လိင္တူခ်င္း တပ္မက္သူေတြနဲ႔ အိမ္ေထာင္ေရး ေဖာက္ျပန္သူေတြအေပၚ ေသဒဏ္က်င့္သံုးတဲ့ ဘ႐ူႏုိင္းႏုိင္ငံကို ကုလသမဂၢ လူ႔အခြင့္အေရးအဖြဲ႔နဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဆန္႔က်င္ တုံ႔ျပန္ေနၾကပါတယ္။

ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕က ဘ႐ူႏုိင္းဘုရင့္စံအိမ္ အျပင္ဘက္မွာ လိင္စိတ္ခံယူခ်က္ ကြဲျပားတဲ့ တက္ႂကြလႈပ္ရွားသူေတြက သူတို႔ရဲ႕ အထိမ္းအမွတ္ သက္တံေရာင္ အလံေတြကို ကိုင္ေဆာင္ရင္း ဧၿပီ ၃ ရက္က ဆႏၵျပေနတာပါ။

လိင္တူခ်င္း တပ္မက္သူေတြနဲ႔ အိမ္ေထာင္ေရး ေဖာက္ျပန္သူေတြအေပၚ ေသဒဏ္က်င့္သံုးတဲ့ ဘ႐ူႏုိင္းႏုိင္ငံကို ဆန္႔က်င္ ဆႏၵျပတာ ျဖစ္ပါတယ္။ ဒီဆႏၵျပပြဲကို ၿဗိတိန္ႏိုင္ငံ ေလဘာပါတီ ေကာင္စီဝင္ လူးဝစ္ ေကာက္စ္က ဦးေဆာင္ပါတယ္။

ၿဗိတိန္ ေလဘာပါတီေခါင္းေဆာင္ လူးဝစ္ေကာက္စ္က “ဧၿပီ ၃ ရက္က စၿပီး ဘ႐ူႏိုင္းအစိုးရက လိင္တူခ်င္း ဆက္ဆံသူေတြနဲ႔ အိမ္ေထာင္ေရး ေဖာက္ျပန္သူေတြအေပၚ ေသဒဏ္ေပးမယ့္ ဥပေဒသစ္ကို က်င့္သံုးတာ ျမင္ရလိမ့္မယ္၊ လိင္တူခ်င္း တပ္မက္သူေတြဟာ ဧၿပီ ၃ ရက္ ေနာက္ပိုင္းကစၿပီး မေသမခ်င္း ေက်ာက္တံုးနဲ႔ ပစ္ေပါက္ သတ္ျဖတ္ခံရလိမ့္မယ္” လို႔ ေျပာပါတယ္။

ဘ႐ူႏုိင္းႏုိင္ငံရဲ႕ ရွရီးယားဥပေဒ က်င့္သံုးမႈေၾကာင့္ လိင္တူခ်င္း ဆက္ဆံတဲ့အတြက္ ေသဒဏ္ခ်မွတ္တဲ့ သတၱမေျမာက္ႏုိင္ငံ ျဖစ္လာတယ္လို႔ လိင္စိတ္ခံယူခ်က္ ကြဲျပားသူမ်ားအဖြဲ႔ႀကီး (ILGA) က ေျပာပါတယ္။

မြတ္စလင္လူမ်ားစုရွိၿပီး အရင္က ၿဗိတိန္အစိုးရ အထိန္းသိမ္းခံ ဘ႐ူႏိုင္းအစိုးရကေတာ့ အစၥလာမၼစ္ ဥပေဒ က်င့္သံုးခြင့္ကို ခုခံ ေျပာဆိုပါတယ္။

အစၥလာမ္ဘာသာရဲ႕ သင္ၾကားမႈကို ဆန္႔က်င္တဲ့လုပ္ရပ္ေတြ၊ ရာဇဝတ္မႈေတြက လြဲရင္ ရွရီးယားဥပေဒဟာ ဘယ္ယံုၾကည္သက္ဝင္သူကိုမဆို ဘယ္လူမ်ိဳးကိုမဆို၊ ဘယ္ႏုိင္ငံသား လူ႔အဖြဲ႔အစည္းကိုမဆို လူတိုင္းရဲ႕ ဥပေဒအရ ရပိုင္ခြင့္ကို ကာကြယ္ ေလးစား ပညာေပးဖို႔ ရည္မွန္းထားတယ္လို႔လည္း ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဥပေဒရဲ႕ တခ်ိဳ႕အပိုင္းေတြကိုေတာ့ မြတ္စလင္ မဟုတ္သူေတြအေပၚကိုပါ က်င့္သံုးမွာပါ။

တင္းက်ပ္တဲ့ ရွရီးယားဥပေဒ က်င့္သံုးမႈကို ဥေရာပနဲ႔ အေမရိကန္က ႏုိင္ငံေရးသမားေတြက က်ယ္က်ယ္ျပန္႔ျပန္႔ ေဝဖန္ခဲ့တာပါ။

ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ကလည္း ဒီဥပေဒသစ္ကို မက်င့္သုံးဖို႔ ဘ႐ူႏုိင္းႏုိင္ငံကို တိုက္တြန္းခဲ့ပါတယ္။

ႀကိမ္ဒဏ္ေပးတာ၊ ကိုယ္အဂၤါအစိတ္အပိုင္းကို ျဖတ္ေတာက္တာနဲ႔ ေသဒဏ္ေပးတာေတြဟာ ရက္စက္ လူမဆန္တဲ့ အျပစ္ေပးျခင္းပဲလို႔လည္း UNHCR ရဲ႕ ေျပာခြင့္ရ ရာဗီနာ ရွမ္ဒါစာနီက ေျပာပါတယ္။

“ဥပေဒကို အသက္သြင္းတာ ရပ္ဖို႔နဲ႔ ဘာသာေရးေခါင္းေဆာင္ေတြ၊ အစိုးရေခါင္းေဆာင္ေတြ၊ အရပ္ဖက္ လူ႔အဖြဲ႔အစည္းနဲ႔ ျပည္သူေတြနဲ႔အတူ ညိႇႏိႈင္း အႀကံယူၿပီး ဘ႐ူႏုိင္းျပည္သူအားလံုးရဲ႕ လူ႔အခြင့္အေရးကို ထိန္းသိမ္းဖို႔နဲ႔ ရာဇဝတ္မႈကို တိုက္ဖ်က္ႏိုင္တဲ့ ဥပေဒကို ျပဳႏိုင္ဖို႔ က်မတို႔က ဘ႐ူႏုိင္းအစိုးရကို ေဆာ္ၾသပါတယ္။”

ေအာ္စကာဆုရွင္ ႐ုပ္ရွင္မင္းသား ေဂ်ာ့ခ်္ကလူေနကလည္း လန္ဒန္နဲ႔ ပါရီၿမိဳ႕ေတြမွာရွိတဲ့ ဘ႐ူႏိုင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီပိုင္ ဇိမ္ခံဟိုတယ္ေတြကို သပိတ္ေမွာက္ဖို႔ ေဆာ္ၾသခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


လိင်တူချင်း တပ်မက်သူတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်သူတွေအပေါ် သေဒဏ်ကျင့်သုံးတဲ့ ဘရူနိုင်းနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆန့်ကျင် တုံ့ပြန်နေကြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဘရူနိုင်းဘုရင့်စံအိမ် အပြင်ဘက်မှာ လိင်စိတ်ခံယူချက် ကွဲပြားတဲ့ တက်ကြွလှုပ်ရှားသူတွေက သူတို့ရဲ့ အထိမ်းအမှတ် သက်တံရောင် အလံတွေကို ကိုင်ဆောင်ရင်း ဧပြီ ၃ ရက်က ဆန္ဒပြနေတာပါ။

လိင်တူချင်း တပ်မက်သူတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်သူတွေအပေါ် သေဒဏ်ကျင့်သုံးတဲ့ ဘရူနိုင်းနိုင်ငံကို ဆန့်ကျင် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံ လေဘာပါတီ ကောင်စီဝင် လူးဝစ် ကောက်စ်က ဦးဆောင်ပါတယ်။

ဗြိတိန် လေဘာပါတီခေါင်းဆောင် လူးဝစ်ကောက်စ်က “ဧပြီ ၃ ရက်က စပြီး ဘရူနိုင်းအစိုးရက လိင်တူချင်း ဆက်ဆံသူတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်သူတွေအပေါ် သေဒဏ်ပေးမယ့် ဥပဒေသစ်ကို ကျင့်သုံးတာ မြင်ရလိမ့်မယ်၊ လိင်တူချင်း တပ်မက်သူတွေဟာ ဧပြီ ၃ ရက် နောက်ပိုင်းကစပြီး မသေမချင်း ကျောက်တုံးနဲ့ ပစ်ပေါက် သတ်ဖြတ်ခံရလိမ့်မယ်” လို့ ပြောပါတယ်။

ဘရူနိုင်းနိုင်ငံရဲ့ ရှရီးယားဥပဒေ ကျင့်သုံးမှုကြောင့် လိင်တူချင်း ဆက်ဆံတဲ့အတွက် သေဒဏ်ချမှတ်တဲ့ သတ္တမမြောက်နိုင်ငံ ဖြစ်လာတယ်လို့ လိင်စိတ်ခံယူချက် ကွဲပြားသူများအဖွဲ့ကြီး (ILGA) က ပြောပါတယ်။

မွတ်စလင်လူများစုရှိပြီး အရင်က ဗြိတိန်အစိုးရ အထိန်းသိမ်းခံ ဘရူနိုင်းအစိုးရကတော့ အစ္စလာမ္မစ် ဥပဒေ ကျင့်သုံးခွင့်ကို ခုခံ ပြောဆိုပါတယ်။

အစ္စလာမ်ဘာသာရဲ့ သင်ကြားမှုကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ၊ ရာဇဝတ်မှုတွေက လွဲရင် ရှရီးယားဥပဒေဟာ ဘယ်ယုံကြည်သက်ဝင်သူကိုမဆို ဘယ်လူမျိုးကိုမဆို၊ ဘယ်နိုင်ငံသား လူ့အဖွဲ့အစည်းကိုမဆို လူတိုင်းရဲ့ ဥပဒေအရ ရပိုင်ခွင့်ကို ကာကွယ် လေးစား ပညာပေးဖို့ ရည်မှန်းထားတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဥပဒေရဲ့ တချို့အပိုင်းတွေကိုတော့ မွတ်စလင် မဟုတ်သူတွေအပေါ်ကိုပါ ကျင့်သုံးမှာပါ။

တင်းကျပ်တဲ့ ရှရီးယားဥပဒေ ကျင့်သုံးမှုကို ဥရောပနဲ့ အမေရိကန်က နိုင်ငံရေးသမားတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ဒီဥပဒေသစ်ကို မကျင့်သုံးဖို့ ဘရူနိုင်းနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

ကြိမ်ဒဏ်ပေးတာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဖြတ်တောက်တာနဲ့ သေဒဏ်ပေးတာတွေဟာ ရက်စက် လူမဆန်တဲ့ အပြစ်ပေးခြင်းပဲလို့လည်း UNHCR ရဲ့ ပြောခွင့်ရ ရာဗီနာ ရှမ်ဒါစာနီက ပြောပါတယ်။

“ဥပဒေကို အသက်သွင်းတာ ရပ်ဖို့နဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းနဲ့ ပြည်သူတွေနဲ့အတူ ညှိနှိုင်း အကြံယူပြီး ဘရူနိုင်းပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့နဲ့ ရာဇဝတ်မှုကို တိုက်ဖျက်နိုင်တဲ့ ဥပဒေကို ပြုနိုင်ဖို့ ကျမတို့က ဘရူနိုင်းအစိုးရကို ဆော်သြပါတယ်။”

အော်စကာဆုရှင် ရုပ်ရှင်မင်းသား ဂျော့ချ်ကလူနေကလည်း လန်ဒန်နဲ့ ပါရီမြို့တွေမှာရှိတဲ့ ဘရူနိုင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပိုင် ဇိမ်ခံဟိုတယ်တွေကို သပိတ်မှောက်ဖို့ ဆော်သြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top