ထိုင္းနိုင္ငံသား လိင္ေျပာင္းထားသူတစ္ဦးသည္ ထိုင္း-ျမန္မာနယ္စပ္၌ လူကုန္ကူးခံရနိုင္ဖြယ္ ရွိၿပီး ဒုကၡေရာက္ေနေၾကာင္းႏွင့္ ရွာေဖြကယ္တင္ေပးရန္ ထိုင္းရဲတပ္ဖြဲ႕၏ အကူအညီေတာင္းခံခ်က္ အရ

၃-၄-၂၀၁၉ ရက္၊ ၀၉၃၀ ခ်ိန္တြင္ ထိုင္းနိုင္ငံသား Trans Gender Woman ကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့ၿပီးျပန္လည္ကယ္တင္နိုင္ခဲ့ပါသည္။ ၎ထိုင္းနိုင္ငံသားသည္ Night Club တစ္ခုတြင္ ၁၁-၁-၂၀၁၉ ရက္မွစ၍ စားပြဲထိုးအျဖစ္ အလုပ္လုပ္ကိုင္ေနရေၾကာင္း၊

အလုပ္ရွင္မွ ၎၏ထိုင္းနိုင္ငံကူးလက္မွတ္ကို သိမ္းဆည္းထားေသာေၾကာင့္ ထိုင္းနိုင္ငံသို႔ ျပန္ခြင့္ မရဘဲ စားပြဲထိုးအလုပ္ကိုလုပ္ကိုင္ေနရေၾကာင္း သိရွိရပါသည္။

အလားတူ ျမန္မာနိုင္ငံႏွင့္ တ႐ုတ္နိုင္ငံနယ္စပ္တြင္ ဗီယက္နမ္နိုင္ငံသူ (၂)ဦး လူကုန္ကူး ခံရၿပီး ဒုကၡေရာက္ေနေၾကာင္း ဗီယက္နမ္ရဲတပ္ဖြဲ႕၏ သတင္းေပးပို႔ခ်က္အရ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕ကရွာေဖြခဲ့ရာ

၁၉-၃-၂၀၁၉ ရက္၊ ၁၇၅၀ ခ်ိန္တြင္ ဗီယက္နမ္နိုင္ငံသူ(၂)ဦးကို ကယ္တင္နိုင္ခဲ့ပါသည္။ ၎တို႔အားစိစစ္ခဲ့ရာ တ႐ုတ္အမ်ိဳးသားႏွင့္ လက္ထပ္ထားသည့္ ဗီယက္နမ္ နိုင္ငံသူတစ္ဦးမွဝင္ေငြေကာင္းသည့္ အလုပ္ရမည္ဟု စည္း႐ုံးေခၚေဆာင္ၿပီး ျပည့္တန္ဆာ အျဖစ္ အဓမၼခိုင္းေစခံခဲ့ရေၾကာင္း သိရွိရပါသည္။

၎တို႔ကို သက္ဆိုင္ရာ နိုင္ငံအသီးသီးသို႔ ျပန္လည္လႊဲေျပာင္းနိုင္ေရးစီစဥ္ေဆာင္ရြက္လၽွက္ ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိုင်းနိုင်ငံသား လိင်ပြောင်းထားသူတစ်ဦးသည် ထိုင်း-မြန်မာနယ်စပ်၌ လူကုန်ကူးခံရနိုင်ဖွယ် ရှိပြီး ဒုက္ခရောက်နေကြောင်းနှင့် ရှာဖွေကယ်တင်ပေးရန် ထိုင်းရဲတပ်ဖွဲ့၏ အကူအညီတောင်းခံချက် အရ

၃-၄-၂၀၁၉ ရက်၊ ၀၉၃၀ ချိန်တွင် ထိုင်းနိုင်ငံသား Trans Gender Woman ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးပြန်လည်ကယ်တင်နိုင်ခဲ့ပါသည်။ ၎င်းထိုင်းနိုင်ငံသားသည် Night Club တစ်ခုတွင် ၁၁-၁-၂၀၁၉ ရက်မှစ၍ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်နေရကြောင်း၊

အလုပ်ရှင်မှ ၎င်း၏ထိုင်းနိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းထားသောကြောင့် ထိုင်းနိုင်ငံသို့ ပြန်ခွင့် မရဘဲ စားပွဲထိုးအလုပ်ကိုလုပ်ကိုင်နေရကြောင်း သိရှိရပါသည်။

အလားတူ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်တွင် ဗီယက်နမ်နိုင်ငံသူ (၂)ဦး လူကုန်ကူး ခံရပြီး ဒုက္ခရောက်နေကြောင်း ဗီယက်နမ်ရဲတပ်ဖွဲ့၏ သတင်းပေးပို့ချက်အရ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ကရှာဖွေခဲ့ရာ

၁၉-၃-၂၀၁၉ ရက်၊ ၁၇၅၀ ချိန်တွင် ဗီယက်နမ်နိုင်ငံသူ(၂)ဦးကို ကယ်တင်နိုင်ခဲ့ပါသည်။ ၎င်းတို့အားစိစစ်ခဲ့ရာ တရုတ်အမျိုးသားနှင့် လက်ထပ်ထားသည့် ဗီယက်နမ် နိုင်ငံသူတစ်ဦးမှဝင်ငွေကောင်းသည့် အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်ပြီး ပြည့်တန်ဆာ အဖြစ် အဓမ္မခိုင်းစေခံခဲ့ရကြောင်း သိရှိရပါသည်။

၎င်းတို့ကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းနိုင်ရေးစီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top