20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

တပ္မေတာ္မွာ စစ္မႈထမ္းေနတဲ့ ကေလးနဲ႔ လူငယ္ ၃၂ ေယာက္ကို မေန႔က ႏုတ္ထြက္ခြင့္ျပဳလုိက္တယ္လို႔ ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ (ယူနီဆက္ဖ္) ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း) နဲ႔ ျမန္မာႏုိင္ငံေစာင့္ၾကည့္ေလ့လာေရးနဲ႔ အစီရင္ခံတင္ျပေရး လုပ္ငန္းအဖြဲ႔တို႔ရဲ႕ အစီအမံနဲ႔ တပ္မေတာ္ထဲက အရြယ္မေရာက္ေသးသူ ကေလးသူငယ္ေတြကို သက္ဆုိင္ရာ တုိင္းစစ္ဌာနခ်ဳပ္အလိုက္ အေသးစိတ္ စိစစ္ႏုတ္ထြက္ခြင့္ ျပဳေနရာမွာ ၃၂ ေယာက္ကို စိစစ္ေတြ႔ခဲ့ရၿပီး သူတို႔ရဲ႕ မိဘေတြဆီကို မေန႔က ရန္ကုန္ၿမိဳ႕ စစ္ေၾကာေရးနဲ႔ တည္းခိုေရးစခန္းမွာ လႊဲေျပာင္းေပးခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက ထုတ္ျပန္ထားပါတယ္။

ဒီထဲမွာ ကေလး ၇ ေယာက္နဲ႔ လူငယ္ ၂၅ ေယာက္ပါၿပီး ဒီကိစၥအတြက္ ျမန္မာအစိုးရနဲ႔ ကုလသမဂၢတို႔ ၂၀၁၂ ခုႏွစ္ကတည္းက သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကၿပီး အဲဒီအခ်ိန္ကေန အခုအထိ ကေလးနဲ႔ လူငယ္စုစုေပါင္း ၉၅၆ ေယာက္ကို ႏုတ္ထြက္ခြင့္ျပဳၿပီးၿပီလို႔ ယူနီဆက္ဖ္က ဆိုပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးကေတာ့ ၂၀၁၂ ခုႏွစ္ကေန အခုအထိ တပ္မေတာ္ထဲက အရြယ္မေရာက္ေသးတဲ့ ကေလးေတြကို လႊဲေျပာင္းေပးတာ ၁၆ ႀကိမ္ရွိၿပီး စုစုေပါင္း ၉၈၄ ေယာက္ ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

သူတုိ႔ကို တပ္မေတာ္က ႏုတ္ထြက္ခြင့္ျပဳတဲ့ လက္မွတ္နဲ႔ ၁၀ ႏွစ္က ၁၈ ႏွစ္အၾကား ႏုိင္ငံသားစိစစ္ေရးကတ္ျပားေတြကိုလည္း တာဝန္ရွိသူေတြက ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးေတာ့ ကေလးေတြနဲ႔ မိဘေတြကို ျမန္မာႏုိင္ငံေစာင့္ၾကည့္ေလ့လာေရးနဲ႔ အစီရင္ခံ တင္ျပေရး လုပ္ငန္းအဖြဲ႔နဲ႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန တို႔က စီစဥ္တဲ့ ၾကားကာလျပဳစုေစာင့္ေရွာက္ေရးစခန္းကို တပ္မေတာ္က ပို႔ေပးခ့ဲ့ပါတယ္။

ဒီစခန္းမွာ မိဘေတြနဲ႔ အဆက္အသြယ္မရေသးရင္ ဆက္သြယ္ေပးတာ၊ က်န္းမာေရး စစ္ေဆးေပးၿပီး လိုအပ္ရင္ ကုသေပးတာ၊ ေက်ာင္းျပန္တက္ဖို႔ ဆႏၵရွိရင္ ေက်ာင္းျပန္တက္ဖို႔၊ ေက်ာင္းျပင္ပ ပညာသင္ၾကားဖို႔၊ အလုပ္လုပ္ကိုင္ဖို႔ဆႏၵရွိရင္လည္း မွ်တတဲ့ အလုပ္အကိုင္ရရွိႏုိင္ဖို႔ လိုအပ္တဲ့ ကြၽမ္းက်င္တာေတြ သင္ယူဖို႔ ျဖစ္ႏိုင္ေျခဆန္းစစ္တာ၊ လက္ငင္းအသံုးျပဳဖို႔ အေျခခံ ပစၥည္းေတြ ေဝငွတာ၊ အိမ္အျပန္ခရီးစရိတ္နဲ႔ စားစရိတ္ေတြ စီစဥ္ေပးမယ္လို႔ တပ္မေတာ္က ထုတ္ျပန္ပါတယ္။

တပ္မေတာ္အေနနဲ႔ အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြ တပ္မေတာ္ထဲမွာ လံုးဝ မက်န္ေစဖို႔ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ၿပီး မွားယြင္းစုေဆာင္းခ့ဲသူေတြရွိရင္လည္း  အျမန္ဆံုးထြက္ခြင့္ျပဳဖို႔ စိစစ္ေဆာင္ရြက္ေနသလို တာဝန္ရွိသူေတြကိုလည္း စစ္စည္းကမ္းနဲ႔ အေရးယူေနတယ္လို႔ ဆိုပါတယ္။

အခု မတ္ ၂၀၁၉ အထိ အဲဒီလို အေရးယူခဲ့တာ အရာရွိ ၉၆ ေယာက္နဲ႔ စစ္သည္ ၃၅၂ ေယာက္ ရွိတယ္လို႔လည္း ဆိုပါတယ္။

ကေလးသူငယ္ေတြကို တပ္မေတာ္က တပ္သားအျဖစ္ စုေဆာင္းေနတဲ့ မသကၤာဖြယ္ေတြ ေတြ႔မယ္ဆိုရင္ အေရးေပၚဆက္သြယ္ႏိုင္ဖို႔အတြက္ ယူနီဆက္ဖ္နဲ႔ World Vision တို႔က ဖုန္း ၀၉ ၄၂ ၁၁ ၆၆ ၇၀၁ နဲ႔ ၀၉ ၄၂ ၁၁ ၆၆ ၇၀၂ တို႔ကို တပ္ဆင္ေပးထားပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB
#Unicode Version#
တပ်မတော်မှာ စစ်မှုထမ်းနေတဲ့ ကလေးနဲ့ လူငယ် ၃၂ ယောက်ကို မနေ့က နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နဲ့ မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနဲ့ အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့တို့ရဲ့ အစီအမံနဲ့ တပ်မတော်ထဲက အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ် စိစစ်နုတ်ထွက်ခွင့် ပြုနေရာမှာ ၃၂ ယောက်ကို စိစစ်တွေ့ခဲ့ရပြီး သူတို့ရဲ့ မိဘတွေဆီကို မနေ့က ရန်ကုန်မြို့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ လွှဲပြောင်းပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒီထဲမှာ ကလေး ၇ ယောက်နဲ့ လူငယ် ၂၅ ယောက်ပါပြီး ဒီကိစ္စအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ ၂၀၁၂ ခုနှစ်ကတည်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီအချိန်ကနေ အခုအထိ ကလေးနဲ့ လူငယ်စုစုပေါင်း ၉၅၆ ယောက်ကို နုတ်ထွက်ခွင့်ပြုပြီးပြီလို့ ယူနီဆက်ဖ်က ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ၂၀၁၂ ခုနှစ်ကနေ အခုအထိ တပ်မတော်ထဲက အရွယ်မရောက်သေးတဲ့ ကလေးတွေကို လွှဲပြောင်းပေးတာ ၁၆ ကြိမ်ရှိပြီး စုစုပေါင်း ၉၈၄ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတို့ကို တပ်မတော်က နုတ်ထွက်ခွင့်ပြုတဲ့ လက်မှတ်နဲ့ ၁၀ နှစ်က ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုလည်း တာဝန်ရှိသူတွေက ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကလေးတွေနဲ့ မိဘတွေကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနဲ့ အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့က စီစဉ်တဲ့ ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းကို တပ်မတော်က ပို့ပေးခဲ့ပါတယ်။

ဒီစခန်းမှာ မိဘတွေနဲ့ အဆက်အသွယ်မရသေးရင် ဆက်သွယ်ပေးတာ၊ ကျန်းမာရေး စစ်ဆေးပေးပြီး လိုအပ်ရင် ကုသပေးတာ၊ ကျောင်းပြန်တက်ဖို့ ဆန္ဒရှိရင် ကျောင်းပြန်တက်ဖို့၊ ကျောင်းပြင်ပ ပညာသင်ကြားဖို့၊ အလုပ်လုပ်ကိုင်ဖို့ဆန္ဒရှိရင်လည်း မျှတတဲ့ အလုပ်အကိုင်ရရှိနိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်တာတွေ သင်ယူဖို့ ဖြစ်နိုင်ခြေဆန်းစစ်တာ၊ လက်ငင်းအသုံးပြုဖို့ အခြေခံ ပစ္စည်းတွေ ဝေငှတာ၊ အိမ်အပြန်ခရီးစရိတ်နဲ့ စားစရိတ်တွေ စီစဉ်ပေးမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

တပ်မတော်အနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ တပ်မတော်ထဲမှာ လုံးဝ မကျန်စေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး မှားယွင်းစုဆောင်းခဲ့သူတွေရှိရင်လည်း  အမြန်ဆုံးထွက်ခွင့်ပြုဖို့ စိစစ်ဆောင်ရွက်နေသလို တာဝန်ရှိသူတွေကိုလည်း စစ်စည်းကမ်းနဲ့ အရေးယူနေတယ်လို့ ဆိုပါတယ်။

အခု မတ် ၂၀၁၉ အထိ အဲဒီလို အရေးယူခဲ့တာ အရာရှိ ၉၆ ယောက်နဲ့ စစ်သည် ၃၅၂ ယောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ကလေးသူငယ်တွေကို တပ်မတော်က တပ်သားအဖြစ် စုဆောင်းနေတဲ့ မသင်္ကာဖွယ်တွေ တွေ့မယ်ဆိုရင် အရေးပေါ်ဆက်သွယ်နိုင်ဖို့အတွက် ယူနီဆက်ဖ်နဲ့ World Vision တို့က ဖုန်း ၀၉ ၄၂ ၁၁ ၆၆ ၇၀၁ နဲ့ ၀၉ ၄၂ ၁၁ ၆၆ ၇၀၂ တို့ကို တပ်ဆင်ပေးထားပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top