မႏၱ​ေလးတိုင္​း​ေဒသႀကီး မိုးကုတ္​ၿမိဳ႕ ​အ​ေနာက္​ပိုင္း ေဘာလံုးႀကီး​ေက်းရြာတြင္​ ​ေဌးပိုင္နာမည္​ျဖင္​့ တ႐ုတ္ေက်ာက္​ကုမၸဏီတစ္​ခုႏွင္​့ ရြာသားမ်ား ပဋိပကၡျဖစ္​ရာမွ ရြာသားမ်ားက အဆိုပါ ကုမၸဏီကို ယ​ေန႔ည ၉ နာရီဝန္​းက်င္​တြင္​ မီး႐ႈိ႕လိုက္​ၿပီး မီး​ေလာင္​ကြၽမ္းမႈမ်ားလာသည့္အတြက္​ ရြာသားမ်ား ထြက္​​ေျပးတိမ္​း​ေရွာင္​​ေနရလ်က္​ရွိသည္​။

ရြာခံ အမ်ဳိးသမီးတစ္​ဦးက “အဲ​ကုမၸဏီက ဒီႏွစ္​မွာ သက္​တမ္​းကုန္​သြားၿပီ​ေလ။ သက္​တမ္​းကုန္​လို႔ သူ႔တို႔လုပ္​ငန္း​ေတြ အကုန္​ရပ္​ထား​ေတာ့ ရြာသား​ေတြက အဲနားမွာ ​ေက်ာက္​သြားရွာၾကတာ။ အဲဒါကို ကုမၸဏီ မ​န္​​ေနဂ်ာ​ေတြက ရြာသား​ေတြကို ခဲနဲ႔ထုတယ္​။ ၿပီး​ေတာ့ ရဲ​ေခၚၿပီး ၿခိမ္​း​ေျခာက္​တယ္​။ မ​ေက်နပ္​ၾကလို႔ ရြာသား​ေတြက အဲကုမၸဏီကို မီးသြား႐ႈိ႕လိုက္​ၾကတာ” ဟု မားနဂါးသတင္းဂ်ာနယ္သို႔ ​ေျပာသည္​။

႐ႈိ႕လိုက္​သည္​့မီးသည္​ ထရန္​​စေဖာ္​မာကို​ ေလာင္​ရာမွ မီး​ေလာင္​ကြၽမ္​းမႈပိုမိုျဖစ္​ပြားခဲ့ၿပီး ​ေနအိမ္​မ်ား ကူးစက္​လာသည္​့အတြက္​ ရြာလံုးကြၽတ္​ ထြက္​​ေျပးတိမ္​း​ေရွာင္ ေနရျခင္းျဖစ္သည္​။

“​ေသနတ္​သံလား ေပါက္ကြဲသံလား မသိဘူး အက်ယ္​ႀကီးပဲ မီး​ေလာင္​တဲ့အခ်ိန္​မွာ။ ခုရြာသားအားလံုး ​ေၾကာက္​လန္​႔ၿပီး ထြက္​​ေျပး​ေနၾကၿပီ။ နီးစပ္​ရာကို အကုန္​လံုးထြက္​​ေျပးကုန္​ၾကၿပီ” ဟု ယ​ေန႔ည ၁၀ နာရီတြင္​ အဆိုပါ အမ်ဳိးသမီးတစ္​ဦးက ဆုိသည္​။

လက္ရွိ မီးေလာင္ကြ်မ္းမႈျဖစ္ပြားေနသည့္ ေက်းရြာသုိ႔ မီးသတ္ကားမ်ားလဲ ေရာက္ရွိကာ မီးၿငိမ္းသတ္ေနဆဲျဖစ္သည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: Marnagar News
ဓာတ္​ပံု- Local Youth
#Unicode Version#
 မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကြီးကျေးရွာတွင် ဌေးပိုင်နာမည်ဖြင့် တရုတ်ကျောက်ကုမ္ပဏီတစ်ခုနှင့် ရွာသားများ ပဋိပက္ခဖြစ်ရာမှ ရွာသားများက အဆိုပါ ကုမ္ပဏီကို ယနေ့ည ၉ နာရီဝန်းကျင်တွင် မီးရှို့လိုက်ပြီး မီးလောင်ကျွမ်းမှုများလာသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။

ရွာခံ အမျိုးသမီးတစ်ဦးက “အဲကုမ္ပဏီက ဒီနှစ်မှာ သက်တမ်းကုန်သွားပြီလေ။ သက်တမ်းကုန်လို့ သူ့တို့လုပ်ငန်းတွေ အကုန်ရပ်ထားတော့ ရွာသားတွေက အဲနားမှာ ကျောက်သွားရှာကြတာ။ အဲဒါကို ကုမ္ပဏီ မန်နေဂျာတွေက ရွာသားတွေကို ခဲနဲ့ထုတယ်။ ပြီးတော့ ရဲခေါ်ပြီး ခြိမ်းခြောက်တယ်။ မကျေနပ်ကြလို့ ရွာသားတွေက အဲကုမ္ပဏီကို မီးသွားရှို့လိုက်ကြတာ” ဟု မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

ရှို့လိုက်သည့်မီးသည် ထရန်စဖော်မာကို လောင်ရာမှ မီးလောင်ကျွမ်းမှုပိုမိုဖြစ်ပွားခဲ့ပြီး နေအိမ်များ ကူးစက်လာသည့်အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။

“သေနတ်သံလား ပေါက်ကွဲသံလား မသိဘူး အကျယ်ကြီးပဲ မီးလောင်တဲ့အချိန်မှာ။ ခုရွာသားအားလုံး ကြောက်လန့်ပြီး ထွက်ပြေးနေကြပြီ။ နီးစပ်ရာကို အကုန်လုံးထွက်ပြေးကုန်ကြပြီ” ဟု ယနေ့ည ၁၀ နာရီတွင် အဆိုပါ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည့် ကျေးရွာသို့ မီးသတ်ကားများလဲ ရောက်ရှိကာ မီးငြိမ်းသတ်နေဆဲဖြစ်သည်။
ဖိုးသူတော်(www.phothutaw.com)
Credit: Marnagar News

ဓာတ်ပုံ- Local Youth
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top