ယီမင္ စာသင္ေက်ာင္းတခုအနီး ဒုံးက်ည္ေပါက္ကြဲ၊ ၁၃ ဦးေသဆုံးၿပီး ၈၇ ဦး ဒဏ္ရာရ
ယီမင္ႏုိင္ငံ ၿမိဳ႕ေတာ္ဆာနာက စာသင္ေက်ာင္းတခုနားမွာ ဧၿပီ ၇ ရက္ေန႔က ဒုံးက်ည္ေပါက္ကြဲခ်ိန္ ေက်ာင္းသားေတြ အလန္႔တၾကား ထြက္ေျပးၾကတာေၾကာင့္ လူနင္းမိလုိ႔ ေသဆုံး ဒဏ္ရာရခဲဲ့ၾကပါတယ္။
အဲဒီဒုံးက်ည္ ေပါက္ကြဲမႈေၾကာင့္ အရပ္သား ၁၃ ဦး ေသဆုံးၿပီး ၈၇ ဦး ဒဏ္ရာရခဲ့ပါတယ္။
ေသဆုံး ဒဏ္ရာရသူ အမ်ားစုက ဆာဝန္ခ႐ုိင္က မိန္းကေလးသီးသန္႔ အလယ္တန္းေက်ာင္း တခုက ေက်ာင္းသူေတြလုိ႔ ေဒသခံ က်န္းမာေရးအာဏာပုိင္ေတြက ေျပာပါတယ္။
ေပါက္ကြဲအားျပင္းတာေၾကာင့္ မီတာ ၃၀၀ အကြာမွာရွိတဲ့ စာသင္ေက်ာင္းရဲ႕ မွန္ျပတင္းေတြ ကြဲသြားခဲ့ပါတယ္။
အဲဒီခ်ိန္မွာ ေက်ာင္းသူ ၂၀၀၀ ေက်ာ္ဟာ ႐ုတ္တရက္ ႐ုန္းရင္းဆန္ခတ္ ထြက္ေျပးၾကခ်ိန္ ေက်ာင္းသူ ေလးငါးဦးေလာက္ဟာ လူအုပ္နင္းခံရလုိ႔ ေသဆုံးခဲ့ၿပီး ၁၁ ဦး ဒဏ္ရာရခဲ့တယ္လုိ႔ ဒဏ္ရာရခဲ့တဲ့ ေက်ာင္းသူတဦးက ေျပာပါတယ္။
ေဆာ္ဒီဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔ဟာ ဆာနာၿမိဳ႕စြန္ဘက္မွာ ေလေၾကာင္းတုိက္ခုိက္မႈေတြ လုပ္ခဲ့ၿပီး တနဂၤေႏြေန႔ မြန္းလြဲပုိင္းက ဟူသီသူပုန္ေတြ ေျခကုပ္ယူထားတဲ့ ေနရာလုိ႔ ယူဆရတဲ့ လူေနဧရိယာတခုကုိ ဒုံးက်ည္သုံးခုနဲ႔ ပစ္ခတ္ခဲ့ပါတယ္။
ညြန္႔ေပါင္းအဖြဲ႔က သူတုိ႔အေနနဲ႔ ဟူသီသူပုန္ေတြကုိ ပစ္မွတ္ထားတာလုိ႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ တုိက္ခုိက္ခံရတဲ့ေနရာမွာ ဘာစစ္ေရးအေဆာက္အအုံမွ မရွိဘဲ လူေနအိမ္နဲ႔ ေစ်းဆုိင္ေတြပဲ ရွိတယ္လုိ႔ ဟူသီသူပုန္ဘက္က တုံ႔ျပန္ခဲ့ပါတယ္။
အဲဒီလုိျဖစ္ရပ္ေတြကို စိုိးရိမ္ေနၾကခ်ိန္မွာ ယီမင္မိဘတခ်ဳိ႕ဟာ သူတုိ႔ရဲ႕ကေလးေတြကုိ စာသင္ေက်ာင္းဆီ မလႊတ္ေတာ့တာေၾကာင့္ ကေလးငယ္ေတာ္ေတာ္မ်ားမ်ားဟာ ပညာသင္ဖုိ႔ အခြင့္အေရး ေႏွာင့္ေႏွးေနရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ယီမင်နိုင်ငံ မြို့တော်ဆာနာက စာသင်ကျောင်းတခုနားမှာ ဧပြီ ၇ ရက်နေ့က ဒုံးကျည်ပေါက်ကွဲချိန် ကျောင်းသားတွေ အလန့်တကြား ထွက်ပြေးကြတာကြောင့် လူနင်းမိလို့ သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။
အဲဒီဒုံးကျည် ပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
သေဆုံး ဒဏ်ရာရသူ အများစုက ဆာဝန်ခရိုင်က မိန်းကလေးသီးသန့် အလယ်တန်းကျောင်း တခုက ကျောင်းသူတွေလို့ ဒေသခံ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲအားပြင်းတာကြောင့် မီတာ ၃၀၀ အကွာမှာရှိတဲ့ စာသင်ကျောင်းရဲ့ မှန်ပြတင်းတွေ ကွဲသွားခဲ့ပါတယ်။
အဲဒီချိန်မှာ ကျောင်းသူ ၂၀၀၀ ကျော်ဟာ ရုတ်တရက် ရုန်းရင်းဆန်ခတ် ထွက်ပြေးကြချိန် ကျောင်းသူ လေးငါးဦးလောက်ဟာ လူအုပ်နင်းခံရလို့ သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒဏ်ရာရခဲ့တဲ့ ကျောင်းသူတဦးက ပြောပါတယ်။
ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ဆာနာမြို့စွန်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ဟူသီသူပုန်တွေ ခြေကုပ်ယူထားတဲ့ နေရာလို့ ယူဆရတဲ့ လူနေဧရိယာတခုကို ဒုံးကျည်သုံးခုနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ညွန့်ပေါင်းအဖွဲ့က သူတို့အနေနဲ့ ဟူသီသူပုန်တွေကို ပစ်မှတ်ထားတာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်ခံရတဲ့နေရာမှာ ဘာစစ်ရေးအဆောက်အအုံမှ မရှိဘဲ လူနေအိမ်နဲ့ ဈေးဆိုင်တွေပဲ ရှိတယ်လို့ ဟူသီသူပုန်ဘက်က တုံ့ပြန်ခဲ့ပါတယ်။
အဲဒီလိုဖြစ်ရပ်တွေကို စိုးရိမ်နေကြချိန်မှာ ယီမင်မိဘတချို့ဟာ သူတို့ရဲ့ကလေးတွေကို စာသင်ကျောင်းဆီ မလွှတ်တော့တာကြောင့် ကလေးငယ်တော်တော်များများဟာ ပညာသင်ဖို့ အခွင့်အရေး နှောင့်နှေးနေရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb