ဘူးသီးေတာင္တြင္ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးတဦး က်ည္ထိမွန္၊ ကေလးငယ္ ေသဆံုး
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ စံဂုိးေတာင္ေက်းရြာအုပ္စု ဆင္ေသျပင္ဘဂၤါလီရြာမွာ ဧၿပီလ ၂၁ ရက္ ေန႔လယ္ ၂ နာရီေလာက္က ကုိယ္၀န္ေဆာင္ အမ်ဳိးသမီးတဦးရဲ႕ ဝမ္းဗိုက္ကို က်ည္ထိမွန္ၿပီး ဘူးသီးေတာင္ေဆး႐ုံမွာ ေဆးကုသမူခံယူေနရာမွ ကေလးငယ္ ေသဆံုးသြားတယ္လုိ႔ သိရပါတယ္။
မိခင္ျဖစ္သူမွာလည္း အူေပါက္သြားကာ အသက္အႏၱရာယ္စိုးရိမ္ရတဲ့ အေနအထား ရွိေနတယ္လို႔ ဆက္ေသျပင္ေက်း႐ြာမွ ႐ြာလူႀကီး မူယာမတ္မာမတ္ေဆာ္လိမ္က ေျပာပါတယ္။
“ေန႔လယ္ ၂ နာရီ နဲ႔ မိနွစ္ ၂၀ ေလာက္မွာ က်ည္ထိတာ ဗိုက္မွာထိမွန္တာပါ။ သူမက ဗိုက္ႀကီးသည္ပါ။ သူမက အိမ္ထဲမွာေနၿပီး ေသနတ္က်ည္က လာထိမွန္တာပါ။ တိုက္ပြဲျဖစ္တာေတာ့ မဟုတ္ဘူး။ မနက္ကတည္းက လက္နက္ႀကီး လက္နက္ငယ္သံေတြ ဆင္ေသျပင္နဲ႔ ဥယ်ာဥ္သာၾကားမွာ ပစ္ခတ္ေနၾကတာပါ။
ေအေအ အဖြဲ႔နဲ႔ ျဖစ္တာလား၊ တပ္ကပဲ ပစ္ေနတာလား၊ က်ေနာ္တို႔လည္း သြားမၾကည့္ႏိုင္ပါ၊ အသံေတြ ၾကားေန႐ုံေလာက္ပါ။ ေနာက္လူေတြေတာ ထိခိုက္တာမရွိပါဘူး။ မေန႔ညက ဗိုက္ထဲက ကေလးငယ္ေသဆံုးသြားၿပီး ခြဲစိတ္ထုတ္လိုက္ရတယ္လို႔ သိရပါတယ္။
မိခင္မွာ အူေပါက္ထြက္သြားပါတယ္။ အေရးေပၚေသြးေတြ သြင္းထားရတယ္လို႔ သိရပါတယ္။ မိခင္လည္း အသက္အႏၲရယ္ စိုးရိမ္ရတယ္” လို႔ေျပာၾကားပါတယ္။၀မ္းဗိုက္မွာ က်ည္ထိမွန္တဲ့ ဗိုက္ႀကီးသည္မွာ မေဆာနွရ္ရာ ၂၇ နွစ္ ျဖစ္ၿပီး သားသမီး ၃ ဦး ရွိတယ္လုိ႔ သိရပါတယ္။
ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီး ၀င္းေဇာ္ဦးက “ထိေတြတိုက္ပြဲျဖစ္တာက ဆင္ေသျပင္ေက်း႐ြာန႔ဲ အေ၀းႀကီးပါ။ တိုက္ပြဲျဖစ္တာက ရွိတယ္။ ေအာင္သာေခ်ာင္းနားမွာ ျဖစ္တာရွိတယ္။ ဗိုက္ႀကီးသည္ထိတာလည္း မသိပါဘူး။
ဆင္ေသျပင္နဲ႔ ေအာင္သာေခ်ာင္းနဲ႔က မီတာ ၂၀၀၀ ေလာက္ေ၀းပါတယ္။ က်ေနာ္တို႔က နယ္ေျမရွင္းလင္း ေနတယ္။ ေအေအ ရွိတယ္ဆိုရင္ တိုက္ပြဲျဖစ္မွာပါပဲ။ နယ္ေျမရွင္းလင္းတဲ့အခါမွာ လက္နက္ႀကီး ပစ္ကူေပးဖို႔လိုတယ္ဆိုရင္ လက္နက္ႀကီးပစ္ကူေပးရတယ္။ လက္နက္ႀကီးပစ္ကူေပးတာလည္း ေတာထဲကိုသာ ပစ္တာရွိတယ္။
႐ြာနဲ႔ အနီး၀န္းက်င္တို႔ကို မပစ္ပါဘူး။ ေျမာက္ဦးက နခခ ၃၁ တိုက္ခိုက္ခံရတုန္းကဆို ေက်း႐ြာေတြထဲကို လက္နက္ႀကီးပစ္လို႔ရတယ္။ ရန္သူက အိမ္ႀကိဳ အိမ္ၾကားေတြက ပုန္းခိုၿပီး ပစ္ေနတာေလ။
ပစ္ခ်င္တာလက္ကို ယားေနတာပါပဲ၊ ဒါေပမယ့္ ျပည္သူလူထုကို ထိမွန္မွာစိုးလိုသာ ပစ္ခတ္မႈ မျပဳခဲ့တာပါ။ ေတာထဲမွာဆိုေတာ့ လက္နက္ႀကီး ပစ္ကူသင့္ရင္ ပစ္ကူေနရတာပါပဲ။ အခုဆင္ေသျပင္ ကိစၥကလည္း ၀ါဒျဖန္႔တာပဲ ျဖစ္ႏိုင္ပါတယ္။”
လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ပစ္ခတ္ေနတာေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ပိုင္း ရခုိင္ေက်း႐ြာေတြျဖစ္တဲ့ ဥယ်ာဥ္သာ႐ြာ၊ စံဂိုးေထာင္႐ြာ၊ ႏြား႐ုံေတာင္ရြာေတြအျပင္ ဘဂါၤလီေက်း႐ြာေတြျဖစ္တဲ့ ဆင္ေသျပင္၊ ထိပ္တူးေပါက္၊ အာဘူ႐ြာေတြက ျပည္သူေတြဟာ နီးစပ္ရာေက်း႐ြာေတြရွိ ေဆြမ်ိဳးေတြနဲ႔ စစ္ေဘးေရွာင္စခန္းေတြမွာ ထြက္ေျပးခိုလႈံေနၾကရပါတယ္။
ဧၿပီ ၄ ရက္ေန႔ ေန႔လယ္ ၃ နာရီေက်ာ္ေလာက္ကလည္း စုိင္းဒင္ေခ်ာင္းအနီးက ေအေအ တပ္ဖြဲ႔ကုိ ေလေၾကာင္းက ပစ္ခတ္ႏွိမ္နင္းရာမွာ ေအေအနဲ႔အတူရွိေနတဲ့ သရက္ျပင္၊ ဒျဖဴေခ်ာင္း၊ ကင္းေတာင္၊ ထိပ္တူးေပါက္နဲ႔ ဖုန္ညိဳလိပ္ေက်းရြာေတြက ဘဂၤါလီ ၆ ဦး ေသဆုံးခဲ့ၿပီး ၉ ဦးထိခိုက္ ဒဏ္ရာရရွိခဲ့တယ္လုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးဌာန႐ုံးက တရား၀င္သတင္းထုတ္ျပန္ထားပါတယ္။
တပ္မေတာ္နဲ႔ ေအေအ တုိက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္ ပုဏၰားကၽြန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ စတဲ့ၿမိဳ႕နယ္ ၇ ခုမွာ စစ္ေဘးသင့္ ဒုကၡသည္ဦးေရ ၃ ေသာင္းေက်ာ္ ရွိေနၿပီလုိ႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအုပ်စု ဆင်သေပြင်ဘင်္ဂါလီရွာမှာ ဧပြီလ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးရဲ့ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမူခံယူနေရာမှ ကလေးငယ် သေဆုံးသွားတယ်လို့ သိရပါတယ်။
မိခင်ဖြစ်သူမှာလည်း အူပေါက်သွားကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထား ရှိနေတယ်လို့ ဆက်သေပြင်ကျေးရွာမှ ရွာလူကြီး မူယာမတ်မာမတ်ဆော်လိမ်က ပြောပါတယ်။
“နေ့လယ် ၂ နာရီ နဲ့ မိနှစ် ၂၀ လောက်မှာ ကျည်ထိတာ ဗိုက်မှာထိမှန်တာပါ။ သူမက ဗိုက်ကြီးသည်ပါ။ သူမက အိမ်ထဲမှာနေပြီး သေနတ်ကျည်က လာထိမှန်တာပါ။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ မနက်ကတည်းက လက်နက်ကြီး လက်နက်ငယ်သံတွေ ဆင်သေပြင်နဲ့ ဥယျာဉ်သာကြားမှာ ပစ်ခတ်နေကြတာပါ။
အေအေ အဖွဲ့နဲ့ ဖြစ်တာလား၊ တပ်ကပဲ ပစ်နေတာလား၊ ကျနော်တို့လည်း သွားမကြည့်နိုင်ပါ၊ အသံတွေ ကြားနေရုံလောက်ပါ။ နောက်လူတွေတော ထိခိုက်တာမရှိပါဘူး။ မနေ့ညက ဗိုက်ထဲက ကလေးငယ်သေဆုံးသွားပြီး ခွဲစိတ်ထုတ်လိုက်ရတယ်လို့ သိရပါတယ်။
မိခင်မှာ အူပေါက်ထွက်သွားပါတယ်။ အရေးပေါ်သွေးတွေ သွင်းထားရတယ်လို့ သိရပါတယ်။ မိခင်လည်း အသက်အန္တရယ် စိုးရိမ်ရတယ်” လို့ပြောကြားပါတယ်။ဝမ်းဗိုက်မှာ ကျည်ထိမှန်တဲ့ ဗိုက်ကြီးသည်မှာ မဆောနှရ်ရာ ၂၇ နှစ် ဖြစ်ပြီး သားသမီး ၃ ဦး ရှိတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ထိတွေတိုက်ပွဲဖြစ်တာက ဆင်သေပြင်ကျေးရွာနဲ့ အဝေးကြီးပါ။ တိုက်ပွဲဖြစ်တာက ရှိတယ်။ အောင်သာချောင်းနားမှာ ဖြစ်တာရှိတယ်။ ဗိုက်ကြီးသည်ထိတာလည်း မသိပါဘူး။
ဆင်သေပြင်နဲ့ အောင်သာချောင်းနဲ့က မီတာ ၂၀၀၀ လောက်ဝေးပါတယ်။ ကျနော်တို့က နယ်မြေရှင်းလင်း နေတယ်။ အေအေ ရှိတယ်ဆိုရင် တိုက်ပွဲဖြစ်မှာပါပဲ။ နယ်မြေရှင်းလင်းတဲ့အခါမှာ လက်နက်ကြီး ပစ်ကူပေးဖို့လိုတယ်ဆိုရင် လက်နက်ကြီးပစ်ကူပေးရတယ်။ လက်နက်ကြီးပစ်ကူပေးတာလည်း တောထဲကိုသာ ပစ်တာရှိတယ်။
ရွာနဲ့ အနီးဝန်းကျင်တို့ကို မပစ်ပါဘူး။ မြောက်ဦးက နခခ ၃၁ တိုက်ခိုက်ခံရတုန်းကဆို ကျေးရွာတွေထဲကို လက်နက်ကြီးပစ်လို့ရတယ်။ ရန်သူက အိမ်ကြို အိမ်ကြားတွေက ပုန်းခိုပြီး ပစ်နေတာလေ။
ပစ်ချင်တာလက်ကို ယားနေတာပါပဲ၊ ဒါပေမယ့် ပြည်သူလူထုကို ထိမှန်မှာစိုးလိုသာ ပစ်ခတ်မှု မပြုခဲ့တာပါ။ တောထဲမှာဆိုတော့ လက်နက်ကြီး ပစ်ကူသင့်ရင် ပစ်ကူနေရတာပါပဲ။ အခုဆင်သေပြင် ကိစ္စကလည်း ဝါဒဖြန့်တာပဲ ဖြစ်နိုင်ပါတယ်။”
လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ရခိုင်ကျေးရွာတွေဖြစ်တဲ့ ဥယျာဉ်သာရွာ၊ စံဂိုးထောင်ရွာ၊ နွားရုံတောင်ရွာတွေအပြင် ဘဂါၤလီကျေးရွာတွေဖြစ်တဲ့ ဆင်သေပြင်၊ ထိပ်တူးပေါက်၊ အာဘူရွာတွေက ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေရှိ ဆွေမျိုးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။
ဧပြီ ၄ ရက်နေ့ နေ့လယ် ၃ နာရီကျော်လောက်ကလည်း စိုင်းဒင်ချောင်းအနီးက အေအေ တပ်ဖွဲ့ကို လေကြောင်းက ပစ်ခတ်နှိမ်နင်းရာမှာ အေအေနဲ့အတူရှိနေတဲ့ သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက်နဲ့ ဖုန်ညိုလိပ်ကျေးရွာတွေက ဘင်္ဂါလီ ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးဌာနရုံးက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၇ ခုမှာ စစ်ဘေးသင့် ဒုက္ခသည်ဦးရေ ၃ သောင်းကျော် ရှိနေပြီလို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb