သ႐ုပ္ေဆာင္မင္းထက္ကိုကာမလိမ္လည္မႈနဲ႔တရားစြဲဆိုထားတဲ့ႏွင္းအိေ႐ႊရည္ကဒီအမႈကလက္ရွိမွာသက္ေသေတြတင္တိုင္း အျငင္းပြားမႈနဲ႔ ရပ္ရပ္ေနတယ္လို႔ ဧရာဝတီကို ေျပာပါတယ္။

“႐ုံးခ်ိန္းက တရားလို ထြက္ဆိုခ်က္ကိုရပ္ဆိုင္းေပးဖို႔သူတို႔ေတာင္းဆိုတယ္။ဘာလို႔ဆိုသူတို႔ေနျပည္ေတာ္တိုင္းတရား႐ုံးအထိ ႐ုံးေျပာင္းTransferကိစၥကိုေလွ်ာက္ထားတယ္။ဒါေပမဲ့ေနျပည္ေတာ္ကလက္ခံမခံမသိရေသးဘဲစစ္ေဆးမႈကိုရပ္ဆိုင္းလိုက္လို႔ မရဘူးလို႔ က်မေရွ႕ေနက ေလွ်ာက္လိုက္တယ္။ အဲ့ဒါေၾကာင့္တရားလိုထြက္ဆိုခြင့္ ရခဲ့တယ္။ ဒါေပမဲ့ အမ်ားႀကီးေတာင္ မေျပာလိုက္ရဘူး။ သူနဲ႔ က်မနဲ႔ စေတြ႕တဲ့ေနရာမွာတင္အမႈကအျငင္းပြားၿပီးရပ္သြားတယ္”လို႔ႏွင္းအိေ႐ႊရည္ကေျပာပါတယ္။

“သူနဲ႔က်မနဲ႔ စေတြ႕ခဲ့တာ၂၀၀၈႐ုပ္ရွင္အစည္းအ႐ုံးသ႐ုပ္ေဆာင္သင္တန္းမွာ။သင္တန္းဆင္းလက္မွတ္လည္းထုတ္ျပတယ္။ အဲ့ဒါကိုသူတို႔ေရွ႕ေနကဒီလက္မွတ္ကအစိုးရကေပးထားတဲ့တရားဝင္လက္မွတ္လို႔ယူဆလို႔မရဘူးတဲ့။အဲ့အတြက္အဲ့လက္မွတ္မွာ လက္မွတ္ထိုးထားတဲ့ အစည္းအ႐ုံး ဥကၠ႒ကလာၿပီးသက္ေသထြက္ဆိုေပးမယ္ဆိုရင္လက္ခံမယ္တဲ့။မျဖစ္ႏိုင္တာေတြ လာေတာင္းဆိုေနတယ္”
"တင္တဲ့ သက္ေသေတြ ပယ္ခ်လို႔ အမႈ ဆက္မစစ္ႏိုင္ေသးဘူး"လို႔ေျပာလာတဲ့ ႏွင္းအိေ႐ႊရည္ 1

“အစည္းအ႐ုံးက အဲ့၂၀၀၈က ျပန္ၾကားေရးဝန္ႀကီးဌာန လက္ေအာက္မွာရွိတယ္။ အဲ့ဒါကိုသူ႔ေရွ႕ေနက စာမတတ္တာလား၊ မသိတာလား တမင္ညစ္တာလား မသိဘူး”လို႔ ႏွင္းအိေ႐ႊရည္က ေျပာပါတယ္။ေနာက္ထပ္ ႐ုံးခ်ိန္းကို ေမလ၂ ရက္ေန႔ ျပန္လည္ခ်ိန္းဆိုထားေပမယ့္ ေနျပည္ေတာ္က အမႈလက္ခံခဲ့ရင္ေတာ့ ေနျပည္ေတာ္ အထိသြားရမွာ ျဖစ္ၿပီးေနျပည္ေတာ္က လက္မခံပါေစနဲ႔လို႔ ဆုေတာင္းေနရတယ္လို႔ ႏွင္းအိေ႐ႊရည္က ဆိုပါတယ္။

“အဲ့ဒါကို လာမယ့္ ၂ရက္ေန႔မွာ က်မတို႔ဘက္က ေလွ်ာက္လဲခ်က္ ေရးတင္ရမယ္။ အဲ့ေတာ့မွ သူနဲ႔ က်မနဲ႔၂၀၀၈ကတည္းက စသိခဲ့တယ္ဆိုတာ အတည္ယူရမွာ။ အဲ့ဒါေၾကာင့္ ေျပာလိုက္တယ္။ သူနဲ႔က်မနဲ႔ ဘယ္အခ်ိန္ကစေတြ႕တယ္ဆိုတာထက္ က်မနဲ႔ ပတ္သက္ခဲ့တာက အဓိကပဲေလ။ ဘယ္အခ်ိန္မွာ စေတြ႕ေတြ႕ ဒီကေလး သူ႔ကေလးဆိုတာကို အဓိကေျပာရမွာ။ အဲ့ဒါကို သူတို႔က အဲ့ဒီေနရာကို ေရာက္မွာစိုးလို႔ သက္သက္မဲ့ လုပ္ႀကံေနတာ။ အခုထိေတာ့ ႐ုံးမေျပာင္းရေသးဘူး”
"တင္တဲ့ သက္ေသေတြ ပယ္ခ်လို႔ အမႈ ဆက္မစစ္ႏိုင္ေသးဘူး"လို႔ေျပာလာတဲ့ ႏွင္းအိေ႐ႊရည္ 2

“သူတို႔က ေျပာင္းဖို႔ ကိစၥကိုမ်ိဳးစုံႀကိဳးစားေနတယ္။ ၿမိဳ႕နယ္မွာလည္း က်မ ႏိုင္ခဲ့တယ္။ ခ႐ိုင္မွာလည္း ႏိုင္တယ္။ အဲ့ဒါကို မေက်နပ္ေသးလို႔ေနျပည္ေတာ္အထိသူတို႔ကတက္ထားတယ္။ေနျပည္ေတာ္ကအမႈလက္ခံခဲ့ရင္ေတာ့က်မေနျပည္ေတာ္အထိသြားရ မယ္။ ေနျပည္ေတာ္က လက္မခံပါေစနဲ႔ ဆုေတာင္းေနရတယ္” လို႔ ႏွင္းအိေ႐ႊရည္က ေျပာပါတယ္။

ႏွင္းအိေ႐ႊရည္အေနနဲ႔ သ႐ုပ္ေဆာင္ မင္းထက္ကို စက္တင္ဘာလ ၂၇ရက္ေန႔က ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ တရား႐ုံးမွာ ကာမလိမ္လည္ရယူမႈ ရာဇသတ္ႀကီးပုဒ္မ ၄၁၇ ျဖင့္ တရားစြဲဆိုခဲ့တာျဖစ္ၿပီး ဧၿပီ ၂၂ရက္ေန႔မွာေတာ့ ႐ုံးခ်ိန္းေခၚယူမႈ ေနာက္ဆုံးျပဳလုပ္ထားတာ ျဖစ္ပါတယ္။

ႏွင္းအိေ႐ႊရည္နဲ႔ မင္းထက္တို႔ဟာ လြန္ခဲ့တဲ့ ၅ ႏွစ္ေက်ာ္အတြင္းမွာ ခ်စ္ႀကိဳက္ခဲ့ၾကၿပီး သမီးေလးတဦး ေမြးဖြားခဲ့တာျဖစ္ကာ တရားဝင္ လက္ထပ္ထားျခင္း မရွိဘူးလို႔ သိရပါတယ္။ ယခုလက္ရွိမွာေတာ့ သ႐ုပ္ေဆာင္မင္းထက္နဲ႔ စိုးနႏၵာေက်ာ္တို႔က တရားဝင္ လက္ထပ္ထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Irrawaddy lifestyle
#Unicode Version#
သရုပ်ဆောင်မင်းထက်ကိုကာမလိမ်လည်မှုနဲ့တရားစွဲဆိုထားတဲ့နှင်းအိရွှေရည်ကဒီအမှုကလက်ရှိမှာသက်သေတွေတင်တိုင်း အငြင်းပွားမှုနဲ့ ရပ်ရပ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ရုံးချိန်းက တရားလို ထွက်ဆိုချက်ကိုရပ်ဆိုင်းပေးဖို့သူတို့တောင်းဆိုတယ်။ဘာလို့ဆိုသူတို့နေပြည်တော်တိုင်းတရားရုံးအထိ ရုံးပြောင်းTransferကိစ္စကိုလျှောက်ထားတယ်။ဒါပေမဲ့နေပြည်တော်ကလက်ခံမခံမသိရသေးဘဲစစ်ဆေးမှုကိုရပ်ဆိုင်းလိုက်လို့ မရဘူးလို့ ကျမရှေ့နေက လျှောက်လိုက်တယ်။ အဲ့ဒါကြောင့်တရားလိုထွက်ဆိုခွင့် ရခဲ့တယ်။ ဒါပေမဲ့ အများကြီးတောင် မပြောလိုက်ရဘူး။ သူနဲ့ ကျမနဲ့ စတွေ့တဲ့နေရာမှာတင်အမှုကအငြင်းပွားပြီးရပ်သွားတယ်”လို့နှင်းအိရွှေရည်ကပြောပါတယ်။

“သူနဲ့ကျမနဲ့ စတွေ့ခဲ့တာ၂၀၀၈ရုပ်ရှင်အစည်းအရုံးသရုပ်ဆောင်သင်တန်းမှာ။သင်တန်းဆင်းလက်မှတ်လည်းထုတ်ပြတယ်။ အဲ့ဒါကိုသူတို့ရှေ့နေကဒီလက်မှတ်ကအစိုးရကပေးထားတဲ့တရားဝင်လက်မှတ်လို့ယူဆလို့မရဘူးတဲ့။အဲ့အတွက်အဲ့လက်မှတ်မှာ လက်မှတ်ထိုးထားတဲ့ အစည်းအရုံး ဥက္ကဋ္ဌကလာပြီးသက်သေထွက်ဆိုပေးမယ်ဆိုရင်လက်ခံမယ်တဲ့။မဖြစ်နိုင်တာတွေ လာတောင်းဆိုနေတယ်”
"တင်တဲ့ သက်သေတွေ ပယ်ချလို့ အမှု ဆက်မစစ်နိုင်သေးဘူး"လို့ပြောလာတဲ့ နှင်းအိရွှေရည် 1

“အစည်းအရုံးက အဲ့၂၀၀၈က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတယ်။ အဲ့ဒါကိုသူ့ရှေ့နေက စာမတတ်တာလား၊ မသိတာလား တမင်ညစ်တာလား မသိဘူး”လို့ နှင်းအိရွှေရည်က ပြောပါတယ်။နောက်ထပ် ရုံးချိန်းကို မေလ၂ ရက်နေ့ ပြန်လည်ချိန်းဆိုထားပေမယ့် နေပြည်တော်က အမှုလက်ခံခဲ့ရင်တော့ နေပြည်တော် အထိသွားရမှာ ဖြစ်ပြီးနေပြည်တော်က လက်မခံပါစေနဲ့လို့ ဆုတောင်းနေရတယ်လို့ နှင်းအိရွှေရည်က ဆိုပါတယ်။

“အဲ့ဒါကို လာမယ့် ၂ရက်နေ့မှာ ကျမတို့ဘက်က လျှောက်လဲချက် ရေးတင်ရမယ်။ အဲ့တော့မှ သူနဲ့ ကျမနဲ့၂၀၀၈ကတည်းက စသိခဲ့တယ်ဆိုတာ အတည်ယူရမှာ။ အဲ့ဒါကြောင့် ပြောလိုက်တယ်။ သူနဲ့ကျမနဲ့ ဘယ်အချိန်ကစတွေ့တယ်ဆိုတာထက် ကျမနဲ့ ပတ်သက်ခဲ့တာက အဓိကပဲလေ။ ဘယ်အချိန်မှာ စတွေ့တွေ့ ဒီကလေး သူ့ကလေးဆိုတာကို အဓိကပြောရမှာ။ အဲ့ဒါကို သူတို့က အဲ့ဒီနေရာကို ရောက်မှာစိုးလို့ သက်သက်မဲ့ လုပ်ကြံနေတာ။ အခုထိတော့ ရုံးမပြောင်းရသေးဘူး”
"တင်တဲ့ သက်သေတွေ ပယ်ချလို့ အမှု ဆက်မစစ်နိုင်သေးဘူး"လို့ပြောလာတဲ့ နှင်းအိရွှေရည် 2

“သူတို့က ပြောင်းဖို့ ကိစ္စကိုမျိုးစုံကြိုးစားနေတယ်။ မြို့နယ်မှာလည်း ကျမ နိုင်ခဲ့တယ်။ ခရိုင်မှာလည်း နိုင်တယ်။ အဲ့ဒါကို မကျေနပ်သေးလို့နေပြည်တော်အထိသူတို့ကတက်ထားတယ်။နေပြည်တော်ကအမှုလက်ခံခဲ့ရင်တော့ကျမနေပြည်တော်အထိသွားရ မယ်။ နေပြည်တော်က လက်မခံပါစေနဲ့ ဆုတောင်းနေရတယ်” လို့ နှင်းအိရွှေရည်က ပြောပါတယ်။

နှင်းအိရွှေရည်အနေနဲ့ သရုပ်ဆောင် မင်းထက်ကို စက်တင်ဘာလ ၂၇ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးမှာ ကာမလိမ်လည်ရယူမှု ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဧပြီ ၂၂ရက်နေ့မှာတော့ ရုံးချိန်းခေါ်ယူမှု နောက်ဆုံးပြုလုပ်ထားတာ ဖြစ်ပါတယ်။

နှင်းအိရွှေရည်နဲ့ မင်းထက်တို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်အတွင်းမှာ ချစ်ကြိုက်ခဲ့ကြပြီး သမီးလေးတဦး မွေးဖွားခဲ့တာဖြစ်ကာ တရားဝင် လက်ထပ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ ယခုလက်ရှိမှာတော့ သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့က တရားဝင် လက်ထပ်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:The Irrawaddy lifestyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top