အမည္ – မသဲဆုေဝ

မိဘအမည္- ဦးသန္းဦး+ေဒၚသင္းသင္းေဝ

အသက္ – 23

ဇာတိ – က်ံဳကပ်ဥ္ဝရြာ ၊ ဝဲႀကီးေက်းရြာအုပ္စု ၊ ဝါးခယ္မၿမိဳ႕နယ္ ၊ဧရာဝတီတိုင္းေဒသႀကီး။

ငယ္စဥ္ကပင္ ေက်ာင္းစာပညာေရး၌ ထူးခြၽန္ခဲ့ၿပီး 2012တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ ဧရာဝတီတိုင္းအဆင့္ ဒုတိယ ၊ ျမန္မာတစ္ႏိုင္ငံလံုး အဆင့္ တတိယျဖင့္ ေအာင္ျမင္ခဲ့ပါတယ္။

ရန္ကုန္ပညာေရးတကၠသိုလ္ {2012-2013 ပညာသင္ႏွစ္}(ငါးႏွစ္သင္တန္း) 2nd batch တြင္ တက္ေရာက္ခဲ့ၿပီး တစ္ႏွစ္တစ္တန္းေအာင္ျမင္ကာ *2018*ခုႏွစ္ ၊ 12 လပိုင္းမွာ B.Edဘြဲ႔ ရ႐ွိခဲ့ပါတယ္။

ဝါးခယ္မၿမိဳ႕နယ္ ၊ စပါး႐ို ရြာ ၊ အထက္တန္းေက်ာင္းမွာအထက္တန္းျပ ဆရာမအေနျဖင့္ လုပ္သက္ တစ္ႏွစ္ရ႐ွိၿပီး ျဖစ္ပါတယ္။

ေႏြရာသီေက်ာင္းပိတ္ရက္အတြင္း ေနမေကာင္းျဖစ္၍အိမ္မည္းေဆးရံု၌ ေဆးကုသမႈ ခံယူရာ မသက္သာတဲ့အတြက္ ေျမာင္းျမေဆးရံု၊ေျမာင္းျမေဆးရံု မွ တစ္ဆင့္ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးသို႔ ေျပာင္းေရႊ႔တက္ေရာက္ၿပီး အေရးေပၚေဆးကုသမႈ႒ာန ၊ ေဆးကုသေဆာင္ (၂) ၊ အခန္း(၁၃၊၁၄)၌ ေဆးကုသလ်က္႐ွိပါတယ္။

ခႏၶာကိုယ္အပူခ်ိန္ (၁၀၀)ေအာက္ မက်ျခင္း ၊ ကိုယ္လက္္အလြန္အမင္း ကိုက္ခဲျခင္း၊ အဆုတ္တြင္း ေရဝင္ျခင္းေၾကာင့္ အသက္႐ွဴ မဝျခင္း ၊ အစာ မစားႏိုင္ျခင္း ၊ ( ၂၄)နာရီပတ္လံုးတြင္ ႏွစ္မိနစ္၊သံုးမိနစ္ခန္႔ အိပ္ေပ်ာ္လိုက္ ၊ လန္႔ႏိုးလိုက္ႏွင့္ ကေယာင္ကတမ္းျဖစ္ျခင္းတို႔ကို ခံစားရလ်က္ ႐ွိပါတယ္။

26.4.2019တြင္ resultသိရၿပီး ေရ႐ွည္ေက်ာက္ကပ္္ပ်က္စီးမႈ ျဖစ္ေၾကာင္း သိရၿပီး ေက်ာက္ကပ္ေဆးျခင္း၊ ေက်ာက္ကပ္အစားထိုးျခင္းတို႔ ျပဳလုပ္ႏိုင္ေၾကာင္း သိ႐ွိရပါတယ္။

ေက်ာက္ကပ္ေဆးမည္ဆိုပါက အသက္႐ွင္ေနသမွ် ကာလပတ္လံုး ေဆးေၾကာသြားရမည္ျဖစ္ေၾကာင္း ၊ တစ္ပတ္လွ်င္ သံုးႀကိမ္ေဆးရမည္ျဖစ္ေၾကာင္း၊ တစ္ခါေဆးလွ်င္ အျပင္စရိတ္မပါ က်ပ္ေလးေသာင္းခန္႔ ကုန္က်မည္ျဖစ္ေၾကာင္း ၊ တစ္ႏွစ္ပတ္လံုးျဖင့္ တြက္ေသာ္ ၊ သိန္း(၁၀၀)နီးပါးခန္႔ ကုန္က်ေနမည္ျဖစ္ေၾကာင္းတို႔ေၾကာင့္ ေက်ာက္ကပ္အစားထိုးရန္ ဆံုးျဖတ္ျဖစ္ၾကသည္။

အစားထိုးရာ၌ အစားထိုးမည့္ေက်ာက္ကပ္အတြက္္ေက်ာက္ကပ္အဖြဲ႔အစည္းမ်ားႏွင့္ ဆက္သြယ္ထားၿပီး ျဖစ္သည့္အျပင္္အဆင္မေျပပါက မိသားစုေဆြမ်ိဳးအတြင္းမွMedical check up ျပဳလုပ္၍ သင့္ေတာ္သူထံမွ ယူငင္အစားထိုးမည္ျဖစ္သည္။

သို႔ေသာ္္ အျခားတစ္ဖက္၌ ခြဲစိတ္ကုသမႈအတြက္ လိုအပ္ေသာ ဓာတ္ခြဲစမ္းသပ္မႈမ်ား (ဥပမာ-အသားစ စစ္ေဆးမႈ)အတြက္ ျပည္ပသို႔ ေပးပို႔ စစ္ေဆးရမည္ေၾကာင္း ၊ ခြဲစိတ္အစားထိုးၿပီးေနာက္လည္းRejectionမ်ာျဖစ္ေပၚလာႏိုင္ေစမည့္အတြက္ ေဆးရံုေဆးခန္း၌ပင္သံုးလခန္႔ေနရဦးမည္ျဖစ္ေၾကာင္း ၊ ေသာက္ေဆး၊ စားေဆးႏွင့္ ႏွစ္ခ်ဳပ္ေဆးမ်ား ၊ အျပင္စရိတ္မ်ားအတြက္ပါဆိုလ်ွင္ က်ပ္သိန္း တစ္ရာ့ငါးဆယ္ႏွင့္အထက္ ကုန္က်မည့္အေၾကာင္း ခန္႔မွန္းထားသည္။

မိသားစုေဆြမ်ိဳးမ်ားႏွင့္ တိုင္ပင္ရာ က်ပ္သိန္း ငါးဆယ္ခန္႔ပင္ ႀကိဳးစား႐ွာေဖြရဦးမည္ျဖစ္ရာ က်န္ က်ပ္ သိန္းတစ္ရာခန္႔အတြက္ ၾကံရာမရ ျဖစ္ေနခ်ိန္တြင္ 2nd batchဆင္း သူငယ္ခ်င္း ငါးဦးမွ မိမိတို႔၏တစ္လ လစာေငြ က်ပ္ ႏွစ္သိန္းစီအား ပါဝင္အားျဖည့္မည္ျဖစ္ေၾကာင္းႏွင့္က်န္ သူငယ္ခ်င္းမ်ားထံလည္း အေၾကာင္းၾကားဆက္သြယ္ေပးထားမည္ျဖစ္ေၾကာင္း ေျပာၾကားလာေလရာ ၄င္းတို႔ကဲ့သို႔ ပါဝင္အားျဖည့္မည့္သူမ်ားတိုးလာမည့္အေရးအား စိတ္အားတက္ရပါသည္။

ထို႔ေနာက္ သူငယ္ခ်င္းတစ္စု ဆက္လက္တိုင္ပင္ၾကည့္ရာက်န္ 2nd batch မွ သူငယ္ခ်င္းမ်ား ၊ ဆရာႀကီး ဆရာမႀကီးမ်ား ၊ပညာေရးအသိုင္းအဝိုင္းႏွင့္ က်န္ အသိမိတ္ေဆြမ်ားထံမွလည္း ဆက္လက္ရ႐ွိႏိုင္ေသးေၾကာင္း သိ႐ွိရသျဖင့္ ဤ post အား တင္ရျခင္း ျဖစ္ပါသည္။ေငြေရးေၾကးေရးအရ ပါဝင္အားျဖည့္ ကူညီလိုသူမ်ားအေနျဖင့္ ကြၽန္ေတာ့္အေကာင့္ရဲ႕Chat box မွ တစ္ဆင့္ ျဖစ္ေစ

ကြၽန္ေတာ့္ဖုန္းနံပါတ္္

09441817753 သို႔ျဖစ္ေစ ဆက္သြယ္အေၾကာင္းၾကား ပါဝင္အား

ျဖည့္ႏိုင္ပါေၾကာင္း……….. ။

ကာယ ၊ စိတၱ ႏွစ္ျဖာေသာ သုခနဲ႔ ျပည့္စံုႏိုင္ၾကပါေစ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:thutasone
#Unicode Version#
အမည် – မသဲဆုဝေ

မိဘအမည်- ဦးသန်းဦး+ဒေါ်သင်းသင်းဝေ

အသက် – 23

ဇာတိ – ကျုံကပျဉ်ဝရွာ ၊ ဝဲကြီးကျေးရွာအုပ်စု ၊ ဝါးခယ်မမြို့နယ် ၊ဧရာဝတီတိုင်းဒေသကြီး။

ငယ်စဉ်ကပင် ကျောင်းစာပညာရေး၌ ထူးချွန်ခဲ့ပြီး 2012တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဧရာဝတီတိုင်းအဆင့် ဒုတိယ ၊ မြန်မာတစ်နိုင်ငံလုံး အဆင့် တတိယဖြင့် အောင်မြင်ခဲ့ပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် {2012-2013 ပညာသင်နှစ်}(ငါးနှစ်သင်တန်း) 2nd batch တွင် တက်ရောက်ခဲ့ပြီး တစ်နှစ်တစ်တန်းအောင်မြင်ကာ *2018*ခုနှစ် ၊ 12 လပိုင်းမှာ B.Edဘွဲ့ ရရှိခဲ့ပါတယ်။

ဝါးခယ်မမြို့နယ် ၊ စပါးရို ရွာ ၊ အထက်တန်းကျောင်းမှာအထက်တန်းပြ ဆရာမအနေဖြင့် လုပ်သက် တစ်နှစ်ရရှိပြီး ဖြစ်ပါတယ်။

နွေရာသီကျောင်းပိတ်ရက်အတွင်း နေမကောင်းဖြစ်၍အိမ်မည်းဆေးရုံ၌ ဆေးကုသမှု ခံယူရာ မသက်သာတဲ့အတွက် မြောင်းမြဆေးရုံ၊မြောင်းမြဆေးရုံ မှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့တက်ရောက်ပြီး အရေးပေါ်ဆေးကုသမှုဋ္ဌာန ၊ ဆေးကုသဆောင် (၂) ၊ အခန်း(၁၃၊၁၄)၌ ဆေးကုသလျက်ရှိပါတယ်။

ခန္ဓာကိုယ်အပူချိန် (၁၀၀)အောက် မကျခြင်း ၊ ကိုယ်လက်အလွန်အမင်း ကိုက်ခဲခြင်း၊ အဆုတ်တွင်း ရေဝင်ခြင်းကြောင့် အသက်ရှူ မဝခြင်း ၊ အစာ မစားနိုင်ခြင်း ၊ ( ၂၄)နာရီပတ်လုံးတွင် နှစ်မိနစ်၊သုံးမိနစ်ခန့် အိပ်ပျော်လိုက် ၊ လန့်နိုးလိုက်နှင့် ကယောင်ကတမ်းဖြစ်ခြင်းတို့ကို ခံစားရလျက် ရှိပါတယ်။

26.4.2019တွင် resultသိရပြီး ရေရှည်ကျောက်ကပ်ပျက်စီးမှု ဖြစ်ကြောင်း သိရပြီး ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်အစားထိုးခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရှိရပါတယ်။

ကျောက်ကပ်ဆေးမည်ဆိုပါက အသက်ရှင်နေသမျှ ကာလပတ်လုံး ဆေးကြောသွားရမည်ဖြစ်ကြောင်း ၊ တစ်ပတ်လျှင် သုံးကြိမ်ဆေးရမည်ဖြစ်ကြောင်း၊ တစ်ခါဆေးလျှင် အပြင်စရိတ်မပါ ကျပ်လေးသောင်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ၊ တစ်နှစ်ပတ်လုံးဖြင့် တွက်သော် ၊ သိန်း(၁၀၀)နီးပါးခန့် ကုန်ကျနေမည်ဖြစ်ကြောင်းတို့ကြောင့် ကျောက်ကပ်အစားထိုးရန် ဆုံးဖြတ်ဖြစ်ကြသည်။

အစားထိုးရာ၌ အစားထိုးမည့်ကျောက်ကပ်အတွက်ကျောက်ကပ်အဖွဲ့အစည်းများနှင့် ဆက်သွယ်ထားပြီး ဖြစ်သည့်အပြင်အဆင်မပြေပါက မိသားစုဆွေမျိုးအတွင်းမှMedical check up ပြုလုပ်၍ သင့်တော်သူထံမှ ယူငင်အစားထိုးမည်ဖြစ်သည်။

သို့သော် အခြားတစ်ဖက်၌ ခွဲစိတ်ကုသမှုအတွက် လိုအပ်သော ဓာတ်ခွဲစမ်းသပ်မှုများ (ဥပမာ-အသားစ စစ်ဆေးမှု)အတွက် ပြည်ပသို့ ပေးပို့ စစ်ဆေးရမည်ကြောင်း ၊ ခွဲစိတ်အစားထိုးပြီးနောက်လည်းRejectionမျာဖြစ်ပေါ်လာနိုင်စေမည့်အတွက် ဆေးရုံဆေးခန်း၌ပင်သုံးလခန့်နေရဦးမည်ဖြစ်ကြောင်း ၊ သောက်ဆေး၊ စားဆေးနှင့် နှစ်ချုပ်ဆေးများ ၊ အပြင်စရိတ်များအတွက်ပါဆိုလျှင် ကျပ်သိန်း တစ်ရာ့ငါးဆယ်နှင့်အထက် ကုန်ကျမည့်အကြောင်း ခန့်မှန်းထားသည်။

မိသားစုဆွေမျိုးများနှင့် တိုင်ပင်ရာ ကျပ်သိန်း ငါးဆယ်ခန့်ပင် ကြိုးစားရှာဖွေရဦးမည်ဖြစ်ရာ ကျန် ကျပ် သိန်းတစ်ရာခန့်အတွက် ကြံရာမရ ဖြစ်နေချိန်တွင် 2nd batchဆင်း သူငယ်ချင်း ငါးဦးမှ မိမိတို့၏တစ်လ လစာငွေ ကျပ် နှစ်သိန်းစီအား ပါဝင်အားဖြည့်မည်ဖြစ်ကြောင်းနှင့်ကျန် သူငယ်ချင်းများထံလည်း အကြောင်းကြားဆက်သွယ်ပေးထားမည်ဖြစ်ကြောင်း ပြောကြားလာလေရာ ၎င်းတို့ကဲ့သို့ ပါဝင်အားဖြည့်မည့်သူများတိုးလာမည့်အရေးအား စိတ်အားတက်ရပါသည်။

ထို့နောက် သူငယ်ချင်းတစ်စု ဆက်လက်တိုင်ပင်ကြည့်ရာကျန် 2nd batch မှ သူငယ်ချင်းများ ၊ ဆရာကြီး ဆရာမကြီးများ ၊ပညာရေးအသိုင်းအဝိုင်းနှင့် ကျန် အသိမိတ်ဆွေများထံမှလည်း ဆက်လက်ရရှိနိုင်သေးကြောင်း သိရှိရသဖြင့် ဤ post အား တင်ရခြင်း ဖြစ်ပါသည်။ငွေရေးကြေးရေးအရ ပါဝင်အားဖြည့် ကူညီလိုသူများအနေဖြင့် ကျွန်တော့်အကောင့်ရဲ့Chat box မှ တစ်ဆင့် ဖြစ်စေ

ကျွန်တော့်ဖုန်းနံပါတ်

09441817753 သို့ဖြစ်စေ ဆက်သွယ်အကြောင်းကြား ပါဝင်အား

ဖြည့်နိုင်ပါကြောင်း……….. ။

ကာယ ၊ စိတ္တ နှစ်ဖြာသော သုခနဲ့ ပြည့်စုံနိုင်ကြပါစေ။

ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top