ပဲခူးတိုင္​း ​ေဒသႀကီး မိုးညိဳၿမိဳ႕နယ္​ ဆင္​​ေခါင္​းအုပ္​စု ရြာသစ္​ကုန္​း​ေက်းရြာတြင္​ ဦး​ေလး အရင္​းျဖစ္​သူမွ အိမ္​နီးခ်င္​းျဖစ္​ၿပီး အသက္​မျပၫ္​့​ေသး​ေသာ တူမအား ခိုးယူ​ေပါင္​းသင္​းမႈ ျဖစ္​ပြါး​ေၾကာင္​း မိုးညိဳ ၿမိဳ႕နယ္​ ရဲစခန္​းမွ သိ႐ွိရသည္​။

ရြာသစ္​ကုန္​း​ေက်းရြာ​ေန ဦးထြန္​းထြန္​းဝင္​း၏သမီးျဖစ္​သူ အ-လ-က (ခြဲ)ဆင္​​ေခါင္​း​ေက်ာင္​းတြင္​ သတၱမ တန္​း​ေျဖဆိုထား​ေသာ အသက္​(၁၄ႏွစ္​)အရြယ္​ မ—–သည္​ ဆင္​း​ေခါင္​း ​ေက်းရြာ သို႔ က်ဴ ႐ွင္​တက္​ရန္​ သြားခဲ့ၿပီး ​ေနအိမ္​သို႔ ျပန္​လာရမည္​့ အခ်ိန္​တြင္​ ျပန္​​ေရာက္​လာျခင္​းမ႐ွိသျဖင္​့ အနီးပတ္​ဝန္​းက်င္​သို႔ လိုက္​လံ႐ွာ​ေဖြ ခဲ့ရာ

တစ္​ရြာတည္​း​ေနထိုင္​သူ ဦးသန္​း​ေငြမွမတ္​လ(၂၇)ရက္​​ေန႔ ည ၇နာရီခြဲအခ်ိန္​၌​ေပ်ာက္​​ေန​ေသာ မ—–၏ ဦး​ေလး ျဖစ္​သူ အသက္​ (၃၈ႏွစ္​)႐ွိ ​ေက်ာ္​မင္​းဦးမွ ဆိုင္​ကယ္​ ျဖင္​့တင္​​ေဆာင္​သြားသည္​ကို ​ေတြ႔႐ွိ​ေၾကာင္​း ​ေျပာျပသိ႐ွိရ သည္​။

ဖခင္​ျဖစ္​သူ ဦးထြန္​း ထြန္​းဝင္​းမွ သမီးျဖစ္​သူမ—–ႏွင္​့သမီးျဖစ္​သူအား ဆိုင္​ကယ္​ ျဖင္​့တင္​​ေဆာင္​သြားသူ​ ​ေက်ာ္​မင္​းဦးအား လိုက္​လံ ႐ွာ​ေဖြ ခဲ့​ေသာ္​လည္​း ဧၿပီ ၂ ရက္​​ေန႔အထိ​ေတြ႔႐ွိျခင္​း မ႐ွိသျဖင္​့ မိဘ၏ခြင္​့ျပဳခ်က္​ မ႐ွိဘဲအရြယ္​ မ​ေရာက္​​ေသးသည္​့ သမီးျဖစ္​သူ အား ​ေသြး​ေဆာင္​ခိုးယူသြားသူ ​ေက်ာ္​မင္​းဦးအား ဥပ​ေဒအရ အ​ေရးယူ ​ေပးပါရန္​တိုင္​တန္​းသျဖင္​့ (ပ)၁၂/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္​မ-၃၆၆ ျဖင္​့ အမႈဖြင္​့ ထား​ေၾကာင္​းရဲစခန္​းမွတ္​တမ္​း အရ သိ႐ွိရသည္​။

`​ေကာင္​မ​ေလး စ​ေပ်ာက္​သြား​ေတာ့ သူ႔အ​ေၾကာင္​းနဲ႔သူ စိတ္​စိုးလို႔ ထြက္​သြား မွန္​းမသိ ဘာမွန္​းမသိ​ေတာ့ ႀကိတ္​ၿပီး မိဘ​ေတြ႐ွာ​ေနၾကတာပါ အခု​ေတာ့ ​ေကာင္​မ​ေလးကိုသူ႔ဦး​ေလး ကိုယ္​တိုင္​ ဆိုင္​ကယ္​ နဲ႔ တင္​​ေခၚသြားတာကို ျမင္​့တဲ့သူ​ေတြ က​ေျပာျပလို႔အခုလို ရဲစခန္​းမွ ာ အမႈဖြင္​့ တာပါ

ဧၿပီ ၃ ရက္​​ေန႔အထိ မ​ေတြ႔​ေသးပါဘူး​ေကာင္​မ​ေလးရဲ႕ ဓာတ္​ပံု ​ေတြ ကို ရဲစခန္​းၿမိဳ႕နယ္​​ေထြအုပ္​ရံုး နီးစပ္​ရာ ၿမိဳ႕နယ္​ ရဲစခန္​း​ေတြကို ​ေပးပို႔ စံုစမ္​း​ေနပါတယ္​´ဟုဆင္​​ေခါင္​း​ေက်းရြာ အုပ္​ခ်ဳပ္​​ေရးမွဴးဦးဝင္​းႏိုင္​ထြန္​း မွ BAGO WEEKLY JOURNALသို႔ ႐ွင္​းျပသည္​။

မ—-အား​ေခၚ​ေဆာင္​သြားသူ ​ေက်ာ္​မင္​းထြန္​းႏွင္​့ မ—-၏မိခင္​ ​ေဒၚမာမာ​ေအးတို႔မွာ အ​ေမတူအ​ေဖကြဲ​ေမာင္​ႏွမ မ်ား​ေတာ္​စပ္​​ၿပီး အိမ္​နီးခ်င္​းျဖစ္​​ေၾကာင္​း အလားတူ ျဖစ္​စဥ္​မ်ိဳး ထပ္​မံမျဖစ္​ပြါး​ေစ​ေရး ပညာ​ေပး ​ေဟာ​ေျပာ ပြဲမ်ားျပဳလုပ္​သြားမည္​ျဖစ္​​ေၾကာင္​း မိုးညိဳ ၿမိဳ႕မရဲစခန္​း မွသိ႐ွိရသည္​။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သက္ခိုင္ ဇီးကုန္း / BagoWeeklyJournal

#Unicode Version#
ပဲခူးတိုင်း ဒေသကြီး မိုးညိုမြို့နယ် ဆင်ခေါင်းအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ဦးလေး အရင်းဖြစ်သူမှ အိမ်နီးချင်းဖြစ်ပြီး အသက်မပြည့်သေးသော တူမအား ခိုးယူပေါင်းသင်းမှု ဖြစ်ပွါးကြောင်း မိုးညို မြို့နယ် ရဲစခန်းမှ သိရှိရသည်။

ရွာသစ်ကုန်းကျေးရွာနေ ဦးထွန်းထွန်းဝင်း၏သမီးဖြစ်သူ အ-လ-က (ခွဲ)ဆင်ခေါင်းကျောင်းတွင် သတ္တမ တန်းဖြေဆိုထားသော အသက်(၁၄နှစ်)အရွယ် မ—–သည် ဆင်းခေါင်း ကျေးရွာ သို့ ကျူ ရှင်တက်ရန် သွားခဲ့ပြီး နေအိမ်သို့ ပြန်လာရမည့် အချိန်တွင် ပြန်ရောက်လာခြင်းမရှိသဖြင့် အနီးပတ်ဝန်းကျင်သို့ လိုက်လံရှာဖွေ ခဲ့ရာ

တစ်ရွာတည်းနေထိုင်သူ ဦးသန်းငွေမှမတ်လ(၂၇)ရက်နေ့ ည ၇နာရီခွဲအချိန်၌ပျောက်နေသော မ—–၏ ဦးလေး ဖြစ်သူ အသက် (၃၈နှစ်)ရှိ ကျော်မင်းဦးမှ ဆိုင်ကယ် ဖြင့်တင်ဆောင်သွားသည်ကို တွေ့ရှိကြောင်း ပြောပြသိရှိရ သည်။

ဖခင်ဖြစ်သူ ဦးထွန်း ထွန်းဝင်းမှ သမီးဖြစ်သူမ—–နှင့်သမီးဖြစ်သူအား ဆိုင်ကယ် ဖြင့်တင်ဆောင်သွားသူ ကျော်မင်းဦးအား လိုက်လံ ရှာဖွေ ခဲ့သော်လည်း ဧပြီ ၂ ရက်နေ့အထိတွေ့ရှိခြင်း မရှိသဖြင့် မိဘ၏ခွင့်ပြုချက် မရှိဘဲအရွယ် မရောက်သေးသည့် သမီးဖြစ်သူ အား သွေးဆောင်ခိုးယူသွားသူ ကျော်မင်းဦးအား ဥပဒေအရ အရေးယူ ပေးပါရန်တိုင်တန်းသဖြင့် (ပ)၁၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ-၃၆၆ ဖြင့် အမှုဖွင့် ထားကြောင်းရဲစခန်းမှတ်တမ်း အရ သိရှိရသည်။

`ကောင်မလေး စပျောက်သွားတော့ သူ့အကြောင်းနဲ့သူ စိတ်စိုးလို့ ထွက်သွား မှန်းမသိ ဘာမှန်းမသိတော့ ကြိတ်ပြီး မိဘတွေရှာနေကြတာပါ အခုတော့ ကောင်မလေးကိုသူ့ဦးလေး ကိုယ်တိုင် ဆိုင်ကယ် နဲ့ တင်ခေါ်သွားတာကို မြင့်တဲ့သူတွေ ကပြောပြလို့အခုလို ရဲစခန်းမှ ာ အမှုဖွင့် တာပါ

ဧပြီ ၃ ရက်နေ့အထိ မတွေ့သေးပါဘူးကောင်မလေးရဲ့ ဓာတ်ပုံ တွေ ကို ရဲစခန်းမြို့နယ်ထွေအုပ်ရုံး နီးစပ်ရာ မြို့နယ် ရဲစခန်းတွေကို ပေးပို့ စုံစမ်းနေပါတယ်´ဟုဆင်ခေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်ထွန်း မှ BAGO WEEKLY JOURNALသို့ ရှင်းပြသည်။

မ—-အားခေါ်ဆောင်သွားသူ ကျော်မင်းထွန်းနှင့် မ—-၏မိခင် ဒေါ်မာမာအေးတို့မှာ အမေတူအဖေကွဲမောင်နှမ များတော်စပ်ပြီး အိမ်နီးချင်းဖြစ်ကြောင်း အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွါးစေရေး ပညာပေး ဟောပြော ပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း မိုးညို မြို့မရဲစခန်း မှသိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:သက်ခိုင် ဇီးကုန်း / BagoWeeklyJournal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top