




Credit:ApannPyay

#Unicode Version#
ကဲ..  ချစ်ပရိသတ်ကြီးရေ (၁ . ၄ . ၂၀၁၉) မှာ ဖွင့်လှစ်လိုက်တဲ့ ၂ ကြိမ်မြောက် သိန်း တစ်သောင်းခွဲ ဆုကြီးကို ကျောင်းကုန်းမြို့ အမှတ် (၃) ရပ်ကွက်မှ လူငယ်လေးတစ်ဦး ကံထူးရှင် အဖြစ် ဆွတ်ခူးရရှိသွားပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးလိုက်ပါတယ်..။

အခုပေါက်သွားတဲ့ ကံထူးရှင်မိသားစုလေးရဲ့ ပုံလေးတွေ လိုင်းပေါ်မှတွေ့လို့ ခံစားမိတာလေး မျှဝေပေးလိုက်ပါတယ်..။

ကျွန်တော်ခံစားမိသလိုမျိုးပရိသတ်ကြီးလည်း ခံစားမိလိမ့်မယ်ဆိုတာ ကျိန်းသေပါတယ်နော်..။

ဒီပုံလေးတွေကို မြင်မိတော့ သူတို့လေးတွေရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝပေးအခြေအနေကို ခန့်မှန်းမိပြီး အခုလို သိန်းတစ်သောင်းခွဲဆုကြီးကို ဆွတ်ခူးသွားတော့ အတိုင်းမသိအောင်ကို ဝမ်းသာပိတိဖြစ်မိတယ်..။ တွေးကြည့်ရင်းနဲ့ သူတို့ရဲ့ အပျော်တွေကို လက်တွေ့ ကိုယ့်ရှေ့မှာ မမြင်ရသေးပဲနဲ့ ကြက်သီးထအောင်ကို ပျော်မိတယ်ဗျာ..။

ကံထူးရှင်မိသားစုလေး ရှေးဘဝကုသိုလ်ထူးကြောင့် ပြောင်းလဲသွားတဲ့ ကံတရားနဲ့ အတူ အခုကစပြီး သက်ဆုံးတိုင်အထိ စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြပါစေ..။ အလှူအတန်းများလည်း လှူနိုင်တန်းနိုင်ကြပါစေလို့ အပန်းပြေ မှဆုတောင်းပေးလိုက်ပါတယ်..။
 ချစ်ပရိသတ်ကြီးလည်း ခံစားမိတာလေးတွေ ကွန်မန့်ကနေ မျှဝေပေးခဲ့ပါဦးနော်..။

ဖိုးသူတော်(www.phothutaw.com)
Credit:ApannPyay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top