မိန်းမက ထမင်းချက်ကျွေးလို့ ယောက်ျားက ပန်းကန်ဆေးတာ အနိုင်အရှုံးမဟုတ်ဘူး။
မိန်းမက အဝတ်လျှော်လို့ ယောက်ျားက မီးပူတိုက်တာအနိုင်အရှုံးမဟုတ်ဘူး။မိန်းမက ကလေးတစ်ဖက်ရှိနေပေမယ့် လင်ယောက်ျားရဲ့ဝင်ငွေအပြင် အပိုလေးရပါစေတော့ဆိုပြီး အိမ်နေရင်းငွေထပ်ရှာပေးလို့ ယောက်ျားက အလုပ်ကပြန်ချိန်ကလေးကူထိန်းတာဟာ အနိုင်အရှုံးမဟုတ်ဘူး။
မိန်းမဖက်ကလဲ အပါးမခို အချောင်မခိုပဲ အိမ် ထောင့်တာဝန်ကို အိမ်ရှင်မနေရာ၊မိခင်နေရာကအပြင် ခေတ်သစ်မိန်းမတစ်ယောက်လိုတာဝန်ကျေမှတော့ ယောက်ျားဖက်ကလဲ တွက်ကပ်စရာမရှိဘူးလို့ ကျွန်မမြင်တာပဲ။
အားလုံးမျှမျှတတပဲ။
ကျွန်မရဲ့ဒီအယူအဆကိုကျွန်မယောက်ျားက လက်ခံနေသေးသရွေ့တော့ကျွန်မက ကံကောင်းနေသေးရုံပါပဲ။ ဒီထက်မပိုဘူး။ဒါကို ယောက်ျားကိုနိုင်လေခြင်း လို့ထင်ရင်၊ ထင်တဲ့သူကိုယ်တိုင်ကိုက မိန်းမသားဖြစ်နေရင်တော့ ကျွန်မဆုတောင်းတယ်။
Credit:Win Eunice
# Unicode Version # ဖြင့် ဖတ်ပါ #
တခါတုန်းက ကျွန်မယောကျ်ားဖက်က ဆွေမျိုးတော်စပ်သူတစ်ယောက်က ကျွန်မကို “ငါတို့မောင်ကို သိပ်မနိုင်ပါနဲ့အေ “လို့ ပြောဖူးတယ်။ကျွန်မက ရယ်ရုံပဲနေလိုက်ပြီး မနိုင်ရပါဘူးအစ်မရယ် လို့ပဲ တိုတိုပြန်တုန့်ပြန်လိုက်တယ်။
သူက တောသူအပျိုကြီး ဆိုတော့ ရှည်ရှည်ဝေးဝေးရှင်းပြလဲ နားလည်ချင်မှလည်မှာလေ။
ဒီအကြောင်းနဲ့ဆက်စပ်ပြီးတွေးမိတာက ကျွန်မတို့မြန်မာတွေမှာအရိုးစွဲနေတဲ့ Culture အကြောင်းပေါ့။
လင်ယောကျ်ားဆိုရင် ငွေရှာပေးရင်၊မသောက်မစား၊မဖောက်မပြားနေရင်ပဲ တော်လှပြီ လို့မှတ်ထားကြတယ်။အဲဒီထက်ထူးခြားပြီး မိန်းမကို ထမင်းချက်ကျွေးတယ်တို့၊ ကလေးကူထိန်းပေးတယ်တို့ ကြားရရင် “ဟယ် ဒီမိန်းမ လင်နိုင်လိုက်တာ” တဲ့။
ကျွန်မအတွက်ကတော့ ဒါဘာဆန်းလဲဟဲ့ လို့ပြန်မေးချင်တာ။နှစ်ဖက်မိဘအထောက်အပံ့မပါပဲ ကိုယ့်မင်္ဂလာဆောင်ကိုယ်ဆောင်ပြီး ကိုယ့်အိမ်ထောင်ကိုယ်ပြု လင်တစ်ကျပ် မယားတစ်ကျပ် တန်းတူရှာတဲ့ အိမ်ထောင်ရေးမှာ မိန်းမက ကိုးလကိုယ်ဝန်ဆောင်လို့ ယောကျ်ားက တစ်လလောက် အနှီးကူလျှော်ပေးရတာ အနိုင်အရှုံး မဟုတ်ဘူး။
မိန်းမက ထမင်းချက်ကျွေးလို့ ယောကျ်ားက ပန်းကန်ဆေးတာ အနိုင်အရှုံးမဟုတ်ဘူး။
မိန်းမက အဝတ်လျှော်လို့ ယောကျ်ားက မီးပူတိုက်တာအနိုင်အရှုံးမဟုတ်ဘူး။မိန်းမက ကလေးတစ်ဖက်ရှိနေပေမယ့် လင်ယောကျ်ားရဲ့ဝင်ငွေအပြင် အပိုလေးရပါစေတော့ဆိုပြီး အိမ်နေရင်းငွေထပ်ရှာပေးလို့ ယောကျ်ားက အလုပ်ကပြန်ချိန်ကလေးကူထိန်းတာဟာ အနိုင်အရှုံးမဟုတ်ဘူး။
မိန်းမဖက်ကလဲ အပါးမခို အချောင်မခိုပဲ အိမ်ထောင့်တာဝန်ကို အိမ်ရှင်မနေရာ၊မိခင်နေရာကအပြင် ခေတ်သစ်မိန်းမတစ်ယောက်လိုတာဝန်ကျေမှတော့ ယောကျ်ားဖက်ကလဲ တွက်ကပ်စရာမရှိဘူးလို့ ကျွန်မမြင်တာပဲ။
ဒါဟာ ချစ်ခြင်းမေတ္တာပါ။အပြန်အလှန် နားလည်မှှုပါ။အတုံ့အလှည့် ပေးဆပ်မှှုပါ။
စိတ်ဓါတ်အဆင့်အတန်းမြင့်မားတဲ့ယောကျ်ားသားတွေရဲ့ အပြုအမူပါ။တကယ်ဆို ကိုယ့်ဆွေမျိုး မောင်လေးတစ်ယောက် ဒီလိုရည်မွန်တာကိုဂုဏ်ယူရမှာပါ။
ကျွန်မကတော့ ကျွန်မမွေးတဲ့သားလေးတွေကအဲဒီ့လို တရားမျှတပြီးစာနာ တတ်သူတွေများ ဖြစ်ရင် သိပ်ဂုဏ်ယူမိမှာပဲ။တစ်ခုတော့ ရှိတာပေါ့။ သူ့မိန်းမကလဲ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ပြီး တာဝန်ကျေသူဖြစ်ဖို့လိုတာပေါ့။
အိမ်ထောင်ရေးဟာ ဘက်မျှမှ အဆင်ပြေတာလေ။ယောကျ်ားသားမို့၊ မိန်းမသားမို့ ဆိုတဲ့စိတ်နဲ့ ဘယ်သူမှ အခွင့်ထူးပိုခံနေလို့မဖြစ်ဘူး။ကျွန်မတို့လင်မယားမှာ အနိုင်အရှုံးမရှိဘူး။
အားလုံးမျှမျှတတပဲ။
ကျွန်မရဲ့ဒီအယူအဆကိုကျွန်မယောကျ်ားက လက်ခံနေသေးသရွေ့တော့ကျွန်မက ကံကောင်းနေသေးရုံပါပဲ။ ဒီထက်မပိုဘူး။ဒါကို ယောကျ်ားကိုနိုင်လေခြင်း လို့ထင်ရင်၊ ထင်တဲ့သူကိုယ်တိုင်ကိုက မိန်းမသားဖြစ်နေရင်တော့ ကျွန်မဆုတောင်းတယ်။
သူအိမ်ထောင်ပြုတဲ့အခါ“မင်းကံကောင်းပါဇေးးးး “လို့။
ဖိုးသူတော် (www.phothutaw.com)
Credit:Win Eunice
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top