လာေရာက္တည္းခုိတဲ့ ဧည့္သည္ေတြရဲ႕အခန္းထဲက အသံေတြကို သံုးႏွစ္ေက်ာ္ၾကာကာလအတြင္းမွာ အသံသြင္းဖမ္းယူေနခဲ့တဲ့ အသက္(၄၀)ေက်ာ္အရြယ္ တည္းခုိ၀န္ထမ္းကို ေထာင္ဒဏ္(၁၀)လ က်ခံေစဖုိ႔ ဆိုးလ္ခ႐ိုင္တရား႐ံုးတစ္ခုကေန အမိန္႔ခ်မွတ္လုိက္ၿပီလုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့အဂၤါေန႔မွာ ခ႐ိုင္တရား႐ံုးကေန အသက္ (၄၆)ႏွစ္အရြယ္အမ်ဳိးသားကို က်ဴးေက်ာ္၀င္ေရာက္မႈ၊ ဆက္သြယ္ေရးအက္ဥပေဒ ေတြနဲ႔ ျပစ္မႈထင္ရွားတဲ့အတြက္ အထက္ပါေထာင္ဒဏ္ကို ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

၂၀၁၅ခုႏွစ္၊ ဒီဇင္ဘာလကေန ၂၀၁၈ခုႏွစ္၊ ေအာက္တိုဘာလ ၾကားကာလအတြင္း တရားခံအမ်ဳိးသားဟာ အခန္းအတြင္း လြတ္လပ္စြာရွိေနၾကတဲ့ ဧည့္သည္စံုတြဲေတြဆီက အသံသြင္း ယူထားမႈ (၂၁)ႀကိမ္အထိ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အခန္းထဲက မီးေခ်ာင္းေတြအတြင္း ဖုန္းကိုထားရွိကာ တရားမ၀င္ က်ဴးလြန္ခဲ့တာလုိ႔ သိရပါတယ္။

တရားခံဟာ ဆိုးလ္ၿမိဳ႕က တည္းခုိခန္းမွာ ၂၀၁၇ႏွစ္ကုန္ပုိင္းအထိ အလုပ္လုပ္ခဲ့ၿပီး ေနာက္ပိုင္းမွာ ဂ်ဳိင္အြန္ဂ်ီျပည္နယ္က တည္းခုိခန္းတစ္ခုဆီ ထပ္မံေျပာင္းေရႊ႕ခဲ့ပါတယ္။

တရား႐ံုးကေန တရားခံဟာ အရင္က အလားတူျပစ္မႈမ်ဳိးအတြက္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရမႈမရွိ ျခင္း၊ အသံသြင္းယူထားတဲ့ အသံဖုိင္ေတြကို အမ်ားျပည္သူထံ ျဖန္႔ေ၀ေပးျခင္းမျပဳလုပ္ခဲ့တာေၾကာင့္ သက္ညွာတဲ့အေနနဲ႔ ေထာင္(၁၀)လသာ ခ်မွတ္ခဲ့တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Channel B

#Unicode Version# ျဖင့္ဖတ္ပါ ။

လာရောက်တည်းခိုတဲ့ ဧည့်သည်တွေရဲ့အခန်းထဲက အသံတွေကို သုံးနှစ်ကျော်ကြာကာလအတွင်းမှာ အသံသွင်းဖမ်းယူနေခဲ့တဲ့ အသက်(၄၀)ကျော်အရွယ် တည်းခိုဝန်ထမ်းကို ထောင်ဒဏ်(၁၀)လ ကျခံစေဖို့ ဆိုးလ်ခရိုင်တရားရုံးတစ်ခုကနေ အမိန့်ချမှတ်လိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ခရိုင်တရားရုံးကနေ အသက် (၄၆)နှစ်အရွယ်အမျိုးသားကို ကျူးကျော်ဝင်ရောက်မှု၊ ဆက်သွယ်ရေးအက်ဥပဒေ တွေနဲ့ ပြစ်မှုထင်ရှားတဲ့အတွက် အထက်ပါထောင်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ကြားကာလအတွင်း တရားခံအမျိုးသားဟာ အခန်းအတွင်း လွတ်လပ်စွာရှိနေကြတဲ့ ဧည့်သည်စုံတွဲတွေဆီက အသံသွင်း ယူထားမှု (၂၁)ကြိမ်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အခန်းထဲက မီးချောင်းတွေအတွင်း ဖုန်းကိုထားရှိကာ တရားမဝင် ကျူးလွန်ခဲ့တာလို့ သိရပါတယ်။

တရားခံဟာ ဆိုးလ်မြို့က တည်းခိုခန်းမှာ ၂၀၁၇နှစ်ကုန်ပိုင်းအထိ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ဂျိုင်အွန်ဂျီပြည်နယ်က တည်းခိုခန်းတစ်ခုဆီ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

တရားရုံးကနေ တရားခံဟာ အရင်က အလားတူပြစ်မှုမျိုးအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှုမရှိ ခြင်း၊ အသံသွင်းယူထားတဲ့ အသံဖိုင်တွေကို အများပြည်သူထံ ဖြန့်ဝေပေးခြင်းမပြုလုပ်ခဲ့တာကြောင့် သက်ညှာတဲ့အနေနဲ့ ထောင်(၁၀)လသာ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Channel B
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top