ထိပ္ေျပာင္တယ္ဆိုတာ နဖူးေျပာင္တာကိုေျပာတာမဟုတ္ပါဘူး။ေဘးဘက္ေတြမွာ ဆံပင္ရွိျပီး ထိပ္မွာပဲကြက္ျပီး ေျပာင္ေနသူေတြကုိေျပာတာပါ။ေယာက္်ားေလးေတြက ထိပ္ေျပာင္မွာကုိအလြန္ေၾကာက္ၾကပါတယ္။အခ်ိဳ႕ေတြဆုိ ဆံပင္ေပါက္ေဆးေတြလူးတာ၊စားတာေတြေတာင္လုပ္ၾကပါေသးတယ္။ဒါေပမယ့္ နို္င္ငံတကာစစ္တမ္းေကာက္ယူခ်က္ေတြအရ ထိပ္ေျပာင္တဲ့သူေတြကုိ မိန္းကေလးေတြကပုိျပီးခ်စ္သူေတာ္ခ်င္ၾကပါတယ္တဲ့။

ထိပ္ေျပာင္တဲ့သူေတြမွာသူမ်ားေတြထက္ပုိေတာ္တဲ့အားသာခ်က္ေတြရွိတာေၾကာင့္ပါ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ထိပ္ေျပာင္တဲ့သူေတြကိုခ်စ္သူေတာ္သင့္တဲ့အေၾကာင္းအရင္း(၆) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

ထိပ္ေျပာင္တဲ့ကုိၾကီးေတြက တအားေခ်ာတယ္

မိန္းကေလးေတြလုိပဲေပါ့။ ဆံပင္ဆိုတာ ေယာက္်ားေလးေတြအတြက္လည္းဒုတိယမ်က္နွာပါ။ အခ်ိဳ႕လူေတြက လူကသိပ္မေခ်ာေပမယ့္လည္း ဆံပင္ပံုစံေလးကယ္ေနလို႔ ၾကည့္ေပ်ာ္ရႈ႕ေပ်ာ္ျဖစ္ျပီးေဆာ္ၾကည္ေနတာေတြရွိပါတယ္။ဒါေပမယ့္ ထိပ္ေျပာင္ေနရက္သားနဲ႔ကုိမွ ေခ်ာေနတယ္ဆိုရင္ေတာ့ အဲဒီလူကတကယ္ေခ်ာတာပါပဲ။ ထိပ္ေျပာင္တာကုိမဖံုးမဖိပဲ ကုိ္ယ့္ကုိယ္ကုိယ္ယံုၾကည္ခ်က္ရွိရွိ ေအးေအးေဆးေဆးေနနုိင္တဲ့လူေတာ္ေတာ္မ်ားမ်ားက ေခ်ာၾကတာမ်ားပါတယ္။

ထိပ္ေျပာင္တဲ့ကုိၾကီးေတြက ရင့္က်က္တယ္

ထိပ္ေျပာင္တယ္ဆိုတဲ့အသက္အပို္င္းအျခားက အနည္းဆံုးေတာ့ အသက္ သံုးဆယ္ဝန္းက်င္မွျဖစ္လို႔ရတာပါ။ ထိပ္ေျပာင္တာကုိေျပာင္တဲ့အတိုင္း ရဲရဲဝံံဝံံေနုနိင္ဖို႔ဆိုတာကလည္း အသက္သံုးဆယ္ေက်ာ္ေလာက္မွတည္ျငိမ္ျပီးေနနုိင္တာပါပဲ။ ဒါေၾကာင့္ အသက္အရြယ္အရေရာ သည္းခံစိတ္ဘာညာအရေရာပညာအရည္အခ်င္းအရေရာ ထိပ္ေျပာင္တဲ့ကုိၾကီးေတြက ရင့္က်က္ျပီးသားပါ။အလိုမတူပဲေျပာင္ေနတဲ့ေခါင္းကုိေတာင္ သည္းခံနုိင္ေသးတာ။ခ်စ္လုိ႔နည္းနည္းပါးပါးဆိုးတဲ့ညီမေလးကုိ ဘာသည္းမခံနုိင္စရာအေၾကာင္းရွိမလဲ။

ထိပ္ေျပာင္တဲ့ကိုၾကီးေတြက အခ်ိန္အၾကာၾကီးယူျပီးေခါင္းျဖီးေနမွာမဟုတ္ဘူး

ထိပ္ေျပာင္ပါတယ္ဆိုမွ ဘယ္က ျဖီးစရာဆံပင္ရွိမွာလဲေနာ္။ ဒါေၾကာင့္ သင္နဲ႔ခ်ိန္းထားျပီးမွေခါင္းျဖီးေနလို႔ ကိုၾကီးေနာက္က်သြားတယ္ ကေလးရယ္ဆိုတာမ်ိဳး သင္ဘယ္ေတာ့မွၾကားရမွာမဟုတ္ပါဘူး။ ထိပ္ေျပာင္ေတာ့ ဆံပင္ညွပ္ဆိုင္လည္းသြားစရာမလိုသလို ညွပ္ရမယ့္ဆံပင္ပံုစံလည္း သင္ကူျပီးေရြးေပးစရာလိုမွာမဟုတ္ပါဘူး။ အတင္းအဓမၼေခါင္းေလွ်ာ္ခိုင္းစရာလည္းမလိုေတာ့ စိတ္ခ်မ္းသာစရာေကာင္းတာေပါ့။သူတို႔မွာမရွိတဲ့ဆံပင္အတြက္ သင့္ရဲ႕ဆံပင္ေတြကုိပုိတိုးျပီးခ်စ္ေပးမယ့္ ကုိၾကီးေတြပါ။

ထိပ္ေျပာင္တဲ့ကုိၾကီးေတြကို ဦးထုပ္အမ်ိဳးမ်ိဳးနဲ႔ျမင္နုိင္တယ္

ထိပ္ေျပာင္တာကုိ စတုိင္က်က်ဦးထုပ္ေတြေဆာင္းျပီးအကာအကြယ္ယူထားမယ့္ကုိၾကီးေတြပါ။ စိတ္ပါရင္ သူ႔ဦးထုပ္ေတြလည္းကုိယ္ကယူေဆာင္းလို႔ရေတာ့ အဆင္ေျပတယ္။ ဒါ့အျပင္ ဦးထုပ္ေဆာင္းတယ္ဆိုကတည္းက လူငယ္ဆန္ေနျပီမို႔ တစ္မ်ိဳးတစ္ဖံုေၾကြခ်င္စရာေကာင္းေနမွာပါ။ နွစ္ေယာက္အတူတူဦးထုပ္ဆင္တူေဆာင္းျပီးေတာ့လည္း ရိုနုိင္ေသးတယ္ေလ။ဘာလုိေသးလဲေနာ္။

ထိပ္ေျပာင္တဲ့ကုိၾကီးေတြက ပညာရွိေတြ

စဥ္းစားရလြန္းလို႔ ဆံပင္ေတြကြ်တ္ကုန္ျပီး ထိပ္ေျပာင္သြားတာဆိုတာ မေမ့ပါနဲ႔။ သူ႔တစ္သက္တာမွာ ကိစၥမ်ိဳးစံုကုိစဥ္းစားအေျဖရွာခဲ့ဖူးမွာအမွန္ပါပဲ။ဒါေၾကာင့္လည္း သူဟာ ထိပ္ေျပာင္ေနတာပါ။ ဒါေၾကာင့္ထိပ္ေျပာင္တဲ့ကုိၾကီးေတြက ဘယ္လုိအခက္အခဲမ်ိဳးေတြ႕ပါေစ သင့္ေရွ႕ကေနမားမားမတ္မတ္ရပ္တည္ျပီး ေျဖရွင္းေပးမယ့္အားကိုးခ်င္စရာ ပညာရွိၾကီးေတြပါ။

ထိပ္ေျပာင္တဲ့ကုိၾကီးေတြက အရြယ္တင္တယ္

အစပိုင္းမွာေတာ့ ထိပ္ေျပာင္ေနတာေၾကာင့္ ရြယ္တူေတြနဲ႔ယွဥ္ရင္ရင့္တယ္လို႔ခံစားရပါလိမ့္မယ္။ ဒါေပမယ့္ေနာက္ပိုင္းမွာ အကုန္လံုးက ဆံပင္ေတြျဖဴျပီးတစ္ေခါင္းလံုးအျဖဴၾကီးျဖစ္လာခ်ိန္မွာ ထိပ္ေျပာင္တဲ့ကုိၾကီးေတြက ေဘးကဆံပင္အတိုအစေလးေတြပဲျဖဴမွာျဖစ္ျပီး ဆံပင္ဆိုးရတာလည္းလြယ္တာေၾကာင့္ရြယ္တူေတြအဖိုးၾကီးျဖစ္ေနခ်ိန္မွာ ကိုၾကီးက ခန္႔ခန္႔ၾကီးအရြယ္တင္နုပ်ိဳေနမွာပါ။

ကဲ..ဘာၾကည့္ေနတာလဲ ထိပ္ေျပာင္တဲ့ကုိၾကီးတစ္ေယာက္ေလာက္ကိုျမန္ျမန္အေျဖေပးလိုက္ေတာ့ေလ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးထဲမွာေရာထိပ္ေျပာင္တဲ့ကုိၾကီးေတြရွိိလား။ ထိပ္ေျပာင္တဲ့ကုိၾကီးေတြနဲ႔ခ်စ္ေနတဲ့ညီမေလးေတြေရာရွိလား။ ရွိရင္ Mention ေခၚျပီး ခ်စ္ေၾကာင္းေျပာခဲ့လိုက္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thadinyatkwat

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိပ်ပြောင်တယ်ဆိုတာ နဖူးပြောင်တာကိုပြောတာမဟုတ်ပါဘူး။ဘေးဘက်တွေမှာ ဆံပင်ရှိပြီး ထိပ်မှာပဲကွက်ပြီး ပြောင်နေသူတွေကိုပြောတာပါ။ယောက်ျားလေးတွေက ထိပ်ပြောင်မှာကိုအလွန်ကြောက်ကြပါတယ်။အချို့တွေဆို ဆံပင်ပေါက်ဆေးတွေလူးတာ၊စားတာတွေတောင်လုပ်ကြပါသေးတယ်။ဒါပေမယ့် နိုင်ငံတကာစစ်တမ်းကောက်ယူချက်တွေအရ ထိပ်ပြောင်တဲ့သူတွေကို မိန်းကလေးတွေကပိုပြီးချစ်သူတော်ချင်ကြပါတယ်တဲ့။

ထိပ်ပြောင်တဲ့သူတွေမှာသူများတွေထက်ပိုတော်တဲ့အားသာချက်တွေရှိတာကြောင့်ပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ထိပ်ပြောင်တဲ့သူတွေကိုချစ်သူတော်သင့်တဲ့အကြောင်းအရင်း(၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ထိပ်ပြောင်တဲ့ကိုကြီးတွေက တအားချောတယ်

မိန်းကလေးတွေလိုပဲပေါ့။ ဆံပင်ဆိုတာ ယောက်ျားလေးတွေအတွက်လည်းဒုတိယမျက်နှာပါ။ အချို့လူတွေက လူကသိပ်မချောပေမယ့်လည်း ဆံပင်ပုံစံလေးကယ်နေလို့ ကြည့်ပျော်ရှု့ပျော်ဖြစ်ပြီးဆော်ကြည်နေတာတွေရှိပါတယ်။ဒါပေမယ့် ထိပ်ပြောင်နေရက်သားနဲ့ကိုမှ ချောနေတယ်ဆိုရင်တော့ အဲဒီလူကတကယ်ချောတာပါပဲ။ ထိပ်ပြောင်တာကိုမဖုံးမဖိပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရှိ အေးအေးဆေးဆေးနေနိုင်တဲ့လူတော်တော်များများက ချောကြတာများပါတယ်။

ထိပ်ပြောင်တဲ့ကိုကြီးတွေက ရင့်ကျက်တယ်

ထိပ်ပြောင်တယ်ဆိုတဲ့အသက်အပိုင်းအခြားက အနည်းဆုံးတော့ အသက် သုံးဆယ်ဝန်းကျင်မှဖြစ်လို့ရတာပါ။ ထိပ်ပြောင်တာကိုပြောင်တဲ့အတိုင်း ရဲရဲဝံံဝံံနေုနိင်ဖို့ဆိုတာကလည်း အသက်သုံးဆယ်ကျော်လောက်မှတည်ငြိမ်ပြီးနေနိုင်တာပါပဲ။ ဒါကြောင့် အသက်အရွယ်အရရော သည်းခံစိတ်ဘာညာအရရောပညာအရည်အချင်းအရရော ထိပ်ပြောင်တဲ့ကိုကြီးတွေက ရင့်ကျက်ပြီးသားပါ။အလိုမတူပဲပြောင်နေတဲ့ခေါင်းကိုတောင် သည်းခံနိုင်သေးတာ။ချစ်လို့နည်းနည်းပါးပါးဆိုးတဲ့ညီမလေးကို ဘာသည်းမခံနိုင်စရာအကြောင်းရှိမလဲ။

ထိပ်ပြောင်တဲ့ကိုကြီးတွေက အချိန်အကြာကြီးယူပြီးခေါင်းဖြီးနေမှာမဟုတ်ဘူး

ထိပ်ပြောင်ပါတယ်ဆိုမှ ဘယ်က ဖြီးစရာဆံပင်ရှိမှာလဲနော်။ ဒါကြောင့် သင်နဲ့ချိန်းထားပြီးမှခေါင်းဖြီးနေလို့ ကိုကြီးနောက်ကျသွားတယ် ကလေးရယ်ဆိုတာမျိုး သင်ဘယ်တော့မှကြားရမှာမဟုတ်ပါဘူး။ ထိပ်ပြောင်တော့ ဆံပင်ညှပ်ဆိုင်လည်းသွားစရာမလိုသလို ညှပ်ရမယ့်ဆံပင်ပုံစံလည်း သင်ကူပြီးရွေးပေးစရာလိုမှာမဟုတ်ပါဘူး။ အတင်းအဓမ္မခေါင်းလျှော်ခိုင်းစရာလည်းမလိုတော့ စိတ်ချမ်းသာစရာကောင်းတာပေါ့။သူတို့မှာမရှိတဲ့ဆံပင်အတွက် သင့်ရဲ့ဆံပင်တွေကိုပိုတိုးပြီးချစ်ပေးမယ့် ကိုကြီးတွေပါ။

ထိပ်ပြောင်တဲ့ကိုကြီးတွေကို ဦးထုပ်အမျိုးမျိုးနဲ့မြင်နိုင်တယ်

ထိပ်ပြောင်တာကို စတိုင်ကျကျဦးထုပ်တွေဆောင်းပြီးအကာအကွယ်ယူထားမယ့်ကိုကြီးတွေပါ။ စိတ်ပါရင် သူ့ဦးထုပ်တွေလည်းကိုယ်ကယူဆောင်းလို့ရတော့ အဆင်ပြေတယ်။ ဒါ့အပြင် ဦးထုပ်ဆောင်းတယ်ဆိုကတည်းက လူငယ်ဆန်နေပြီမို့ တစ်မျိုးတစ်ဖုံကြွေချင်စရာကောင်းနေမှာပါ။ နှစ်ယောက်အတူတူဦးထုပ်ဆင်တူဆောင်းပြီးတော့လည်း ရိုနိုင်သေးတယ်လေ။ဘာလိုသေးလဲနော်။

ထိပ်ပြောင်တဲ့ကိုကြီးတွေက ပညာရှိတွေ

စဉ်းစားရလွန်းလို့ ဆံပင်တွေကျွတ်ကုန်ပြီး ထိပ်ပြောင်သွားတာဆိုတာ မမေ့ပါနဲ့။ သူ့တစ်သက်တာမှာ ကိစ္စမျိုးစုံကိုစဉ်းစားအဖြေရှာခဲ့ဖူးမှာအမှန်ပါပဲ။ဒါကြောင့်လည်း သူဟာ ထိပ်ပြောင်နေတာပါ။ ဒါကြောင့်ထိပ်ပြောင်တဲ့ကိုကြီးတွေက ဘယ်လိုအခက်အခဲမျိုးတွေ့ပါစေ သင့်ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးမယ့်အားကိုးချင်စရာ ပညာရှိကြီးတွေပါ။

ထိပ်ပြောင်တဲ့ကိုကြီးတွေက အရွယ်တင်တယ်

အစပိုင်းမှာတော့ ထိပ်ပြောင်နေတာကြောင့် ရွယ်တူတွေနဲ့ယှဉ်ရင်ရင့်တယ်လို့ခံစားရပါလိမ့်မယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အကုန်လုံးက ဆံပင်တွေဖြူပြီးတစ်ခေါင်းလုံးအဖြူကြီးဖြစ်လာချိန်မှာ ထိပ်ပြောင်တဲ့ကိုကြီးတွေက ဘေးကဆံပင်အတိုအစလေးတွေပဲဖြူမှာဖြစ်ပြီး ဆံပင်ဆိုးရတာလည်းလွယ်တာကြောင့်ရွယ်တူတွေအဖိုးကြီးဖြစ်နေချိန်မှာ ကိုကြီးက ခန့်ခန့်ကြီးအရွယ်တင်နုပျိုနေမှာပါ။

ကဲ..ဘာကြည့်နေတာလဲ ထိပ်ပြောင်တဲ့ကိုကြီးတစ်ယောက်လောက်ကိုမြန်မြန်အဖြေပေးလိုက်တော့လေ။ ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရောထိပ်ပြောင်တဲ့ကိုကြီးတွေရှိလား။ ထိပ်ပြောင်တဲ့ကိုကြီးတွေနဲ့ချစ်နေတဲ့ညီမလေးတွေရောရှိလား။ ရှိရင် Mention ခေါ်ပြီး ချစ်ကြောင်းပြောခဲ့လိုက်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:thadinyatkwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top