အထက္ျမန္မာျပည္ မႏၱေလးၿမဳိ႕မွာ ရွမ္းတိုင္းရင္းသားေတြစုေပါင္းၿပီး ပထမဆံုးအႀကိမ္ ေရသဘင္ပြဲကို ဒီကေန႔မနက္က မဟာေအာင္ေျမရပ္ကြက္ရွိ ရွမ္းတိုင္းရင္းသားမ်ား သာေရး နာေရး အသင္းတိုက္မွာ က်င္းပခဲ့ပါတယ္။

ေဒသအသီးသီးကေန ေရာက္ရွိေနထိုင္လာတဲ့ ရွမ္းတိုင္းရင္းသားအခ်င္းခ်င္းၾကား ခ်စ္ၾက ည္ရင္းႏွီးမႈနဲ႔ စည္းလံုးညီညြတ္မႈ ပိုမိုရရွိေရး၊  ႐ုိးရာဓေလ့ယဥ္ေက်းမႈ ထိန္းသိမ္းဖို႔ ရည္ရြယ္ၿပီး ဒီေရသဘင္ပြဲကို က်င္းပရတာလို႔ ပြဲျဖစ္ေျမာက္ေရးေကာ္မတီ စိုင္းေအာင္မိုင္း (မိုတိုင္း)က ဒီဗြီဘီကို ေျပာပါတယ္။



“ခါတိုင္းႏွစ္ေတြေတာ့ က်ေနာ္တို႔ ကိုယ့္မိသားစုနဲ႔ကိုယ္ ဘုရားသြားေက်ာင္းတက္၊ ေရ သပၸါယ္တာေတြလုပ္တယ္ေလ။ ဒီႏွစ္ေတာ့ ရန္ကုန္က က်င္းပသြားတဲ့ ရွမ္း႐ုိးရာစုေပါင္းေရ သဘင္ပြဲကို အားက်တာေရာ၊ မႏၱေလးေရာက္ ရွမ္းတိုင္းရင္းသားေတြအခ်င္းခ်င္း ပိုၿပီးခ်စ္ၾကည္ ရင္းႏွီးေသြးစည္းညီညႊတ္ဖို႔ရယ္ ၿပီးေတာ့ ၿမိဳ႕ႀကီးျပႀကီးမွာ ေမြးဖြားလာတဲ့ မ်ိဳးဆက္သစ္လူငယ္ ေတြ အေနနဲ႔ ကိုယ့္႐ုိးရာ႔ဓေလ့ထံုးစံ အစစ္မွန္ကို သိေစခ်င္တဲ့ရည္ရြယ္ခ်က္နဲ႔ ဒီေရသဘင္ပြဲ က်င္းပရတာ ျဖစ္ပါတယ္ခင္ဗ်။  တကယ့္သႀကၤန္ရက္ဆိုရင္ တျခားပြဲေတြနဲ႔လည္း တိုက္ဆိုင္ၿပီး၊ မအားလပ္ၾကေတာ့ အခုလို သၾကၤန္မက်ခင္ ႀကိဳလုပ္လိုက္ရတာပါ။”



ဒီကေန႔ စုေပါင္းေရသဘင္ပြဲကို မနက္ ၁၀ နာရီက စတင္ကာ ေရသပၸါယ္ပူေဇာ္ခံမယ့္ ဘုရားဆင္းထုေတာ္ ၈ ဆူအား အိုးစည္ဗံုေမာင္းနဲ႔ စီတန္းလွည့္လည္ျခင္း၊ ရွမ္းသၾကၤန္ အထိမ္းအမွတ္ ေကာ္ဆြဲ႔ပန္းမ်ားပူေဇာ္ျခင္း၊ နဂါး႐ုပ္ပံုစံျပဳလုပ္ထားတဲ့ ေရစၾကၤာကေန ဘုရားေရ သပၸါယ္ျခင္း၊ သဲပံုေစတီလွဴဒါန္းျခင္း၊ အဖြဲ႔အစည္းအသီးသီးမွ ရွမ္း႐ုိးရာ မုန္႔ဖက္ထုတ္ စတုဒီသာ ေကၽြးေမြးလွဴဒါန္းျခင္း၊ အခ်င္းခ်င္းေရဖ်န္းပက္ကစားျခင္း၊ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ ျပဳလုပ္ခဲ့ၾက ပါတယ္။



ေျမာက္ပိုင္းရွမ္းဓေလ့ထံုးစံအရ  ေရသဘင္ပြဲမတိုင္ တရက္အလို လူပ်ိဳအပ်ိဳေမာင္မယ္ ေတြဟာ ေတာထဲသြားၿပီး ဒီအခ်ိန္မွာပြင့္ဖူးေလ့ရွိတဲ့ ေကာ္ဆြဲ႔ပန္းေတြ သြားေရာက္ဆြတ္ခူးကာ ဘုရားပူေဇာ္တဲ့ဓေလ့ရွိေၾကာင္း၊ မႏၱေလးမွာ ေကာ္ဆြဲ႔ပန္းမရွိတာမို႔ ရွမ္းျပည္ကေန တကူးတက မွာယူကာ ဓေလ့အတိုင္းအနီးစပ္ဆံုးျဖစ္ေအာင္ က်င္းပခဲ့တယ္လို႔  ပြဲစီစဥ္သူက ေျပာပါတယ္။



ဒီကေန႔ ေရသဘင္ပြဲကို ရွမ္းတိုင္းရင္းသား သာေရးနာေရးအသင္း၊ မႏၱေလးရွိ တကၠသိုလ္မ်ား ရွမ္းစာေပယဥ္ေက်းမႈအသင္း၊ ရွမ္းနီလူငယ္အသင္း၊ ရွမ္းနီလူမႈေရးအသင္း၊ ခႏၱီးရွမ္းအသင္း၊ မႏၱေလးေရာက္ ဗန္းေမာ္အသင္း၊ ဟိုပန္အသင္း၊ မူဆယ္၊ နမ့္ခမ္း၊ လား႐ိႈး၊ သီေပါ၊ ေက်ာက္မဲအစရွိတဲ့ ေဒသအသီးသီးက ရွမ္းတိုင္းရင္းသားေတြ၊ ယူနန္အသင္းနဲ႔ ဖိတ္ၾကား ထားတဲ့ ဧည့္သည္ေတြ၊ ပြဲျဖစ္ေျမာက္ေရး ပံ့ပိုးကူညီတဲ့ လုပ္ငန္းရွင္ေတြ ပါ၀င္ဆင္ႏဲႊခဲ့ၾကပါတယ္။



ရွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးက ရွမ္းတိုင္းရင္းသားမ်ားရဲ႕ စုေပါင္းေရသဘင္ပြဲေတာ္ ကိုတာ့ လာမယ့္ ဧၿပီလ ၁၉ ရက္ေန႔က်ရင္ ေရေအးကြင္းရပ္ကြက္ မွာက်င္းပသြားဖို႔ ရွိေနပါတယ္။

ဗုဒၶဘာသာ၀င္ ရွမ္းတိုင္းရင္းသားအမ်ားစုဟာ ႏွစ္စဥ္တန္ခူးလေရာက္တိုင္း အျခား ဗုဒၶဘာ သာ၀င္ေတြနည္းတူ ဘုရားေက်ာင္းကန္ ေစတီပုထိုးေတြေရသပၸါယ္ပူေဇာ္ျခင္း၊ အခ်င္းခ်င္း ေရပက္ကစားျခင္း၊ သက္ႀကီးပူေဇာ္ပြဲ၊ စတုဒီသာေကၽြးေမြးလွဴဒါန္းျခင္း၊ ၿမိဳ႕ေစာင့္နတ္ ရြာေစာင့္ နတ္ ပူေဇာ္ျခင္း၊ ၿမိဳ႕အ၀င္ရြာအ၀င္ အႏၱရာယ္ကင္းပရိတ္ရြတ္ျခင္းေတြ ျပဳေလ့ရွိၾကပါတယ္။



ေဒသအလိုက္ ဓေလ့ထံုးစံအနည္းငယ္ကြဲျပားေပမယ့္ ဗုဒၵဘာသာ၀င္တို႔ထံုးစံအရ ေအး ခ်မ္းေသာရာသီမွာ မီးပူေဇာ္ျခင္း၊ ပူအိုက္ေသာရာသီမွာ ေရလွဴျခင္းစတဲ့ အေျခခံသေဘာ တရားေတာ့ အတူတူဘဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


အထက်မြန်မာပြည် မန္တလေးမြို့မှာ ရှမ်းတိုင်းရင်းသားတွေစုပေါင်းပြီး ပထမဆုံးအကြိမ် ရေသဘင်ပွဲကို ဒီကနေ့မနက်က မဟာအောင်မြေရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားများ သာရေး နာရေး အသင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ဒေသအသီးသီးကနေ ရောက်ရှိနေထိုင်လာတဲ့ ရှမ်းတိုင်းရင်းသားအချင်းချင်းကြား ချစ်ကြ ည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှု ပိုမိုရရှိရေး၊  ရိုးရာဓလေ့ယဉ်ကျေးမှု ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ဒီရေသဘင်ပွဲကို ကျင်းပရတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီ စိုင်းအောင်မိုင်း (မိုတိုင်း)က ဒီဗွီဘီကို ပြောပါတယ်။

“ခါတိုင်းနှစ်တွေတော့ ကျနော်တို့ ကိုယ့်မိသားစုနဲ့ကိုယ် ဘုရားသွားကျောင်းတက်၊ ရေ သပ္ပါယ်တာတွေလုပ်တယ်လေ။ ဒီနှစ်တော့ ရန်ကုန်က ကျင်းပသွားတဲ့ ရှမ်းရိုးရာစုပေါင်းရေ သဘင်ပွဲကို အားကျတာရော၊ မန္တလေးရောက် ရှမ်းတိုင်းရင်းသားတွေအချင်းချင်း ပိုပြီးချစ်ကြည် ရင်းနှီးသွေးစည်းညီညွှတ်ဖို့ရယ် ပြီးတော့ မြို့ကြီးပြကြီးမှာ မွေးဖွားလာတဲ့ မျိုးဆက်သစ်လူငယ် တွေ အနေနဲ့ ကိုယ့်ရိုးရာ့ဓလေ့ထုံးစံ အစစ်မှန်ကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီရေသဘင်ပွဲ ကျင်းပရတာ ဖြစ်ပါတယ်ခင်ဗျ။  တကယ့်သြင်္ကန်ရက်ဆိုရင် တခြားပွဲတွေနဲ့လည်း တိုက်ဆိုင်ပြီး၊ မအားလပ်ကြတော့ အခုလို သြင်္ကန်မကျခင် ကြိုလုပ်လိုက်ရတာပါ။”

ဒီကနေ့ စုပေါင်းရေသဘင်ပွဲကို မနက် ၁၀ နာရီက စတင်ကာ ရေသပ္ပါယ်ပူဇော်ခံမယ့် ဘုရားဆင်းထုတော် ၈ ဆူအား အိုးစည်ဗုံမောင်းနဲ့ စီတန်းလှည့်လည်ခြင်း၊ ရှမ်းသြင်္ကန် အထိမ်းအမှတ် ကော်ဆွဲ့ပန်းများပူဇော်ခြင်း၊ နဂါးရုပ်ပုံစံပြုလုပ်ထားတဲ့ ရေစြင်္ကာကနေ ဘုရားရေ သပ္ပါယ်ခြင်း၊ သဲပုံစေတီလှူဒါန်းခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ရှမ်းရိုးရာ မုန့်ဖက်ထုတ် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း၊ အချင်းချင်းရေဖျန်းပက်ကစားခြင်း၊ ဖျော်ဖြေရေးအစီအစဉ်တွေ ပြုလုပ်ခဲ့ကြ ပါတယ်။

မြောက်ပိုင်းရှမ်းဓလေ့ထုံးစံအရ  ရေသဘင်ပွဲမတိုင် တရက်အလို လူပျိုအပျိုမောင်မယ် တွေဟာ တောထဲသွားပြီး ဒီအချိန်မှာပွင့်ဖူးလေ့ရှိတဲ့ ကော်ဆွဲ့ပန်းတွေ သွားရောက်ဆွတ်ခူးကာ ဘုရားပူဇော်တဲ့ဓလေ့ရှိကြောင်း၊ မန္တလေးမှာ ကော်ဆွဲ့ပန်းမရှိတာမို့ ရှမ်းပြည်ကနေ တကူးတက မှာယူကာ ဓလေ့အတိုင်းအနီးစပ်ဆုံးဖြစ်အောင် ကျင်းပခဲ့တယ်လို့  ပွဲစီစဉ်သူက ပြောပါတယ်။

ဒီကနေ့ ရေသဘင်ပွဲကို ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်း၊ မန္တလေးရှိ တက္ကသိုလ်များ ရှမ်းစာပေယဉ်ကျေးမှုအသင်း၊ ရှမ်းနီလူငယ်အသင်း၊ ရှမ်းနီလူမှုရေးအသင်း၊ ခန္တီးရှမ်းအသင်း၊ မန္တလေးရောက် ဗန်းမော်အသင်း၊ ဟိုပန်အသင်း၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲအစရှိတဲ့ ဒေသအသီးသီးက ရှမ်းတိုင်းရင်းသားတွေ၊ ယူနန်အသင်းနဲ့ ဖိတ်ကြား ထားတဲ့ ဧည့်သည်တွေ၊ ပွဲဖြစ်မြောက်ရေး ပံ့ပိုးကူညီတဲ့ လုပ်ငန်းရှင်တွေ ပါဝင်ဆင်နွဲှခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးက ရှမ်းတိုင်းရင်းသားများရဲ့ စုပေါင်းရေသဘင်ပွဲတော် ကိုတာ့ လာမယ့် ဧပြီလ ၁၉ ရက်နေ့ကျရင် ရေအေးကွင်းရပ်ကွက် မှာကျင်းပသွားဖို့ ရှိနေပါတယ်။

ဗုဒ္ဓဘာသာဝင် ရှမ်းတိုင်းရင်းသားအများစုဟာ နှစ်စဉ်တန်ခူးလရောက်တိုင်း အခြား ဗုဒ္ဓဘာ သာဝင်တွေနည်းတူ ဘုရားကျောင်းကန် စေတီပုထိုးတွေရေသပ္ပါယ်ပူဇော်ခြင်း၊ အချင်းချင်း ရေပက်ကစားခြင်း၊ သက်ကြီးပူဇော်ပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းခြင်း၊ မြို့စောင့်နတ် ရွာစောင့် နတ် ပူဇော်ခြင်း၊ မြို့အဝင်ရွာအဝင် အန္တရာယ်ကင်းပရိတ်ရွတ်ခြင်းတွေ ပြုလေ့ရှိကြပါတယ်။

ဒေသအလိုက် ဓလေ့ထုံးစံအနည်းငယ်ကွဲပြားပေမယ့် ဗုဒ္ဒဘာသာဝင်တို့ထုံးစံအရ အေး ချမ်းသောရာသီမှာ မီးပူဇော်ခြင်း၊ ပူအိုက်သောရာသီမှာ ရေလှူခြင်းစတဲ့ အခြေခံသဘော တရားတော့ အတူတူဘဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top