ရန်ကင်း ဆီဒိုးနားဟိုတယ်အနီး Star Villa (Sunian Park) ကွန်ဒိုအရောင်းပြပွဲ
×



ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် တွင် သံယောဇဉ် အမည်ရှိ ကေတီဗီ ( KTV ) တွင် ဆိုင်ရှင် ဇော်ဝမ်း သည် ဆိုင်သို့ လာသော ဧည့်သည် တချို့မှ ဆိုင်ရှိ မိန်းကလေး များ နှင့် ကာမတဏှာ ကျူးလွန်ဖို့ အတွက် ငွေများများ ပေးနိုင်လျင် ဆိုင်ရှင် ဇော်ဝမ်းမှ ချိတ်ဆက်ပေးနေခြင်း များ စုံစမ်းသိရှိရပါသည် မိုင်လေး အမည်ရှိ မိန်းကလေး နှင့် ဧည့်သည် သူဌေး တို့ ကာမတဏှာ ကျုးလွန်ကြမည် ဆိုက








#Unicode Version# ဖြင့်ဖတ်ပါ ။

သံယောဇဉ် မှ WYနှင့် ကာမသားကောင်များ

မူးယစ်ဆေးဝါး နှင့် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသော ဇီးကုန်းမြို့ မှ သံယောဇဉ် အမည်ရှိ ကေတီဗီ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် တွင် သံယောဇဉ် အမည်ရှိ ကေတီဗီ ( KTV ) တွင် ဆိုင်ရှင် ဇော်ဝမ်း သည် ဆိုင်သို့ လာသော ဧည့်သည် တချို့မှ ဆိုင်ရှိ မိန်းကလေး များ နှင့် ကာမတဏှာ ကျူးလွန်ဖို့ အတွက် ငွေများများ ပေးနိူင်လျင် ဆိုင်ရှင် ဇော်ဝမ်းမှ ချိတ်ဆက်ပေးနေခြင်း များ စုံစမ်းသိရှိရပါသည် မိုင်လေး အမည်ရှိ မိန်းကလေး နှင့် ဧည့်သည် သူဌေး တို့ ကာမတဏှာ ကျုးလွန်ကြမည် ဆိုက

ဆိုင်ရှင်မှ ငွေတစ်သိန်းခွဲ ကျပ် နှင့် ရအောင် ချိတ်ဆက် ပေးခဲ့သည်များကို စုံစမ်းသိရှိရပါသည် ထိုမျှ မကသေး ဆိုင်အတွင်းရှိ မိန်းကလေး များ ထံမှ ဆိုင်ရှင်ဖြစ်သူ ဇော်ဝမ်းသည် ၎င်းကိုယ်တိုင် ကာမတဏှာ မကြာခဏ ကျုးလွန် ထားသူများလဲ မနည်းမနောပါ

ဆယ်ယောက် ရှိလျှင် အနည်းဆုံး ခုနှစ်ယောက် လောက်တော့ သူ့လက်ထဲက ပြေးမလွတ်ပေ မတော်တဆ ကာမပြုကျင့်ခံရသည့် မိန်းကလေး ထံမှ နောက်ထက် ထပ်မံ ကာမတဏှာ စပ်ယှက်ခွင့်မရပါက အဆိုပါ မိန်းကလေးအား နည်းမျိုးစုံဖြင့် အကြပ်ကိုင် ခြိမ်းခြောက် ကာ အလုပ်ထုတ်ပြစ်တာမျိုးတို့ကိုလဲ တွေ့မြင်သိရှိနေရပါတယ်လေ

ဆိုင်အတွင်း WY စိတ်ကြွ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချ ခြင်း သုံးစွဲခြင်းများကို ၎င်းကိုယ်တိုင် ခွင့်ပြုထားနေမှုများ ကို တွေ့မြင်သိရှိ ရပါတယ်

ဆက်လက် ပြီး အသေးစိတ် သိရှိလိုပါက နယ်မြေခံ သက်ဆိုင်ရာ တာဝန်ရှိသူများ မှ စုံစမ်းဖော်ထုတ်ဖမ်းဆီးမိရေး ကြိုးစားကြပါလို့ ပြောချင်ပါတယ်

၎င်းဆိုင်မှ ဝန်ထမ်း များကို ဆိုင်အတွင်းရှိ ကာမတဏှာ ကျုးလွန်ကြသည့် အကြောင်း နှင့် WY စိတ်ကြွမူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချ သုံးစွဲခြင်း များ ဆိုင်အပြင်သို့ ပေါက်ကြားသွားခဲ့ပါက အဆိုပါ အကြောင်းအရာ များ ပေါက်ကြားစေသူ များ နည်းမျိုးစုံ အသုံးပြုကာ အလုပ်မှ ရပ်စဲခြင်း ဥပဒေ အကြောင်း မသိရှာသော သူများကို ဥပဒေ နှင့် ကိုင်ပေါက်ခြင်း ရဲနှင့် ခြိမ်းခြောက်ခြင်း စသည့် နည်းလမ်းမျိုးစုံတို့ဖြင့် အကြပ်ကိုင် ခြိမ်းခြောက် နေသည်များကို စုံစမ်းသိရှိပါသည်

အထက်ဖော်ပြပါ ဖြစ်စဉ် များသည် အမှန်တကယ် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ဖြစ်ပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ စုံစမ်းကြည့်ပါလေ

ဖိုးသူတော် (www.phothutaw.com)
Credit:အမှန်တရားဘက်တော်သားများကွန်ယက်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top