မင်္ဂလာဒုံ ကျိုက္ကလော့ ဘုရားရင်ပြင်ပေါ် စွန့်ပစ်ထားတဲ့ (၅)ရက်အရွယ် ခန့်မှန်း သမီးငယ်လေးအား လာရောက်စွန့်ပစ်ထားတာကို တွေ့ရ၍ YGW ပရဟိတမိဘမဲ့ကျောင်း အဖွဲ့ဝင် သံဃာတော်များ လာရောက်ခေါ်ဆောင်ခဲ့ရကြောင်း သိရပါသည်။
သမီးလေးရေ…ရှေ့ဆက်ရမည့် ဘဝတစ်လျှောက်လုံးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့…ပညာတတ်ကြီးဖြစ်ပါစေကွယ်။ ။😢😢😢
ဒီနေ့မနက် (၈)နာရီဝန်းကျင်ခန့် မင်္ဂလာဒုံ ကျိုက္ကလော့ ဘုရားရင်ပြင်ပေါ် စွန့်ပစ်ထားတဲ့ (၅)ရက်အရွယ် ခန့်မှန်း သမီးငယ်လေးအား ပေါက်ကုန်း အုပ်ချုပ်ရေးမှုးရဲ့ ကူညီမှုနဲ့အတူ ကယ်တင်ခေါ်ယူလာခဲ့ပါပြီ။
သမီးငယ်လေးအား လာရောက်ခေါ်ယူရင်း လမ်းမှာ ကားပျက်၍ ကားအကူညီနှင့်တကွ အစစအရာရာ လိုက်ပါဆောင်ရွက် ကူညီပေးပါသော၊ မင်းထက်သာ ကားဂိတ် #ဒေါ်အေးအေးထွေး# bမိသားစုအား ကျေးဇူးတင်ပါတယ်။
အရှင်ဇနာနန္ဒYGW
ရန်ကုန်မန္တလေး အမြန်လမ်းသစ်ဘေး ၈၉မိုင်၅ဖာလုံ
YGW ပရဟိတမိဘမဲ့ကျောင်း – ဖုန်း 09790555999 – 09780000085