖည့္ရတာပါ။ ဒါ့ေၾကာင့္ ဆဲလ္ေလးေတြ အားမ်ားမ်ားျပည့္ၿပီး က်န္းမာေစဖို႔ ေစာေစာအိပ္ရာဝင္ၿပီး ေစာေစာအိပ္ရာထေပးလိုက္ပါ။

ေဆးဖက္ဝင္ လက္ဖက္ရည္ေတြ ေသာက္သံုးပါ။

တစ္ေန႔တာလံုး ေရဓာတ္ျပည့္ဝေနဖို႔က အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ေရမ်ားမ်ားေသာက္သံုးဖို႔လည္း လိုအပ္သလို ေဆးဖက္ဝင္ လက္ဖက္ရည္ေလးေတြ ေသာက္သံုးေပးပါ။ Chamomile လို႔ေခၚတဲ့ ေဆးဖက္ဝင္အပင္၊ ဂ်င္း၊ ဒါမွမဟုတ္ သံပု႐ိုရည္ စတဲ့ ေဖ်ာ္ရည္ေတြကို ေန႔ခင္းေန႔လည္ဘက္မွာ တစ္ခြက္ေလာက္ ေသာက္သံုးေပးျခင္းက အူလမ္းေၾကာင္းနံရံမွာ ကပ္ၿငိေနတဲ့ အညစ္အေၾကးေတြကို ဖယ္႐ွားေပးၿပီး အသားအေရကို ၾကည္လင္ဝင္းပေစမွာပါ။

ေလ့က်င့္ခန္းမွန္မွန္လုပ္ေပးပါ။

အြန္လိုင္းေပၚက ေလ့က်င့္ခန္း ဗြီဒီယိုေလးေတြ ၾကည့္မယ္၊ ထိုနည္းစနစ္ေတြအတိုင္း ကိုယ့္အိမ္မွာ မွန္မွန္ျပဳလုပ္ေပးမယ္ဆိုရင္ ႏွလံုးနဲ႔ အဆုတ္က်န္းမာေရးအတြက္သာမက အသားအေရ ၾကည္လင္ဝင္းမြတ္ေနေအာင္ ကူညီေပးမွာပါ။ ေလ့က်င့္ခန္းျပဳလုပ္ျခင္းက ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစၿပီး အေရျပားဆဲလ္မ်ားကို အားျပည့္ေစကာ ခႏၶာကိုယ္ထဲ႐ွိအဆိပ္အေတာက္ေတြကို တမဟုတ္ခ်င္း ဖယ္႐ွားေပးမွာပါ။

သင့္ အသားအေရကို ပူျပင္းတဲ့ေနေရာင္ျခည္ဒဏ္မွ ကာကြယ္ေပးပါ။

အခုေနာက္ပိုင္း ရာသီဥတုက တျဖည္းျဖည္းပူအိုက္လာေတာ့ အသားအေရကို အရင္ကထက္ ပိုဂ႐ုစိုက္ေပးသင့္ပါတယ္။ ေနေလာင္ဒဏ္မခံရေစဖို႔ အျပင္ထြက္တိုင္း ေနေလာင္ကာခရင္မ္လိမ္းျခင္း၊ အက်ႌလက္႐ွည္အပါး ဝတ္ျခင္း၊ ထီး၊ ဦးထုပ္တို႔ ေဆာင္းျခင္းစတဲ့ အေလ့အက်င့္ေကာင္းေတြကို မျဖစ္မေနျပဳလုပ္ေပးရမယ္ေနာ္။

ပ်ိဳေမေလးတို႔ေရ… ဒီအေလ့အထေလးေတြက လိုက္လံျပဳလုပ္ဖို႔အတြက္ အရမ္းႀကီးခက္ခဲတာမ်ိဳးမဟုတ္လို႔ ပ်ိဳေမေလးတို႔လည္း အလြယ္ေလးလိုက္လုပ္လို႔ရမယ္လို႔ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

မိန်းကလေးတိုင်းကတော့ လှချင်ပချင်တဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ လှပမှုကို ထိန်းသိမ်းနိုင်ဖို့အတွက်ကျတော့ လူတိုင်းနီးပါးလိုက်မလုပ်နိုင်ကြပါဘူး။ တချို့ကလည်း အလုပ်များလို့ အချိန်မပေးနိုင်ကြတာလည်း ရှိသလို၊ တချို့ကလည်း ပိုက်ဆံကုန်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသားအရေ ထိန်းသိမ်းဖို့ တွန့်ဆုတ်နေကြတာပါ။

တကယ်တော့ အသားအရေထိန်းသိမ်းဖို့ ပိုက်ဆံအများကြီး အကုန်ခံစရာမလိုပါဘူး။ အခုဖော်ပြပေးမယ့် အမူအကျင့်လေးတွေကိုပဲ မှန်မှန်ပြုလုပ်ပေးဖို့ လိုအပ်တာပါ။

စောစောအိပ်ရာဝင်ပြီး စောစောအိပ်ရာထပါ။

ဒီအမူအကျင့်က ပျိုမေလေးတို့ကို ကျန်းမာစေရုံသာမကဘဲ အသားအရေလှပဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အိပ်ရာဝင်တာနောက်ကျလေလေ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံ၊ တင်းတိပ်နဲ့ မှည့်ခြောက်တွေ ပိုများလေလေပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ပေါ်မှုလည်း မြန်ဆန်နိုင်ပါတယ်။

အသားအရေတွင်းက ဆဲလ်တွေက ကိုယ်အိပ်ပျော်နေတဲ့အချိန်ကျမှ အားပြန်ဖြည့်ရတာပါ။ ဒါ့ကြောင့် ဆဲလ်လေးတွေ အားများများပြည့်ပြီး ကျန်းမာစေဖို့ စောစောအိပ်ရာဝင်ပြီး စောစောအိပ်ရာထပေးလိုက်ပါ။

ဆေးဖက်ဝင် လက်ဖက်ရည်တွေ သောက်သုံးပါ။

တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် ရေများများသောက်သုံးဖို့လည်း လိုအပ်သလို ဆေးဖက်ဝင် လက်ဖက်ရည်လေးတွေ သောက်သုံးပေးပါ။ Chamomile လို့ခေါ်တဲ့ ဆေးဖက်ဝင်အပင်၊ ဂျင်း၊ ဒါမှမဟုတ် သံပုရိုရည် စတဲ့ ဖျော်ရည်တွေကို နေ့ခင်းနေ့လည်ဘက်မှာ တစ်ခွက်လောက် သောက်သုံးပေးခြင်းက အူလမ်းကြောင်းနံရံမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်ဝင်းပစေမှာပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။

အွန်လိုင်းပေါ်က လေ့ကျင့်ခန်း ဗွီဒီယိုလေးတွေ ကြည့်မယ်၊ ထိုနည်းစနစ်တွေအတိုင်း ကိုယ့်အိမ်မှာ မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက်သာမက အသားအရေ ကြည်လင်ဝင်းမွတ်နေအောင် ကူညီပေးမှာပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အရေပြားဆဲလ်များကို အားပြည့်စေကာ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်တွေကို တမဟုတ်ချင်း ဖယ်ရှားပေးမှာပါ။

သင့် အသားအရေကို ပူပြင်းတဲ့နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါ။

အခုနောက်ပိုင်း ရာသီဥတုက တဖြည်းဖြည်းပူအိုက်လာတော့ အသားအရေကို အရင်ကထက် ပိုဂရုစိုက်ပေးသင့်ပါတယ်။ နေလောင်ဒဏ်မခံရစေဖို့ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ်လိမ်းခြင်း၊ အင်္ကျီလက်ရှည်အပါး ဝတ်ခြင်း၊ ထီး၊ ဦးထုပ်တို့ ဆောင်းခြင်းစတဲ့ အလေ့အကျင့်ကောင်းတွေကို မဖြစ်မနေပြုလုပ်ပေးရမယ်နော်။

ပျိုမေလေးတို့ရေ… ဒီအလေ့အထလေးတွေက လိုက်လံပြုလုပ်ဖို့အတွက် အရမ်းကြီးခက်ခဲတာမျိုးမဟုတ်လို့ ပျိုမေလေးတို့လည်း အလွယ်လေးလိုက်လုပ်လို့ရမယ်လို့ ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top