တ႐ုတ္ႏုိင္ငံသုိ႔ ဖရဲသီးတင္ပုိ႔ရန္ ကုန္တင္ကားအခက္အခဲႀကံဳေန၍ ျပည္နယ္အစုိးရထံ အကူအညီေတာင္းခံေသာ္လည္း အဆင္မေျပသျဖင့္ ကခ်င္ျပည္နယ္ရိွ ဖရဲစုိက္ေတာင္သူအခ်ိဳ႕ ၎တို႔၏ဖရဲခင္းမ်ားကို ဖ်က္ဆီး၍ ဆႏၵထုတ္ေဖာ္ခဲ့သည္။

ကခ်င္ျပည္နယ္ ဗန္းေမာ္ခ႐ိုင္အတြင္းရွိ ဖရဲခင္းအမ်ားအျပားသည္ ယခုအခါ အသီးရင့္မွည့္ခ်ိန္ေရာက္ေနၿပီး တ႐ုတ္ႏုိင္ငံသုိ႔ တင္ပုိ႔ရေတာ့မည္ ျဖစ္ေသာ္လည္း ကုန္တင္ကား ရွားပါးသည့္ျပႆနာ ႀကံဳေတြ႕ေနသည္။

ထုိ႔ေၾကာင့္ ေတာင္သူမ်ား က ျပည္နယ္အစုိးရထံ အကူအညီ ေတာင္းခံေသာ္လည္း ေလးရက္ ၾကာသည္အထိ အေၾကာင္းမထူး ၍ အက်ပ္႐ုိက္ေနခ်ိန္တြင္ ဗန္း ေမာ္ခ႐ိုင္ မုိးေမာက္ၿမိဳ႕နယ္ ႀကံ ခင္းရြာမွ ေတာင္သူဦးေဇာ္ထြန္း က ဧၿပီ ၇ ရက္၌ ၎၏ ဖရဲစုိက္ ခင္း သုံးဧကခန္႔ကုိ ဓားျဖင့္ခုတ္၍ ဖ်က္ဆီးခဲ့သည္။

‘‘ကြၽန္ေတာ့္ၿခံ ကြၽန္ေတာ္ ခုတ္တာ။ သုံးဧကေလာက္ ကုန္ သြားတယ္။ မထူးေတာ့ဘူးေလ’’ ဟု ဦးေဇာ္ထြန္းကေျပာသည္။ ထုိသုိ႔ ဆႏၵျပေၾကာင္း ဦးေဇာ္ထြန္းက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ တင္ၿပီးခ်ိန္၌ အျခားေဒသခံ ဖရဲစုိက္ေတာင္သူအခ်ိဳ႕ကလည္း အလားတူ ဖ်က္ဆီးဆႏၵျပခဲ့ၿပီး ဓာတ္ပုံႏွင့္ ဗီဒီယိုမ်ား မွတ္တမ္းတင္ကာ မွတ္ခ်က္မ်ား ၀င္ေရးခဲ့ သည္။

ဗန္းေမာ္ခ႐ိုင္မွ ဖရဲစိုက္ခင္း မ်ားသည္ ယခုအခါ စုိက္ခင္းအ မ်ားစု တစ္ၿပိဳင္နက္ ရင့္မွည့္ေန ခ်ိန္တြင္ ေဒသတြင္းရွိ ကားလုပ္ ငန္းရွင္မ်ား၏ ကုန္တင္ကားမ်ား သည္ ကခ်င္ျပည္နယ္အတြင္း တ႐ုတ္က လာစုိက္သည့္ တစ္ သွ်ဴးငွက္ေပ်ာ စုိက္ခင္းမ်ားႏွင့္ ခ်ဳပ္ဆုိထားေသာ စာခ်ဳပ္အရ သယ္ယူပုိ႔ေဆာင္ ေပးေနသျဖင့္ ဖရဲသီးတင္ရန္ ကုန္တင္ကားရွား ပါးေနရျခင္းျဖစ္ေၾကာင္း ေတာင္ သူအခ်ိဳ႕က ေျပာသည္။

‘‘ဗန္းေမာ္ၿမိဳ႕မွာရွိတဲ့ ကား အစီးေရ ေလး၊ ငါးရာက ေရႊငွက္ ေပ်ာ (တစ္သွ်ဴးငွက္ေပ်ာ)မွာပဲ စာခ်ဳပ္ခ်ဳပ္ထားတဲ့အတြက္ အျပင္ကုိ ထြက္မရဘူး။ စိုက္တဲ့ ေတာင္သူနဲ႔ ကားနဲ႔မမွ်တဲ့အခါ ကားခ ေတြက ေစ်းႏႈန္းေတြ မတရားတက္သြားတယ္’’ဟု မုိးေမာက္ၿမိဳ႕နယ္ မင္းၾကမ္းရြာမွ ေတာင္သူ ဦးေအာင္ဆန္းလင္းက ေျပာ သည္။

ဖရဲ၀ယ္လက္ တ႐ုတ္က ဖရဲသီးတင္လာသည့္ ၁၂ ဘီးကား တစ္စီးကုိ က်ပ္သိန္း ၂၀ စြန္းစြန္း သာ ေစ်းေပးခ်ိန္တြင္ ကားခက်ပ္ သိန္း ၂၀ ေက်ာ္အထိ ေစ်းေပါက္ ေန၍ အ႐ႈံးေပၚေနေၾကာင္း ေတာင္သူမ်ားကေျပာသည္။

၁၂ ဘီးကားတစ္စီးလွ်င္ ဖရဲ သီးသယ္ယူပုိ႔ေဆာင္ခအျဖစ္ ယ မန္ႏွစ္က က်ပ္ေျခာက္သိန္းမွ အျမင့္ဆုံး က်ပ္ ၁၁ သိန္းအထိသာ ေစ်းရွိသည္ဟု ဖရဲစိုက္ေတာင္သူမ်ားႏွင့္ ကုန္တင္ကားပိုင္ရွင္အခ်ိဳ႕ ကေျပာသည္။

‘‘ကြၽန္ေတာ္ ၁၁ ဧက စုိက္ ထားတယ္။ မွည့္ေနၿပီ။ ဒါေပမဲ့ ကားမရွိလုိ႔ မခူးႏုိင္ေသးဘူး’’ဟု ဦးေအာင္ဆန္းလင္းက ေျပာ သည္။

ကခ်င္ျပည္နယ္ စိုက္ပ်ိဳးေရး ၀န္ႀကီး ဦးေက်ာ္ေက်ာ္၀င္းက ၿမိဳ႕ နယ္အခ်ိဳ႕ရွိ ဖရဲစိုက္ေတာင္သူ မ်ား ကုန္တင္ကားရရွိႏုိင္ေရး အ ခက္အခဲႀကံဳေနသည္ကုိ သတင္း ၾကားရၿပီး ေျဖရွင္းႏုိင္ေရး အျခား ဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ မည္ဟု ဧၿပီ ၇ ရက္တြင္ ေျပာသည္။

ဗန္းေမာ္- လြယ္ဂ်ယ္လမ္း ပ်က္စီးေနျခင္း၊ တန္ခ်ိန္ကန္႔ သတ္ခ်က္ မ်ားျခင္းတို႔ေၾကာင့္ လမ္းပုိေကာင္းသည့္ တ႐ုတ္တစ္ သွ်ဴးငွက္ေပ်ာ စုိက္ခင္းမ်ားသုိ႔သြားေရာက္ သယ္ေဆာင္ရာမွ ငွက္ေပ်ာကုမၸဏီမ်ား၏ စာခ်ဳပ္ တြင္ ပိတ္မိေနျခင္းျဖစ္သည္ဟု ကုန္တင္ကား လုပ္ငန္းရွင္အခ်ိဳ႕ က ေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔က ကိုယ့္ ေတာင္သူေတြကုိလည္း သနား တယ္၊ လႈပ္လု႔ိကလည္း မရဘူး ျဖစ္ေနတယ္’’ဟု ကုန္ကားပိုင္ရွင္ ဦးသန္းေဇာ္က ေျပာသည္။

စာခ်ဳပ္သက္တမ္းအတြင္း တစ္သွ်ဴးငွက္ေပ်ာသာ တင္ရန္ ႏွင့္ အျခားသီးႏွံတင္ေဆာင္ပါက ကားချဖတ္သည့္စနစ္ကုိ သုံး၍ တ႐ုတ္ႏွင့္ ခ်ိတ္ဆက္ထားသည့္ တစ္သွ်ဴးငွက္ေပ်ာကုမၸဏီမ်ားက စာခ်ဳပ္ခ်ဳပ္ဆုိထားသျဖင့္ ဖရဲစုိက္ ေတာင္သူမ်ားကုိ ကူညီရန္အခြင့္ မသာဟု ကုန္ကားပုိင္ရွင္အခ်ိဳ႕ကဆုိသည္။

အဆုိပါျပႆနာကုိ ကူညီ ေျဖရွင္းေပးရန္ ကခ်င္ျပည္နယ္ စားသုံးသူေရးရာဦးစီးဌာန ႐ုံးခန္း တြင္ ျပည္နယ္အစုိးရတာ၀န္ရွိသူ အခ်ိဳ႕ႏွင့္ ဧၿပီ ၃ ရက္တြင္ သြား ေရာက္တင္ျပခဲ့ေသာ္လည္း ဧၿပီ ၇ ရက္အထိ အေၾကာင္းျပန္မႈမရွိ ဟု ေတာင္သူအခ်ိဳ႕ကဆုိသည္။

‘‘ကားက အေရးတႀကီးလုိ ေနတာ။ ေလာေလာဆယ္ေတာ့ ေတာင္သူေတြ လမ္းေပၚမထြက္ ေသးဘူး။ ထြက္တဲ့အဆင့္ေရာက္ လာႏုိင္တယ္’’ဟု ဦးေဇာ္ထြန္းက ေျပာသည္။

ယခုႏွစ္ ဖရဲစုိက္ပ်ိဳးရာသီ တြင္ ဗန္းေမာ္ခ႐ုိင္အတြင္း ဧက ႏွစ္ေထာင္ခန္႔ စိုက္ပ်ိဳးၿပီး ကုန္ တင္ကားျပႆနာ အခ်ိန္မီမေျဖ ရွင္းႏုိင္ပါက ေတာင္သူမ်ား အထိ နာႏုိင္ေၾကာင္း မုိးေမာက္ၿမိဳ႕အ ေျခစိုက္ စုိက္ပ်ိဳးေရးကုမၸဏီမွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကား သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: 7 days
#Unicode Version#

တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့ရန် ကုန်တင်ကားအခက်အခဲကြုံနေ၍ ပြည်နယ်အစိုးရထံ အကူအညီတောင်းခံသော်လည်း အဆင်မပြေသဖြင့် ကချင်ပြည်နယ်ရှိ ဖရဲစိုက်တောင်သူအချို့ ၎င်းတို့၏ဖရဲခင်းများကို ဖျက်ဆီး၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ဖရဲခင်းအများအပြားသည် ယခုအခါ အသီးရင့်မှည့်ချိန်ရောက်နေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရတော့မည် ဖြစ်သော်လည်း ကုန်တင်ကား ရှားပါးသည့်ပြဿနာ ကြုံတွေ့နေသည်။

ထို့ကြောင့် တောင်သူများ က ပြည်နယ်အစိုးရထံ အကူအညီ တောင်းခံသော်လည်း လေးရက် ကြာသည်အထိ အကြောင်းမထူး ၍ အကျပ်ရိုက်နေချိန်တွင် ဗန်း မော်ခရိုင် မိုးမောက်မြို့နယ် ကြံ ခင်းရွာမှ တောင်သူဦးဇော်ထွန်း က ဧပြီ ၇ ရက်၌ ၎င်း၏ ဖရဲစိုက် ခင်း သုံးဧကခန့်ကို ဓားဖြင့်ခုတ်၍ ဖျက်ဆီးခဲ့သည်။

‘‘ကျွန်တော့်ခြံ ကျွန်တော် ခုတ်တာ။ သုံးဧကလောက် ကုန် သွားတယ်။ မထူးတော့ဘူးလေ’’ ဟု ဦးဇော်ထွန်းကပြောသည်။ ထိုသို့ ဆန္ဒပြကြောင်း ဦးဇော်ထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြီးချိန်၌ အခြားဒေသခံ ဖရဲစိုက်တောင်သူအချို့ကလည်း အလားတူ ဖျက်ဆီးဆန္ဒပြခဲ့ပြီး ဓာတ်ပုံနှင့် ဗီဒီယိုများ မှတ်တမ်းတင်ကာ မှတ်ချက်များ ဝင်ရေးခဲ့ သည်။

ဗန်းမော်ခရိုင်မှ ဖရဲစိုက်ခင်း များသည် ယခုအခါ စိုက်ခင်းအ များစု တစ်ပြိုင်နက် ရင့်မှည့်နေ ချိန်တွင် ဒေသတွင်းရှိ ကားလုပ် ငန်းရှင်များ၏ ကုန်တင်ကားများ သည် ကချင်ပြည်နယ်အတွင်း တရုတ်က လာစိုက်သည့် တစ် သျှူးငှက်ပျော စိုက်ခင်းများနှင့် ချုပ်ဆိုထားသော စာချုပ်အရ သယ်ယူပို့ဆောင် ပေးနေသဖြင့် ဖရဲသီးတင်ရန် ကုန်တင်ကားရှား ပါးနေရခြင်းဖြစ်ကြောင်း တောင် သူအချို့က ပြောသည်။

‘‘ဗန်းမော်မြို့မှာရှိတဲ့ ကား အစီးရေ လေး၊ ငါးရာက ရွှေငှက် ပျော (တစ်သျှူးငှက်ပျော)မှာပဲ စာချုပ်ချုပ်ထားတဲ့အတွက် အပြင်ကို ထွက်မရဘူး။ စိုက်တဲ့ တောင်သူနဲ့ ကားနဲ့မမျှတဲ့အခါ ကားခ တွေက ဈေးနှုန်းတွေ မတရားတက်သွားတယ်’’ဟု မိုးမောက်မြို့နယ် မင်းကြမ်းရွာမှ တောင်သူ ဦးအောင်ဆန်းလင်းက ပြော သည်။

ဖရဲဝယ်လက် တရုတ်က ဖရဲသီးတင်လာသည့် ၁၂ ဘီးကား တစ်စီးကို ကျပ်သိန်း ၂၀ စွန်းစွန်း သာ ဈေးပေးချိန်တွင် ကားခကျပ် သိန်း ၂၀ ကျော်အထိ ဈေးပေါက် နေ၍ အရှုံးပေါ်နေကြောင်း တောင်သူများကပြောသည်။

၁၂ ဘီးကားတစ်စီးလျှင် ဖရဲ သီးသယ်ယူပို့ဆောင်ခအဖြစ် ယ မန်နှစ်က ကျပ်ခြောက်သိန်းမှ အမြင့်ဆုံး ကျပ် ၁၁ သိန်းအထိသာ ဈေးရှိသည်ဟု ဖရဲစိုက်တောင်သူများနှင့် ကုန်တင်ကားပိုင်ရှင်အချို့ ကပြောသည်။

‘‘ကျွန်တော် ၁၁ ဧက စိုက် ထားတယ်။ မှည့်နေပြီ။ ဒါပေမဲ့ ကားမရှိလို့ မခူးနိုင်သေးဘူး’’ဟု ဦးအောင်ဆန်းလင်းက ပြော သည်။

ကချင်ပြည်နယ် စိုက်ပျိုးရေး ဝန်ကြီး ဦးကျော်ကျော်ဝင်းက မြို့ နယ်အချို့ရှိ ဖရဲစိုက်တောင်သူ များ ကုန်တင်ကားရရှိနိုင်ရေး အ ခက်အခဲကြုံနေသည်ကို သတင်း ကြားရပြီး ဖြေရှင်းနိုင်ရေး အခြား ဌာနများနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ဧပြီ ၇ ရက်တွင် ပြောသည်။

ဗန်းမော်- လွယ်ဂျယ်လမ်း ပျက်စီးနေခြင်း၊ တန်ချိန်ကန့် သတ်ချက် များခြင်းတို့ကြောင့် လမ်းပိုကောင်းသည့် တရုတ်တစ် သျှူးငှက်ပျော စိုက်ခင်းများသို့သွားရောက် သယ်ဆောင်ရာမှ ငှက်ပျောကုမ္ပဏီများ၏ စာချုပ် တွင် ပိတ်မိနေခြင်းဖြစ်သည်ဟု ကုန်တင်ကား လုပ်ငန်းရှင်အချို့ က ပြောသည်။

‘‘ကျွန်တော်တို့က ကိုယ့် တောင်သူတွေကိုလည်း သနား တယ်၊ လှုပ်လု့ိကလည်း မရဘူး ဖြစ်နေတယ်’’ဟု ကုန်ကားပိုင်ရှင် ဦးသန်းဇော်က ပြောသည်။

စာချုပ်သက်တမ်းအတွင်း တစ်သျှူးငှက်ပျောသာ တင်ရန် နှင့် အခြားသီးနှံတင်ဆောင်ပါက ကားခဖြတ်သည့်စနစ်ကို သုံး၍ တရုတ်နှင့် ချိတ်ဆက်ထားသည့် တစ်သျှူးငှက်ပျောကုမ္ပဏီများက စာချုပ်ချုပ်ဆိုထားသဖြင့် ဖရဲစိုက် တောင်သူများကို ကူညီရန်အခွင့် မသာဟု ကုန်ကားပိုင်ရှင်အချို့ကဆိုသည်။

အဆိုပါပြဿနာကို ကူညီ ဖြေရှင်းပေးရန် ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ရုံးခန်း တွင် ပြည်နယ်အစိုးရတာဝန်ရှိသူ အချို့နှင့် ဧပြီ ၃ ရက်တွင် သွား ရောက်တင်ပြခဲ့သော်လည်း ဧပြီ ၇ ရက်အထိ အကြောင်းပြန်မှုမရှိ ဟု တောင်သူအချို့ကဆိုသည်။

‘‘ကားက အရေးတကြီးလို နေတာ။ လောလောဆယ်တော့ တောင်သူတွေ လမ်းပေါ်မထွက် သေးဘူး။ ထွက်တဲ့အဆင့်ရောက် လာနိုင်တယ်’’ဟု ဦးဇော်ထွန်းက ပြောသည်။

ယခုနှစ် ဖရဲစိုက်ပျိုးရာသီ တွင် ဗန်းမော်ခရိုင်အတွင်း ဧက နှစ်ထောင်ခန့် စိုက်ပျိုးပြီး ကုန် တင်ကားပြဿနာ အချိန်မီမဖြေ ရှင်းနိုင်ပါက တောင်သူများ အထိ နာနိုင်ကြောင်း မိုးမောက်မြို့အ ခြေစိုက် စိုက်ပျိုးရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။


ဖိုးသူတော်(www.phothutaw.com)
Credit: 7 days
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top