စစ်ကိုင်းမြို့သည် ဧပြီလဆန်းပိုင်းကစကာသိသိ သာသာပူပြင်းလျှက်ရှိပြီး မိုးခေါင်လျှက်ရှိကြောင်းသိရှိရသည် ။

စစ်ကိုင်းမြို့အထက်တကောင်းရပ်ကွက်တွင်ဧပြီ ၂၉ရက်နေ့ ညနေ့၃နာရီကစ၍ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် မိုးခေါ်လွန်ဆွဲပွဲကျင်းပခဲ့သည်။

လွန်ဆွဲပွဲမစတင်ခင် သံဃာတော်များအားပင် ဖိတ်ကာငရံမင်းပရိတ်ရွက်ဖတ်၍မိုးခေါင်ကျော် စွာနတ်မင်းကြီးအားပင်ဖိတ်ပြီးလွန်ဆွဲပွဲကိုစတင်ခဲ့သည် ။

အထက်တကောင်းရပ်ကွက်သည် မိုးခေါင်ပြီးပူပြင်းတိုင်းနှစ်စဉ်လွန်ဆွဲပွဲများကျင်းပလေရှိပြီးအမှန်တကယ်လည်းမိုးရွာခဲ့သည့်ဟု တကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဟန်ရှိန်ကပြောပြကာ လွန်ဆွဲပွဲကိုမိုးရွာပါက ၃ ရက် မိုးမရွာပါက ၅ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

ခိုင်ဇေယျ(Reporter)

SagaingNEWSMediagroup
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top