




သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္ရဲ႕ သားျဖစ္သူဘုန္းမင္းေနလကေတာ့ ယခုႏွစ္ရဲ႕အကယ္ဒမီေပးပြဲမွာ ေရႊႀကိဳတစ္ေယာက္အျဖစ္ပါဝင္ခဲ့ၿပီး ႏႈတ္ခမ္းနီမေလးေတြရဲ႕အသဲကို ဖမ္းစားႏိုင္ခဲ့သူျဖစ္ပါတယ္။ ဘုန္းမင္းေနလကေတာ့ မိခင္ျဖစ္သူရဲ႕ အႏုပညာအေမြကိုဆက္ခံကာ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္အႏုပညာလမ္းေၾကာင္းထဲ ဝင္ေရာက္ေနၿပီပဲျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္ကလည္း သားျဖစ္သူတစ္ေယာက္ ေအာင္ျမင္တဲ့အႏုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္ အေကာင္းဆံုးေျမေထာင္ေျမႇာက္ေပးေနတာပဲျဖစ္ပါတယ္။
လတ္တေလာမွာေတာ့ သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္တို႔ သားအမိႏွစ္ေယာက္ဟာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ေဝဖန္ေျပာဆိုျခင္းကို ခံေနရတာျဖစ္ပါတယ္။ ဘုန္းမင္းေနလရဲ႕ ပို႔စ္တစ္ခုမွာ ပရိသတ္တစ္ေယာက္မွ ေကာမန္႔ေပးေရးသားခဲ့ၿပီး ထိုေကာမန္႔ကို ခင္ဇာျခည္ေက်ာ္တို႔သားအမိမွ ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ရာမွ ယခုလိုေဝဖန္ခံေနရျခင္းျဖစ္ပါတယ္။
လူငယ္သဘာဝ အခ်စ္ေရးနဲ႔မကင္းတဲ့သားျဖစ္သူရဲ႕အေၾကာင္းကို ပရိတ္သတ္တစ္ေယာက္မွ ေကာမန္႔ေပးေရးသားထားမႈကို မိခင္တစ္ေယာက္ပီပီ သားျဖစ္သူရဲ႕ေ႐ွ႕မွမားမားမတ္မတ္ရပ္တည္ကာ ျပန္လည္တံု႔ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေကာမန္႔ေပးသူကိုသြားေရာက္ေျပာဆိုထားတဲ့ Chat list ပါထြက္ေပၚလာတာေၾကာင့္ အမ်ားရဲ႕ေဝဖန္မႈေတြကို ခံေနရတာျဖစ္ပါတယ္။ ပရိသတ္တစ္ခ်ိဳ႕မွ ခင္ဇာျခည္ေက်ာ္တို႔သားအမိကို အႏုပညာေလာကသားမွန္ရင္ ေဝဖန္မႈေတြကို ခံႏိုင္ရည္႐ွိရမည္ျဖစ္ေၾကာင္း ဝိုင္းဝန္းေျပာဆိုထားၾကတာေတြ႔ရသလို တစ္ခ်ိဳ႕သူေတြကလည္း သူတို႔သားအမိဘက္မွရပ္တည္ကာ အႏုပညာနဲ႔မဆိုင္တဲ့ေဝဖန္မႈေတြကို မလုပ္သင့္ေၾကာင္း အျပန္အလွန္တံု႔ျပန္ေျပာဆိုခဲ့ၾကတာကို ေတြ႔ရပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:popolay
#Unicode Version#
သရုပ်ဆောင် ခင်ဇာခြည်ကျော်ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ယခုထိတိုင်ပရိသတ်ရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်တည်းရပ်တည်ကာ သားသမီးနှစ်ယောက်ကို ပြုစုထိန်းသိမ်းနေတဲ့ စံပြမိခင်တစ်ယောက်အဖြစ်လဲ ပရိသတ်တွေရဲ့ လေးစားမှုကိုခံထားရသူပါ။ အပျိုဖြန်းလေးများကအလုအယက်နဲ့ ယောက္ခမတော်ချင်နေကြသည်အထိ သားချောတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။
သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူဘုန်းမင်းနေလကတော့ ယခုနှစ်ရဲ့အကယ်ဒမီပေးပွဲမှာ ရွှေကြိုတစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသဲကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ မိခင်ဖြစ်သူရဲ့ အနုပညာအမွေကိုဆက်ခံကာ သရုပ်ဆောင်တစ်ဦးအဖြစ်အနုပညာလမ်းကြောင်းထဲ ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင်ခင်ဇာခြည်ကျော်ကလည်း သားဖြစ်သူတစ်ယောက် အောင်မြင်တဲ့အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ဖို့အတွက် အကောင်းဆုံးမြေထောင်မြှောက်ပေးနေတာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ သရုပ်ဆောင်ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်ဟာ ပရိသတ်တော်တော်များများရဲ့ ဝေဖန်ပြောဆိုခြင်းကို ခံနေရတာဖြစ်ပါတယ်။ ဘုန်းမင်းနေလရဲ့ ပို့စ်တစ်ခုမှာ ပရိသတ်တစ်ယောက်မှ ကောမန့်ပေးရေးသားခဲ့ပြီး ထိုကောမန့်ကို ခင်ဇာခြည်ကျော်တို့သားအမိမှ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ရာမှ ယခုလိုဝေဖန်ခံနေရခြင်းဖြစ်ပါတယ်။
လူငယ်သဘာဝ အချစ်ရေးနဲ့မကင်းတဲ့သားဖြစ်သူရဲ့အကြောင်းကို ပရိတ်သတ်တစ်ယောက်မှ ကောမန့်ပေးရေးသားထားမှုကို မိခင်တစ်ယောက်ပီပီ သားဖြစ်သူရဲ့ရှေ့မှမားမားမတ်မတ်ရပ်တည်ကာ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကောမန့်ပေးသူကိုသွားရောက်ပြောဆိုထားတဲ့ Chat list ပါထွက်ပေါ်လာတာကြောင့် အများရဲ့ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ ပရိသတ်တစ်ချို့မှ ခင်ဇာခြည်ကျော်တို့သားအမိကို အနုပညာလောကသားမှန်ရင် ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိရမည်ဖြစ်ကြောင်း ဝိုင်းဝန်းပြောဆိုထားကြတာတွေ့ရသလို တစ်ချို့သူတွေကလည်း သူတို့သားအမိဘက်မှရပ်တည်ကာ အနုပညာနဲ့မဆိုင်တဲ့ဝေဖန်မှုတွေကို မလုပ်သင့်ကြောင်း အပြန်အလှန်တုံ့ပြန်ပြောဆိုခဲ့ကြတာကို တွေ့ရပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:popolay