
သူတင်ခဲ့တဲ့ရုပ်သံ
Credit:SAW
#Unicode Version#
ထိုင်းမြောက်ပိုင်း လမ်းပန်းမှာ နေအရမ်းပူလာပြီး ကြက်ဥကြော်ရတယ်လို့ ယခုရက်ပိုင်းအတွင်း ထိုင်းဆိုရှယ် မီဒီယာတွေမှာ ပေါက်နေတဲ့ရုပ်သံ ကို တင်တဲ့ ပိုင်ရှင် က
သူဟာ မီးဖိုပေါ်မှာ ဆီဒယ်အိုးတင်ထားပြီး ဆီပူလာမှ ဒယ်အိုးကို နေပူထဲကိုယူထုတ်လာပြီး ကြက်ဥကြော်ပြ နောက်ပြောင်ခဲ့တာပါလို့ ဝန်ခံခဲ့ကြောင်းသိရပါတယ်။
သူ့ရုပ်သံကို နိုင်ငံတကာသတင်းတွေမှာပါဖေါ်ပြလာနေလို့ ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို အဖြစ်မှန်မမှန် စစ်ဆေးခဲ့ရပါတယ်၊ ခုလို မဟုတ်မမှန် လုပ်ကြံပြီး ပို့စ် တင်လို့အဖွဲ့အစည်း နိုင်ငံ အကျိုး ထိခိုက်တယ်ဆိုရင် ကွန်ပြူတာဥပဒေအရ တရားစွဲလို့ရပြီး ထောင်ဒဏ်ငါးနှစ်အထိ အပြစ်ပေးနိုင်ပါတယ်။
သူတင်ခဲ့တဲ့ရုပ်သံ
ဖိုးသူတော်(www.phothutaw.com)
Credit:SAW