ပန်းသီးရှာလကာရည်
ကြက်ဥအကာ
ပါဝင်ပစ္စည်း
ကြက်ဥအကာ တစ်လုံး
#Unicode Verison#
သင့်အရေပြားပေါ်မှာ ရှိတဲ့အပေါက်လေးတွေက လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ ဒီချွေးပေါက်လေးတွေကို သာမန်မျက်လုံးနဲ့ မမြင်နိုင်ပါဘူး။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ဒီချွေးပေါက်တွေက ကျယ်လာကြပါတယ်။
ချွေးပေါက်အကျယ်ကြီးတွေက သင့်မျက်နှာကို ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် ချွေးပေါက်ကျဉ်းဖို့အတွက် အလှပြင်ပစ္စည်းတွေသုံးမယ့်အစား သဘာဝကုထုံးနဲ့ ကုသနိုင်ပါတယ်။ ဒါကတော့-
ရှားစောင်းလတ်ပတ်ဂျယ်
ရှားစောင်းလတ်ပတ်ဂျယ်အနည်းငယ်ကို သင့်မျက်နှာပေါ်လိမ်းပြီး တစ်ညထားပေးပါ။ နောက်နေ့မနက်မှာ ရေဆေးပေးပါ။ ဒီလိုလုပ်တာက အရေပြားကို အစိုဓာတ်ပေးပြီး ချွေးပေါက်ကျဉ်းစေပါတယ်။ အဆီပိုတွေ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။
ပန်းသီးရှာလကာရည်
ဒီအရည် လဘရည်ဇွန်း တစ်ဇွန်းနဲ့ ရေ ငါးဇွန်းရောပေးပါ။ ဒီအရောကို စပရေဖြန်းတဲ့ဘူးထဲထည့်ပြီး သဘာဝတိုနာအနေနဲ့ အသုံးပြုနိုင်ပါတယ်။ သင့်မျက်နှာပေါ်ဖြန်းပြီး ခြောက်အောင်ထားပေးပါ။ နောက်ဆုံးအဆင့်အနေနဲ့ အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။ ဒါက ချွေးပေါက်ကျယ်တာကို လျှော့ချပေးပြီး အရေပြား pH အဆင့်ကို ထိန်းညှိပေးပါတယ်။ အရေပြားပိုးဝင်တာကိုလည်း တိုက်ထုတ်ပေးပါတယ်။
ကြက်ဥအကာ
သင့်အရေပြားကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းစေတဲ့ ကြက်ဥအကာနည်းလမ်းက ဒီလိုပါ။
ပါဝင်ပစ္စည်း
ကြက်ဥအကာ တစ်လုံး
အုတ်ဂျုံမှုန့် လဘရည်ဇွန်း ၂ ဇွန်း
သံပယိုရည် လဘရည်ဇွန်း ၂ ဇွန်း
ပါဝင်ပစ္စည်းအားလုံး အနှစ်ပုံစံရတဲ့အထိ ရောပေးပါ။ သင့်မျက်နှာပေါ်လိမ်းပြီး နာရီဝက်ထားပေးပါ။ ရေအေးနဲ့ ဆေးချပြီး နေ့စဉ်ပုံမှန်လုပ်ပေးနိုင်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Mystylemyanmar