အေျခခံပညာ အတန္းေတြရဲ႕ ေက်ာင္းတက္ကာလ မတ္လကုန္အထိသတ္မွတ္၊ စာေမးပြဲမ်ားလည္း အခ်ိန္ေျပာင္းမည္

ဧၿပီ-၂၂၊ ၂၀၁၉

၂၀၁၉- ၂၀၂၀ပညာသင္ႏွစ္အတြက္ အေျခခံပညာအတန္းေတြရဲ႕ ပညာသင္ကာလက လာမယ့္ဇြန္လ၁ရက္ကေန ၂၀၂၀ခုႏွစ္ မတ္လ(၃၁)ရက္အထိ စတင္ေတာ့မွာပါ။

ၿပီးခဲ့တဲ့စာသင္ႏွစ္ေတြအထိ ေလးတန္း၊ရွစ္တန္းနဲ႕ဆယ္တန္းစာေမးပြဲေတြရွိတာေၾကာင့္က်န္အတန္းေတြကို ေဖေဖာ္၀ါရီလမွာ ေက်ာင္းပိတ္ခဲ့တာပါ။

အခုဒီစာသင္ႏွစ္မွာေတာ့ Grade 5,Grade 9နဲ႕ Grade 11ကလြဲၿပီး က်န္အတန္းေတြအားလုံး မတ္လ၃၁ရက္အထိ ေက်ာင္းတက္ရမွာျဖစ္တယ္လို႕ ပညာေရး၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာပါတယ္ ။

ဧၿပီလ၂၁ရက္မေန႕က အထက၄ အလုံမွာ က်င္းပခဲ့တဲ့ Grade 6 တိုင္းေဒသႀကီးနဲ႕ ျပည္နယ္အဆင့္သင္တန္းဖြင့္ပြဲမွာ ေျပာၾကားခဲ့တာပါ။

မတ္လ၃၁ရက္အထိ ေက်ာင္းတက္္ဖို႕ ေဆာင္ရြက္တာဟာ စာသင္ခ်ိန္ေျပာင္းလဲတာမဟုတ္ဘဲ မူလသတ္မွတ္ထားတဲ့ ကာလအတိုင္း အျပည့္အ၀ေက်ာင္းတက္ဖို႕ စီစဥ္တာျဖစ္တယ္လို႕ အေျခခံပညာဦးစီးဌာနရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလး၀င္းက ေျပာပါတယ္။

အေျခခံပညာအတန္းေတြရဲ႕ ပညာသင္ကာလေျပာင္းမွာျဖစ္တာေၾကာင့္ ပုံမွန္စစ္ေဆးတဲ့စာေမးပြဲအခ်ိန္ေတြလဲ ေျပာင္းဖို႕စီစဥ္ေနတယ္လို႕သိရပါတယ္။

ပထမအၾကိမ္အခန္းဆုံးစစ္ေဆးတာကို ဇူလိုင္(သို႕မဟုတ္)ၾသဂုတ္မွာ တစ္ၾကိမ္၊ေအာက္တုိဘာလမွာ ပထမႏွစ္ဝက္ စစ္ေဆးတာ တစ္ၾကိမ္၊ဒီဇင္ဘာမွာ အခန္းဆုံးစစ္ေဆးတာ တစ္ၾကိမ္နဲ႕ ႏွစ္ဆုံးစစ္ေဆးတာကို မတ္လ ေနာက္ဆုံးပတ္မွာ က်င္းပသြားမွာျဖစ္တယ္လို႕ သိရပါတယ္။

ၿပီးခဲ့တဲ့စာသင္ႏွစ္က ဇူလိုင္နဲ႕ ဒီဇင္ဘာမွာ အခန္းဆံုး စစ္ေဆးတာ(၂)ၾကိမ္၊ ေအာက္တုိဘာလမွာ ပထမႏွစ္ဝက္ စစ္ေဆးတာတစ္ၾကိမ္နဲ႕ ေဖေဖာ္၀ါရီလမွာ ႏွစ္ဆံုးစစ္ေဆးတဲ့ စာေမးပြဲေတြက်င္းပခဲ့တာျဖစ္ပါတယ္။

တစ္ႏုိင္ငံလုံးမွာ အေျခခံပညာေက်ာင္းသား၊ ေက်ာင္းသူ ကုိးသန္းေက်ာ္ရွိတယ္လို႕ ပညာေရး၀န္ႀကီးဌာနရဲ႕ စာရင္းေတြအရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day TV

#Unicode Version# ျဖင့္ဖတ္ပါ ။

အခြေခံပညာ အတန်းတွေရဲ့ ကျောင်းတက်ကာလ မတ်လကုန်အထိသတ်မှတ်၊ စာမေးပွဲများလည်း အချိန်ပြောင်းမည်

ဧပြီ-၂၂၊ ၂၀၁၉

၂၀၁၉- ၂၀၂၀ပညာသင်နှစ်အတွက် အခြေခံပညာအတန်းတွေရဲ့ ပညာသင်ကာလက လာမယ့်ဇွန်လ၁ရက်ကနေ ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်အထိ စတင်တော့မှာပါ။

ပြီးခဲ့တဲ့စာသင်နှစ်တွေအထိ လေးတန်း၊ရှစ်တန်းနဲ့ဆယ်တန်းစာမေးပွဲတွေရှိတာကြောင့်ကျန်အတန်းတွေကို ဖေဖော်ဝါရီလမှာ ကျောင်းပိတ်ခဲ့တာပါ။

အခုဒီစာသင်နှစ်မှာတော့ Grade 5,Grade 9နဲ့ Grade 11ကလွဲပြီး ကျန်အတန်းတွေအားလုံး မတ်လ၃၁ရက်အထိ ကျောင်းတက်ရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ် ။

ဧပြီလ၂၁ရက်မနေ့က အထက၄ အလုံမှာ ကျင်းပခဲ့တဲ့ Grade 6 တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်သင်တန်းဖွင့်ပွဲမှာ ပြောကြားခဲ့တာပါ။

မတ်လ၃၁ရက်အထိ ကျောင်းတက်ဖို့ ဆောင်ရွက်တာဟာ စာသင်ချိန်ပြောင်းလဲတာမဟုတ်ဘဲ မူလသတ်မှတ်ထားတဲ့ ကာလအတိုင်း အပြည့်အဝကျောင်းတက်ဖို့ စီစဉ်တာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အခြေခံပညာအတန်းတွေရဲ့ ပညာသင်ကာလပြောင်းမှာဖြစ်တာကြောင့် ပုံမှန်စစ်ဆေးတဲ့စာမေးပွဲအချိန်တွေလဲ ပြောင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။

ပထမအကြိမ်အခန်းဆုံးစစ်ဆေးတာကို ဇူလိုင်(သို့မဟုတ်)သြဂုတ်မှာ တစ်ကြိမ်၊အောက်တိုဘာလမှာ ပထမနှစ်ဝက် စစ်ဆေးတာ တစ်ကြိမ်၊ဒီဇင်ဘာမှာ အခန်းဆုံးစစ်ဆေးတာ တစ်ကြိမ်နဲ့ နှစ်ဆုံးစစ်ဆေးတာကို မတ်လ နောက်ဆုံးပတ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စာသင်နှစ်က ဇူလိုင်နဲ့ ဒီဇင်ဘာမှာ အခန်းဆုံး စစ်ဆေးတာ(၂)ကြိမ်၊ အောက်တိုဘာလမှာ ပထမနှစ်ဝက် စစ်ဆေးတာတစ်ကြိမ်နဲ့ ဖေဖော်ဝါရီလမှာ နှစ်ဆုံးစစ်ဆေးတဲ့ စာမေးပွဲတွေကျင်းပခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day TV
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top