အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသားေမာ္ဒယ္လ္တစ္ဦး ဖက္ရွင္ရွိုးပြဲတြင္ သ႐ုပ္ျပလမ္းေလၽွာက္ ျပသေနစဥ္ စင္ေပၚမွာ ႐ုတ္တရက္လဲက်ေသဆုံးသြားခဲ့မွု ျဖစ္ပြားခဲ့ပါတယ္။

ဘရာဇီးနိုင္ငံတြင္ ဧၿပီ ၂၇ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ Sao Paulo Fashion Week မွာ ေမာ္ဒယ္လ္ Tales Soares ရွိုးေလၽွာက္ျပသေနစဥ္ ေလၽွာက္လမ္းအဆုံးမွာ လဲက်သြားခဲ့ျခင္းျဖစ္ပါတယ္။ ရာနဲ႔ခ်ီတဲ့ ပရိသတ္ေတြနဲ႔ ပြဲစီစဥ္သူေတြက မေတာ္တဆမွုျဖစ္တယ္လို႔ ထင္ခဲ့ၾကေပမယ့္ ျပန္မထလာနိုင္တဲ့အခါ စင္ေပၚတက္ၿပီး အေရးေပၚအသက္ကယ္နည္းေတြနဲ႔ ကူညီကယ္ဆယ္ခဲ့ပါတယ္။

အဲဒီေနာက္ အေရးေပၚေဆးအဖြဲ႕ေတြေရာက္ရွိလာၿပီး ေဆး႐ုံတင္ခဲ့ေပမယ့္ ေသဆုံးသြားခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။
Tales Soares ဟာ Sao Paulo အေျခစိုက္ ႐ုပ္ရွင္မင္းသားနဲ႔ ေမာ္ဒယ္မ်ား ေမြးထုတ္ေပးရာ MGT ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ေမာ္ဒယ္လ္ျဖစ္ပါတယ္။ သူဟာ စံျပေမာ္ဒယ္တစ္ေယာက္ျဖစ္ၿပီး နာမည္ႀကီးရွိုးပြဲအေတာ္မ်ားမ်ားမွာ အလုပ္လုပ္ခဲ့ဖူးတဲ့ ဝါရင့္ေမာ္ဒယ္လ္ျဖစ္ေၾကာင္း ေအဂ်င္စီရဲ့ ေျပာခြင့္ရပုဂၢိဳလ္က ေျပာဆိုခဲ့ပါတယ္။

Tales Soares ဟာ က်န္းမာေရးလိုက္စားသူျဖစ္ၿပီး သူ႔ရဲ့ခႏၶာကိုယ္အေလးခ်ိန္ကို သတ္သတ္လြတ္စားၿပီး ထိန္းသိမ္းသူျဖစ္ေၾကာင္း၊ ဥပေဒနဲ႔မလြတ္ကင္းတဲ့ ေဆးဝါးမွီဝဲတာလည္းမရွိေၾကာင္း ဆိုပါတယ္။

သတင္းမီဒီယာအခ်ိဳ႕ကေတာ့ Tales Soares ဟာ ရွိုးပြဲကာလအတြင္း သူ႔အတြက္ ပြဲစီစဥ္သူေတြက သတ္သတ္လြတ္အစားအေသာက္ မစီစဥ္ေပးတာေၾကာင့္ ၾကာျမင့္စြာ အစာမစားရတဲ့အတြက္ျဖစ္နိုင္ေၾကာင္း သုံးသပ္ေရးသားၾကပါတယ္။ ဒီေဝဖန္မွုဟာ မမွန္ကန္ေၾကာင္း သူ႔အတြက္ အစားအေသာက္စီစဥ္ေပးခဲ့ေၾကာင္း ပြဲစီစဥ္သူက ျပန္လည္ျငင္းဆိုတုံ႔ျပန္ခဲ့ပါတယ္။

Tales Soares ေသးဆုံးရတာနဲ႔ ပက္သက္ၿပီး အေလာင္းကို ခြဲစိတ္စစ္ေဆးမွု မၿပီးေသးခင္ထိ ဘာေၾကာင့္ဆိုတာ မေျပာနိုင္ေသးပါဘူး။ သူ႐ုတ္တရက္ ကြယ္လြန္ခဲ့တာနဲ႔ ပက္သက္ၿပီး ဖက္ရွင္အသိုင္းအဝိုင္းက အႀကီးအက်ယ္စိတ္မေကာင္းျဖစ္ရပါေၾကာင္း အင္စတာဂရမ္မွာ ေရးသားေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
အသက် ၂၆ နှစ်အရွယ် အမျိုးသားမော်ဒယ်လ်တစ်ဦး ဖက်ရှင်ရှိုးပွဲတွင် သရုပ်ပြလမ်းလျှောက် ပြသနေစဉ် စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံးသွားခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံတွင် ဧပြီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် Sao Paulo Fashion Week မှာ မော်ဒယ်လ် Tales Soares ရှိုးလျှောက်ပြသနေစဉ် လျှောက်လမ်းအဆုံးမှာ လဲကျသွားခဲ့ခြင်းဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ပရိသတ်တွေနဲ့ ပွဲစီစဉ်သူတွေက မတော်တဆမှုဖြစ်တယ်လို့ ထင်ခဲ့ကြပေမယ့် ပြန်မထလာနိုင်တဲ့အခါ စင်ပေါ်တက်ပြီး အရေးပေါ်အသက်ကယ်နည်းတွေနဲ့ ကူညီကယ်ဆယ်ခဲ့ပါတယ်။

အဲဒီနောက် အရေးပေါ်ဆေးအဖွဲ့တွေရောက်ရှိလာပြီး ဆေးရုံတင်ခဲ့ပေမယ့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Tales Soares ဟာ Sao Paulo အခြေစိုက် ရုပ်ရှင်မင်းသားနဲ့ မော်ဒယ်များ မွေးထုတ်ပေးရာ MGT ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ မော်ဒယ်လ်ဖြစ်ပါတယ်။ သူဟာ စံပြမော်ဒယ်တစ်ယောက်ဖြစ်ပြီး နာမည်ကြီးရှိုးပွဲအတော်များများမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဝါရင့်မော်ဒယ်လ်ဖြစ်ကြောင်း အေဂျင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။

Tales Soares ဟာ ကျန်းမာရေးလိုက်စားသူဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကို သတ်သတ်လွတ်စားပြီး ထိန်းသိမ်းသူဖြစ်ကြောင်း၊ ဥပဒေနဲ့မလွတ်ကင်းတဲ့ ဆေးဝါးမှီဝဲတာလည်းမရှိကြောင်း ဆိုပါတယ်။

သတင်းမီဒီယာအချို့ကတော့ Tales Soares ဟာ ရှိုးပွဲကာလအတွင်း သူ့အတွက် ပွဲစီစဉ်သူတွေက သတ်သတ်လွတ်အစားအသောက် မစီစဉ်ပေးတာကြောင့် ကြာမြင့်စွာ အစာမစားရတဲ့အတွက်ဖြစ်နိုင်ကြောင်း သုံးသပ်ရေးသားကြပါတယ်။ ဒီဝေဖန်မှုဟာ မမှန်ကန်ကြောင်း သူ့အတွက် အစားအသောက်စီစဉ်ပေးခဲ့ကြောင်း ပွဲစီစဉ်သူက ပြန်လည်ငြင်းဆိုတုံ့ပြန်ခဲ့ပါတယ်။

Tales Soares သေးဆုံးရတာနဲ့ ပက်သက်ပြီး အလောင်းကို ခွဲစိတ်စစ်ဆေးမှု မပြီးသေးခင်ထိ ဘာကြောင့်ဆိုတာ မပြောနိုင်သေးပါဘူး။ သူရုတ်တရက် ကွယ်လွန်ခဲ့တာနဲ့ ပက်သက်ပြီး ဖက်ရှင်အသိုင်းအဝိုင်းက အကြီးအကျယ်စိတ်မကောင်းဖြစ်ရပါကြောင်း အင်စတာဂရမ်မှာ ရေးသားဖော်ပြထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top