iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ လူမႈေရး ပင္စင္အတြက္ အက်ဳံးဝင္အသက္ကို ၈၅ ႏွစ္အထိ ေလွ်ာ့ခ်ေထာက္ပံ့ခဲ့ရာ အက်ိဳးခံစားခြင့္ရွိသူ ဘိုးဘြား ၁၆၈၅၇၈ ဦးအား က်ပ္သန္းေပါင္း ၅၀၅၇ ဒသမ ၃၄၀ ေထာက္ပံ့ခဲ့ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ သိရသည္။

အစိုးရအေနျဖင့္ သက္ႀကီး႐ြယ္အိုဘဝ ဝင္ေငြလုံၿခဳံေရးကို အေထာက္အကူျဖစ္ေစေရးအတြက္ ရည္႐ြယ္ၿပီး သက္ႀကီး႐ြယ္အိုမ်ားအတြက္ ေငြေၾကးအေထာက္အပံ့ေပးသည့္ လူမႈေရးပင္စင္အစီအစဥ္ကို၂၀၁၇- ၂၀၁၈ ဘ႑ာႏွစ္မွ စတင္အေကာင္အထည္ ေဖာ္ခဲ့ေၾကာင္းႏွင့္ ယခင္က လူမႈေရးပင္စင္ အက်ိဳးခံစားခြင့္ရွိသည့္သက္ႀကီး႐ြယ္အို ၄၃၄၃၉ ဦး ရွိခဲ့ေၾကာင္း သိရသည္။

ၿမိဳ႕ျပရွိ သက္ႀကီး႐ြယ္အိုဦးေရမွာ ေက်းလက္ထက္ပိုမ်ားၿပီး မေကြး၊ ပဲခူး၊ မႏၲေလး၊ စစ္ကိုင္း၊ ဧရာဝတီ၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္မြန္ျပည္နယ္တို႔တြင္ သက္ႀကီး႐ြယ္အို ဦးေရပမာဏတိုးပြားလာမႈအျမင့္ဆုံး ျဖစ္ေၾကာင္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာက ျပည္သူ႔အင္အားဦးစီးဌာနက တရားဝင္ထုတ္ျပန္ေသာ ‘သက္ႀကီး႐ြယ္အိုအေၾကာင္းအရာ သုေတသနစာတမ္း’ အရ သိရသည္။

ျမန္မာႏိုင္ငံတြင္ အသက္ ၆၀ ႏွင့္အ ထက္သက္ႀကီး႐ြယ္အို ၄ ဒသမ ၅ သန္းရွိၿပီး ၂၀၅၀ ျပည့္ႏွစ္တြင္ ျမန္မာႏိုင္ငံ၌ သက္ႀကီး႐ြယ္အို ၁၃ သန္းအထိရွိလာမည္ဟု ခန႔္မွန္းထားေၾကာင္း၊ အဆိုပါ စစ္တမ္းမွာ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းမွရရွိေသာ အခ်က္အလက္မ်ားကို အေျခခံ၍ျပဳစုထားေသာ စစ္တမ္းျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္အသက္ ၆၀ ႏွင့္အထက္ သက္ႀကီး႐ြယ္အို ၄ ဒသမ ၅ သန္းခန႔္ရွိေၾကာင္း၊ ၂၀၅၀ ျပည့္ႏွစ္တြင္ ျမန္မာႏိုင္ငံ၌

သက္ႀကီး႐ြယ္အို ၁၃ သန္းရွိလာလိမ့္မည္ဟု ခန႔္မွန္းထားေၾကာင္း၊ ၂၀၅၀ ျပည့္ႏွစ္တြင္ ျမန္မာႏိုင္ငံ၏ အသက္ဖြဲ႕စည္းမႈပုံစံသည္ လက္ရွိ စင္ကာပူႏိုင္ငံ၏ အသက္ဖြဲ႕စည္းမႈပုံစံႏွင့္တူညီေနမည္ျဖစ္ၿပီး အသက္ ၆၀ ႏွင့္အထက္တြင္ လူဦးေရ ရာခိုင္ႏႈန္း ၂၀ ခန႔္ ပါဝင္ေနမည္ျဖစ္ေၾကာင္း ႏွင့္ ၂၀၅၀ ျပည့္ႏွစ္တြင္ သက္ႀကီး႐ြယ္အိုအေရအတြက္ႏွင့္ အသက္ ၁၅ ႏွစ္ေအာက္ ကေလးအေရအတြက္ တူညီလုနီးပါးျဖစ္ေနမည္ျဖစ္ေၾကာင္း အဆိုပါစစ္တမ္းတြင္ ေဖာ္ျပထားသည္။

၂၀၁၄ ခုႏွစ္လူဦးေရႏွင့္အိမ္အေၾကာင္း အရာသန္းေခါင္စာရင္းမွ ေကာက္ယူရရွိေသာ အခ်က္အလက္မ်ားကို အသုံးျပဳ၍ ျမန္မာႏိုင္ငံ၏လူဦးေရေျပာင္းလဲျခင္းႏွင့္ သက္ႀကီး႐ြယ္အိုဦးေရ၊ သက္ႀကီး႐ြယ္အိုမ်ား၏ လူမႈေရးဆိုင္ရာ အခ်က္အလက္မ်ား၊ ေနထိုင္မႈအေျခအေနမ်ား၊ စီးပြားေရးဆိုင္ရာ အေျခအေနမ်ား၊ က်န္းမာေရးႏွင့္ေမွ်ာ္ မွန္းသက္တမ္း၊ ေဒသအလိုက္သက္ႀကီး႐ြယ္အိုမ်ား၏ ကြာျခားခ်က္ စသည့္အေၾကာင္းအရာမ်ားကို ေလ့လာထားျခင္းျဖစ္ေၾကာင္း သိရသည္။

သုေတသနအရ ၁၉၇၃ ခုႏွစ္ႏွင့္ ၂၀၁၄ ခုႏွစ္အတြင္း ႏွစ္စဥ္စုစုေပါင္းလူဦးေရတိုးႏႈန္း ၁ ဒသမ ၄ ရာခိုင္ႏႈန္းသာ ရွိခဲ့ေသာ္ လည္းအသက္ ၆၀ ႏွင့္အထက္ လူဦးေရသည္ ႏွစ္စဥ္ ၂ ဒသမ ၄ ရာခိုင္ႏႈန္းျဖင့္ တိုးတက္လာခဲ့ေၾကာင္း၊ ၿမိဳ႕ျပတြင္ေက်းလက္ထက္ သက္ႀကီး႐ြယ္အိုဦးေရပိုမ်ားေၾကာင္း၊ မေကြး၊ ပဲခူး၊ မႏၲေလး၊ စစ္ကိုင္း၊ ဧရာဝတီ၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို႔တြင္ သက္ႀကီး႐ြယ္အိုဦးေရ

ပမာဏတိုးပြားလာမႈ အျမင့္ဆုံးျဖစ္ေၾကာင္းႏွင့္ လက္ရွိ ႏႈန္းအတိုင္း ဆက္လက္တိုးပြားမည္ဆိုပါက ၂၀၃၀ ျပည့္ႏွစ္၌ အခ်က္အခ်ာက်ေသာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ စုစုေပါင္းလူ ဦးေရ ေလ်ာ့နည္းလာျခင္းႏွင့္အတူအသက္ ၆၀ ႏွင့္အထက္ သက္ႀကီး႐ြယ္အိုဦးေရတိုးႏႈန္း အျမင့္ဆုံးျဖစ္သည့္ အေျခအေနမ်ား ႀကဳံေတြ႕လာမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Eleven Media Group
#Unicode Version#
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လူမှုရေး ပင်စင်အတွက် အကျုံးဝင်အသက်ကို ၈၅ နှစ်အထိ လျှော့ချထောက်ပံ့ခဲ့ရာ အကျိုးခံစားခွင့်ရှိသူ ဘိုးဘွား ၁၆၈၅၇၈ ဦးအား ကျပ်သန်းပေါင်း ၅၀၅၇ ဒသမ ၃၄၀ ထောက်ပံ့ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

အစိုးရအနေဖြင့် သက်ကြီးရွယ်အိုဘဝ ဝင်ငွေလုံခြုံရေးကို အထောက်အကူဖြစ်စေရေးအတွက် ရည်ရွယ်ပြီး သက်ကြီးရွယ်အိုများအတွက် ငွေကြေးအထောက်အပံ့ပေးသည့် လူမှုရေးပင်စင်အစီအစဉ်ကို၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည် ဖော်ခဲ့ကြောင်းနှင့် ယခင်က လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့်သက်ကြီးရွယ်အို ၄၃၄၃၉ ဦး ရှိခဲ့ကြောင်း သိရသည်။

မြို့ပြရှိ သက်ကြီးရွယ်အိုဦးရေမှာ ကျေးလက်ထက်ပိုများပြီး မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် သက်ကြီးရွယ်အို ဦးရေပမာဏတိုးပွားလာမှုအမြင့်ဆုံး ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် စက်တင်ဘာက ပြည်သူ့အင်အားဦးစီးဌာနက တရားဝင်ထုတ်ပြန်သော ‘သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသနစာတမ်း’ အရ သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အ ထက်သက်ကြီးရွယ်အို ၄ ဒသမ ၅ သန်းရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အို ၁၃ သန်းအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါ စစ်တမ်းမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များကို အခြေခံ၍ပြုစုထားသော စစ်တမ်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ၄ ဒသမ ၅ သန်းခန့်ရှိကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌

သက်ကြီးရွယ်အို ၁၃ သန်းရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံသည် လက်ရှိ စင်ကာပူနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံနှင့်တူညီနေမည်ဖြစ်ပြီး အသက် ၆၀ နှင့်အထက်တွင် လူဦးရေ ရာခိုင်နှုန်း ၂၀ ခန့် ပါဝင်နေမည်ဖြစ်ကြောင်း နှင့် ၂၀၅၀ ပြည့်နှစ်တွင် သက်ကြီးရွယ်အိုအရေအတွက်နှင့် အသက် ၁၅ နှစ်အောက် ကလေးအရေအတွက် တူညီလုနီးပါးဖြစ်နေမည်ဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းမှ ကောက်ယူရရှိသော အချက်အလက်များကို အသုံးပြု၍ မြန်မာနိုင်ငံ၏လူဦးရေပြောင်းလဲခြင်းနှင့် သက်ကြီးရွယ်အိုဦးရေ၊ သက်ကြီးရွယ်အိုများ၏ လူမှုရေးဆိုင်ရာ အချက်အလက်များ၊ နေထိုင်မှုအခြေအနေများ၊ စီးပွားရေးဆိုင်ရာ အခြေအနေများ၊ ကျန်းမာရေးနှင့်မျှော် မှန်းသက်တမ်း၊ ဒေသအလိုက်သက်ကြီးရွယ်အိုများ၏ ကွာခြားချက် စသည့်အကြောင်းအရာများကို လေ့လာထားခြင်းဖြစ်ကြောင်း သိရသည်။

သုတေသနအရ ၁၉၇၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း နှစ်စဉ်စုစုပေါင်းလူဦးရေတိုးနှုန်း ၁ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သော် လည်းအသက် ၆၀ နှင့်အထက် လူဦးရေသည် နှစ်စဉ် ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တိုးတက်လာခဲ့ကြောင်း၊ မြို့ပြတွင်ကျေးလက်ထက် သက်ကြီးရွယ်အိုဦးရေပိုများကြောင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သက်ကြီးရွယ်အိုဦးရေ

ပမာဏတိုးပွားလာမှု အမြင့်ဆုံးဖြစ်ကြောင်းနှင့် လက်ရှိ နှုန်းအတိုင်း ဆက်လက်တိုးပွားမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်၌ အချက်အချာကျသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စုစုပေါင်းလူ ဦးရေ လျော့နည်းလာခြင်းနှင့်အတူအသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုဦးရေတိုးနှုန်း အမြင့်ဆုံးဖြစ်သည့် အခြေအနေများ ကြုံတွေ့လာမည်ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top