စစ္တပ္ ေတြ အမ်ားစုဟာ သင္းခ်ိဳင္း ေတြကို ဖ်က္ၿပီး တည္ထားၾကတယ္ဆိုတာကို ေတာ္ေတာ္မ်ား မ်ား သိၾကၿပီး ျဖစ္မွာပါ..။ အဲ့ဒီလို သင္းခ်ိဳင္း တစ္ခု ကို ဖ်က္ၿပီး စစ္တပ္ တစ္ခု တည္ၿပီဆိုရင္လည္း လုပ္စရာ ကိစၥေတြကေတာ့ မ်ားပါတယ္..။ သင္းခ်ိဳင္း မွာ ရွိၾကတဲ့ နာနာဘာ၀ ေတြကို ပင့္ဖိတ္၊ ကားေတြနဲ႔တင္ သူတို႔ရဲ႕ ေနရာအသစ္ေတြမွာ ခ်ထားေပးတာေတြကို တတ္ကြၽမ္းနားလည္တဲ့ ဆရာေတာ္ ေတြနဲ႔ အတူတကြ ျပဳလုပ္ရေလ့ရွိပါတယ္..။ ဒါေတြကိုေတာ့ ေနာက္ပိုင္းက်ရင္ ဗဟုသုတ တင္ျပပါအုံးမယ္..။ အခုေတာ့ ကြၽန္ေတာ္ ေျပာခ်င္တဲ့ အေၾကာင္းအရာေလးတစ္ခုကို စေျပာပါရေစ..။

အခု တပ္တည္မယ့္ သင္းခ်ိဳင္းကုန္း ေနရာက ေတာ္ေတာ္ႀကီးပါတယ္.။ ဘာသာေပါင္းစုံ သင္းခ်ိဳင္း ျဖစ္ၿပီး တစ္ၿမိဳ႕လုံးက အသုဘကို ဒီ သင္းခ်ိဳင္း မွာပဲ ခ်ၾကေတာ့ တစ္ျဖည္းျဖည္းနဲ႔ အက်ယ္ႀကီး ျဖစ္လာတာ..။ သင္းခ်ိဳင္း ကို ခရစ္ယာန္၊ ဟိႏၵဴ၊ မြတ္စလင္၊ ဗုဒၶဘာသာ ဆိုၿပီး ေနရာေလးေတြ ကန႔္ သတ္ၿပီး လုပ္ထားေပးပါတယ္..။ ဒီလိုနဲ႔ သင္းခ်ိဳင္း ဖ်က္ေတာ့မယ္ ဆိုေတာ့ ဗုဒၶဘာသာ သင္းခ်ိဳင္း မွာ စၿပီး ဘုန္းႀကီး ငါးပါးနဲ႔ နာနာဘာဝနဲ႔ မကြၽတ္မလြတ္ေတြကို ပင့္ဖိတ္ၿပီး ကားေပၚကို တက္ ေစပါတယ္..။ လူမရွိတဲ့ ကားေနာက္ခန္းေနရာမွာ.. ႐ႊံ႕ေတြ ေပပြေနတဲ့ ေျခေထာက္ရာေတြ အမ်ားအျပားကို အံ့ၾသစြာ ေတြ႕ခဲ့ရပါတယ္..။

ကားေပၚကို အလုအယက္တက္ၾကတဲ့ အသံေတြကို လည္း အတိုင္းသားၾကားေနရပါတယ္တဲ့..။ တက္သူေတြ တအား မ်ားၿပီး ကားမထြက္ႏိုင္လို႔ ႏွစ္ေခါက္ သုံးေခါက္ ျပန္လည္ သယ္ယူၾကရပါတယ္..။ ဒီအခ်ိန္မွာ ဘုန္းႀကီးက စည္းဝိုင္း တစ္ခု ျပဳလုပ္ၿပီး လူသား အားလုံးကို စည္းဝိုင္းအထဲမွာပဲ ေနေစပါတယ္..။ အျပင္ကို လုံးဝထြက္ခြင့္မျပဳပါဘူး..။ ဒီလိုနဲ႔ ဗုဒၶဘာသာ သင္းခ်ိဳင္း က အခက္အခဲမရွိ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ၿပီးသြားပါတယ္..။

ဇာတ္လမ္း က အခုမွ စပါတယ္..။ တစ္ျခားဘာသာေတြရဲ႕ သင္းခ်ိဳင္း က နာနာဘာဝနဲ႔ မကြၽတ္မလြတ္ ေတြကို ဘယ္လို နည္းလမ္းနဲ႔ ဘယ္လိုပင့္ဖိတ္ရတယ္ဆိုတာ ဘယ္သူမွ မသိပါဘူး..။ အေတြ႕အႀကဳံ လည္း မရွိၾကပါဘူး..။ ဘုန္းႀကီးေတြ လည္း ႀကိဳးစားၿပီး ပင့္ဖိတ္ပါေသးတယ္..။ ထူးဆန္းစြာပဲ အရင္ကလို ေျခသံေတြ ေျခရာ ေတြ လုံးဝမေတြ႕ျမင္ရပါဘူး..။ တိတ္ဆိတ္ ၿငိမ္သက္လ်က္ပါ..။ ေနာက္ဆုံး ဘယ္လိုမွ မရတဲ့ အဆုံး အထက္က စစ္မိန႔္နဲ႔ ႏွင္တယ္ဆိုၿပီး စစ္မိန႔္ ဖတ္ပါတယ္..။ ၿပီးေတာ့ သင္းခ်ိဳင္းကို ဖ်က္ပါတယ္..။

အျမန္လိုေနတာေၾကာင့္ လူအင္အားသုံးၿပီး သင္းခ်ိဳင္းကို ေန႔ေရာညပါ ဖ်က္ၾကပါတယ္..။ ဗုဒၶဘာသာ သင္းခ်ိဳင္းမွာ ဘာအေႏွာင့္အယွက္မွ မေတြ႕ခဲ့ရေပမယ့္ တစ္ျခား သင္းခ်ိဳင္း မွာေတာ့ ဒီဘက္ အုတ္ဂူၿဖိဳေနရင္ ဟိုဘက္ အုတ္ဂူကေန ငိုသံလိုလို ၿငီးသံလိုလို မၾကာခဏၾကားရပါတယ္..။ ၿပီးေတာ့ အလုပ္ လုပ္ေနရင္း ကိုယ့္ေနာက္ကေန တစ္စုံတစ္ေယာက္က စိုက္ၾကည့္ေနတဲ့ ခံစားမႈမ်ိဳး ခံစားၾက ရပါတယ္..။ ၿပီးေတာ့ ေနာက္ေက်ာကေန ေျခသံေတြလည္း တစ္ရွပ္ရွပ္ၾကားရပါတယ္….။ ဒါေၾကာင့္ စစ္သားေတြဟာ အလုပ္လုပ္ရာမွာ လူခြဲၿပီး မလုပ္ၾကပဲ တစ္ဦးနဲ႔ တစ္ဦး နီးကပ္စြာေနၿပီး အလုပ္ကို အျမန္ဆုံးၿပီးစီးေအာင္ လုပ္ၾကရပါတယ္..။

တ႐ုတ္ လူမ်ိဳး ေတြဟာ သင္းခ်ိဳင္း ေနရာကို မိသားစု အလိုက္ သတ္မွတ္ထားေလ့ရွိပါတယ္..။ ဒါက အေဖ့ေနရာ..၊ ဒါက အေမ့ေနရာ..၊ ဒါက ဘယ္သူ႔ေနရာဆိုၿပီး မေသခင္ကတည္းက ေနရာေတြ သတ္မွတ္ၿပီးသားပါ..။ ေသရင္လည္း အဲ့ဒီလိုပဲ မိသားစုလိုက္ ၿခံစည္း႐ိုးေလးေတြ ကန႔္ၿပီး အုတ္ဂူေလးေတြ လုပ္ထားေလ့ရွိပါတယ္..။ အဲ့ဒီမွာ သင္းခ်ိဳင္း ဖ်က္ရင္းနဲ႔ တ႐ုတ္မိသားစု တစ္စုရဲ႕ အုတ္ဂူ ေတြကို ဖ်က္ရ ပါတယ္..။ အုတ္ဂူ ေလးလုံး ရွိၿပီး ၿခံစည္း႐ိုးေလး သီးသန႔္ ကာထား ပါတယ္..။ အခ်ိန္က ည ၁၁း၀၀ နာရီေလာက္ ရွိေနပါၿပီ..။ အဲ့ဒီအခ်ိန္မွာ လႈပ္လီလႈပ္လဲ့နဲ႔ လူေလးဦး သင္းခ်ိဳင္းကုန္း ထဲကို ဝင္လာပါတယ္..။

သင္းခ်ိဳင္းဖ်က္ေနတဲ့ စစ္သားေတြဟာ သူတို႔နဲ႔ ဂ်ဴတီ ခ်ိန္းမယ့္ စစ္သားေတြ ထင္ၿပီး လက္ျပ ႏႈတ္ဆက္လိုက္ပါတယ္..။ ဒါေပမယ့္ အနီးနားေရာက္မွ သိလိုက္ရတာက သူတို႔ဟာ တ႐ုတ္လူမ်ိဳးေတြပါ..။ အဖိုးအိုတစ္ဦး၊ အဖြားအိုတစ္ဦး၊ လူ႐ြယ္တစ္ဦး၊ အမ်ိဳးသမီးတစ္ဦးနဲ႔ သူမ လက္ထဲ မွာ ၁ ႏွစ္သား အ႐ြယ္ ကေလးေလး တစ္ေယာက္ ပါပါတယ္..။ သူတို႔ ဝတ္စားထားပုံၾကည့္ရတာ အေတာ္ကိုေရွးက်ပါတယ္..။ လက္ထဲမွာလည္း ေငြစကၠဴ ေတြ အထပ္လိုက္ကိုင္ထားပါတယ္..။ တ႐ုတ္ ေငြစကၠဴေတြပါ..။ ၿပီးေတာ့ တစ္ျခား စားေသာက္စရာ ေတြလည္း တစ္ေပြ႕ တစ္ပိုက္နဲ႔..။

စစ္သား တစ္ေယာက္က ဘာကူညီေပးရမလဲဆိုၿပီး စေမးပါတယ္..။ သူတို႔ထဲက လူ႐ြယ္က သူတို႔ကို စကားျပန္ ေျပာပါ တယ္..။ သူျပန္ေျပာတာ ျပည္ႀကီး တ႐ုတ္စကားပါ..။ ဘာေတြ ေျပာမွန္း နားမလည္ ပါဘူး..။ ေဒါႀကီး ေမာႀကီးနဲ႔ သူတို႔ဖ်က္ေနတဲ့ အုတ္ဂူေတြကို လက္ညႇိဳးတစ္ထိုးထိုးနဲ႔ ေျပာေနပါတယ္..။ ၿပီးေတာ့ ေဝးေဝးသြား ဒီအုတ္ဂူေတြနားက ေဝးေဝးသြားဆိုၿပီး လက္ဟန္ေျခဟန္နဲ႔ ေမာင္းထုတ္ပါတယ္..။

ၿပီးေတာ့ စစ္သား ေတြ လက္ထဲကို မုန႔္ေတြ၊ တ႐ုတ္ ပိုက္ဆံေတြ ထည့္ေပးပါတယ္..။ ၿပီးေတာ့ ေဝးေဝးသြားဖို႔ ႏွင္ပါတယ္..။ ၿပီးေတာ့ သူတို႔ဟာ စစ္သား ေတြ ဖ်က္ေနတဲ့ စည္း႐ိုးထဲက အုတ္ဂူေလးလုံးကို ျပန္လည္ သန႔္ရွင္းျပဳျပင္ ေနၾကပါတယ္..။ ပါးစပ္ကလည္း တ႐ုတ္လို အဆက္မျပတ္ တတြတ္တြတ္ ေျပာဆိုေနပါတယ္..။

စစ္သား ေတြက သူတို႔ကို ေသဆုံးသူေတြရဲ႕ ေဆြမ်ိဳးေတာ္စပ္သူေတြလို႔ ထင္လိုက္တယ္..။ ဒါနဲ႔ သူတို႔လည္း တာဝန္အရ ဆက္လုပ္ဖို႔ရွိတာေၾကာင့္ သူတို႔ နားလည္ေအာင္ ရွင္းျပဖို႔ ႀကိဳစား လိုက္တယ္..။ အဲ့ဒီမွာ စစ္သားေတြ အုတ္ဂူကို ဆက္ဖ်က္ဆီးေတာ့မယ္ဆိုတာလည္း သူတို႔ သတိထားမိေရာ ကေလးခ်ီထားတဲ့ အမ်ိဳးသမီးျဖစ္သူက စတင္ ေအာ္ငို ပါတယ္..။ အေတာ္ကိုက်ယ္ေလာင္ပါတယ္..။ သူမ ေအာ္ငိုသံဟာ သင္းခ်ိဳင္း ေျမထဲမွာ အသည္းငယ္သူတို႔အဖို႔ သည္းေျခ ပ်က္စရာပါ..။ ဒါေပမယ့္ ခဏၾကာေတာ့ သူမရဲ႕ ငိုသံဟာ တစ္ျဖည္းျဖည္း ရီသံအျဖစ္ကို ကူးေျပာင္းလာတယ္..။ အားရပါးရ သေဘာက်ၿပီး ရီေနသံ အမ်ိဳးသမီးရဲ႕ အသံကလည္း ဒီလို သင္းခ်ိဳင္း ေျမထဲမွာ စစ္သား ေတြကို စိတ္ေျခာက္ခ်ားေစပါတယ္..။

ငိုလိုက္ ရီလိုက္ျဖစ္ေနတဲ့ အမ်ိဳးသမီးကို နားမလည္ျဖစ္ေနတုန္းမွာပဲ တစ္ျခားသူေတြပါ စစ္သား ေတြကို ၾကည့္ၿပီး ရီၾကပါေတာ့တယ္..။ ထူးဆန္းတာက ဘာမွ မသိတဲ့ ၁ႏွစ္အ႐ြယ္ ကေလးေတာင္ မ်က္လုံးႀကီးျပဴးၿပီး စစ္သားေတြကို စိုက္ၾကည့္ကာ ဟက္ဟက္ပက္ပက္ကို ရီေနပါတယ္..။ ရီရင္းနဲ႔ ျပဴးက်ယ္ေနတဲ့ သူတို႔ရဲ႕ မ်က္လုံးေတြဟာ တစ္ေနရာထဲ ကိုပဲ မမွိတ္မသုန္ စူးစိုက္ၾကည့္ေနၿပီး နီရဲလ်က္ရွိပါတယ္..။ ျဖဴဖတ္ေနတဲ့ သူတို႔ မ်က္ႏွာေပၚမွာ နီရဲေနတဲ့ မ်က္လုံးေတြက ကိုယ္စီ ထင္ေပၚလ်က္ရွိပါတယ္….။

သူတို႔ရဲ႕ ပုံစံေတြကို ၾကည့္ရင္း စစ္သားေတြ လန႔္လာပါတယ္.။ သူတို႔ရဲ႕ စိတ္ထဲမွာ ဒါေတြဟာ ဘယ္လိုနည္းနဲ႔မွ လူသားေတြ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ေတြးမိတာနဲ႔ အေတြ႕အႀကဳံနည္းနည္း ရွိတဲ့စစ္သားက သူတို႔ေပးတဲ့ အစားအေသာက္နဲ႔ ပိုက္ဆံ ေတြကို အကုန္ျပန္လိုက္စုပါတယ္..။ ၿပီးေတာ့ သူတို႔ကို ျပန္ပစ္ေပးလိုက္ၿပီး ထြက္ေျပးပါေတာ့တယ္..။ ထုံးစံ အတိုင္း တစ္ေယာက္ေျပးရင္ က်န္တဲ့ စစ္သား ေတြလည္း ေနာက္က တစ္သီႀကီး ေျပးလိုက္ၾကတာေပါ့..။

သူတို႔ဟာ လူေတြ မဟုတ္တာေတာ့ ေသခ်ာပါတယ္..။ တ႐ုတ္ နာနာဘာဝေတြလား..။ သူတို႔ ေကြၽးခဲ့တဲ့ အစားအစာနဲ႔ တ႐ုတ္ပိုက္ဆံေတြကို မသိပဲ ယူခဲ့ စားခဲ့မိရင္ေကာ ဘာေတြ ဆက္ျဖစ္မွာအုံး မွာလဲ… အဲ့ဒီ အေတြးေတြကေတာ့ အဲ့ဒီညက အျဖစ္ကို ႀကဳံေတြ႕ခဲ့ရတဲ့ စစ္သားေတြရဲ႕ ေခါင္းထဲမွာ ရွိေနဆဲ ျဖစ္မွာပါ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:OP

#Unicode Version# ျဖင့္ဖတ္ပါ ။

စစ်တပ် တွေ အများစုဟာ သင်းချိုင်း တွေကို ဖျက်ပြီး တည်ထားကြတယ်ဆိုတာကို တော်တော်များ များ သိကြပြီး ဖြစ်မှာပါ..။ အဲ့ဒီလို သင်းချိုင်း တစ်ခု ကို ဖျက်ပြီး စစ်တပ် တစ်ခု တည်ပြီဆိုရင်လည်း လုပ်စရာ ကိစ္စတွေကတော့ များပါတယ်..။ သင်းချိုင်း မှာ ရှိကြတဲ့ နာနာဘာ၀ တွေကို ပင့်ဖိတ်၊ ကားတွေနဲ့တင် သူတို့ရဲ့ နေရာအသစ်တွေမှာ ချထားပေးတာတွေကို တတ်ကျွမ်းနားလည်တဲ့ ဆရာတော် တွေနဲ့ အတူတကွ ပြုလုပ်ရလေ့ရှိပါတယ်..။ ဒါတွေကိုတော့ နောက်ပိုင်းကျရင် ဗဟုသုတ တင်ပြပါအုံးမယ်..။ အခုတော့ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာလေးတစ်ခုကို စပြောပါရစေ..။

အခု တပ်တည်မယ့် သင်းချိုင်းကုန်း နေရာက တော်တော်ကြီးပါတယ်.။ ဘာသာပေါင်းစုံ သင်းချိုင်း ဖြစ်ပြီး တစ်မြို့လုံးက အသုဘကို ဒီ သင်းချိုင်း မှာပဲ ချကြတော့ တစ်ဖြည်းဖြည်းနဲ့ အကျယ်ကြီး ဖြစ်လာတာ..။ သင်းချိုင်း ကို ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ ဆိုပြီး နေရာလေးတွေ ကန့် သတ်ပြီး လုပ်ထားပေးပါတယ်..။ ဒီလိုနဲ့ သင်းချိုင်း ဖျက်တော့မယ် ဆိုတော့ ဗုဒ္ဓဘာသာ သင်းချိုင်း မှာ စပြီး ဘုန်းကြီး ငါးပါးနဲ့ နာနာဘာဝနဲ့ မကျွတ်မလွတ်တွေကို ပင့်ဖိတ်ပြီး ကားပေါ်ကို တက် စေပါတယ်..။ လူမရှိတဲ့ ကားနောက်ခန်းနေရာမှာ.. ရွှံ့တွေ ပေပွနေတဲ့ ခြေထောက်ရာတွေ အများအပြားကို အံ့သြစွာ တွေ့ခဲ့ရပါတယ်..။

ကားပေါ်ကို အလုအယက်တက်ကြတဲ့ အသံတွေကို လည်း အတိုင်းသားကြားနေရပါတယ်တဲ့..။ တက်သူတွေ တအား များပြီး ကားမထွက်နိုင်လို့ နှစ်ခေါက် သုံးခေါက် ပြန်လည် သယ်ယူကြရပါတယ်..။ ဒီအချိန်မှာ ဘုန်းကြီးက စည်းဝိုင်း တစ်ခု ပြုလုပ်ပြီး လူသား အားလုံးကို စည်းဝိုင်းအထဲမှာပဲ နေစေပါတယ်..။ အပြင်ကို လုံးဝထွက်ခွင့်မပြုပါဘူး..။ ဒီလိုနဲ့ ဗုဒ္ဓဘာသာ သင်းချိုင်း က အခက်အခဲမရှိ ချောချောမွေ့မွေ့နဲ့ ပြီးသွားပါတယ်..။

ဇာတ်လမ်း က အခုမှ စပါတယ်..။ တစ်ခြားဘာသာတွေရဲ့ သင်းချိုင်း က နာနာဘာဝနဲ့ မကျွတ်မလွတ် တွေကို ဘယ်လို နည်းလမ်းနဲ့ ဘယ်လိုပင့်ဖိတ်ရတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး..။ အတွေ့အကြုံ လည်း မရှိကြပါဘူး..။ ဘုန်းကြီးတွေ လည်း ကြိုးစားပြီး ပင့်ဖိတ်ပါသေးတယ်..။ ထူးဆန်းစွာပဲ အရင်ကလို ခြေသံတွေ ခြေရာ တွေ လုံးဝမတွေ့မြင်ရပါဘူး..။ တိတ်ဆိတ် ငြိမ်သက်လျက်ပါ..။ နောက်ဆုံး ဘယ်လိုမှ မရတဲ့ အဆုံး အထက်က စစ်မိန့်နဲ့ နှင်တယ်ဆိုပြီး စစ်မိန့် ဖတ်ပါတယ်..။ ပြီးတော့ သင်းချိုင်းကို ဖျက်ပါတယ်..။

အမြန်လိုနေတာကြောင့် လူအင်အားသုံးပြီး သင်းချိုင်းကို နေ့ရောညပါ ဖျက်ကြပါတယ်..။ ဗုဒ္ဓဘာသာ သင်းချိုင်းမှာ ဘာအနှောင့်အယှက်မှ မတွေ့ခဲ့ရပေမယ့် တစ်ခြား သင်းချိုင်း မှာတော့ ဒီဘက် အုတ်ဂူဖြိုနေရင် ဟိုဘက် အုတ်ဂူကနေ ငိုသံလိုလို ငြီးသံလိုလို မကြာခဏကြားရပါတယ်..။ ပြီးတော့ အလုပ် လုပ်နေရင်း ကိုယ့်နောက်ကနေ တစ်စုံတစ်ယောက်က စိုက်ကြည့်နေတဲ့ ခံစားမှုမျိုး ခံစားကြ ရပါတယ်..။ ပြီးတော့ နောက်ကျောကနေ ခြေသံတွေလည်း တစ်ရှပ်ရှပ်ကြားရပါတယ်….။ ဒါကြောင့် စစ်သားတွေဟာ အလုပ်လုပ်ရာမှာ လူခွဲပြီး မလုပ်ကြပဲ တစ်ဦးနဲ့ တစ်ဦး နီးကပ်စွာနေပြီး အလုပ်ကို အမြန်ဆုံးပြီးစီးအောင် လုပ်ကြရပါတယ်..။

တရုတ် လူမျိုး တွေဟာ သင်းချိုင်း နေရာကို မိသားစု အလိုက် သတ်မှတ်ထားလေ့ရှိပါတယ်..။ ဒါက အဖေ့နေရာ..၊ ဒါက အမေ့နေရာ..၊ ဒါက ဘယ်သူ့နေရာဆိုပြီး မသေခင်ကတည်းက နေရာတွေ သတ်မှတ်ပြီးသားပါ..။ သေရင်လည်း အဲ့ဒီလိုပဲ မိသားစုလိုက် ခြံစည်းရိုးလေးတွေ ကန့်ပြီး အုတ်ဂူလေးတွေ လုပ်ထားလေ့ရှိပါတယ်..။ အဲ့ဒီမှာ သင်းချိုင်း ဖျက်ရင်းနဲ့ တရုတ်မိသားစု တစ်စုရဲ့ အုတ်ဂူ တွေကို ဖျက်ရ ပါတယ်..။ အုတ်ဂူ လေးလုံး ရှိပြီး ခြံစည်းရိုးလေး သီးသန့် ကာထား ပါတယ်..။ အချိန်က ည ၁၁း၀၀ နာရီလောက် ရှိနေပါပြီ..။ အဲ့ဒီအချိန်မှာ လှုပ်လီလှုပ်လဲ့နဲ့ လူလေးဦး သင်းချိုင်းကုန်း ထဲကို ဝင်လာပါတယ်..။

သင်းချိုင်းဖျက်နေတဲ့ စစ်သားတွေဟာ သူတို့နဲ့ ဂျူတီ ချိန်းမယ့် စစ်သားတွေ ထင်ပြီး လက်ပြ နှုတ်ဆက်လိုက်ပါတယ်..။ ဒါပေမယ့် အနီးနားရောက်မှ သိလိုက်ရတာက သူတို့ဟာ တရုတ်လူမျိုးတွေပါ..။ အဖိုးအိုတစ်ဦး၊ အဖွားအိုတစ်ဦး၊ လူရွယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ သူမ လက်ထဲ မှာ ၁ နှစ်သား အရွယ် ကလေးလေး တစ်ယောက် ပါပါတယ်..။ သူတို့ ဝတ်စားထားပုံကြည့်ရတာ အတော်ကိုရှေးကျပါတယ်..။ လက်ထဲမှာလည်း ငွေစက္ကူ တွေ အထပ်လိုက်ကိုင်ထားပါတယ်..။ တရုတ် ငွေစက္ကူတွေပါ..။ ပြီးတော့ တစ်ခြား စားသောက်စရာ တွေလည်း တစ်ပွေ့ တစ်ပိုက်နဲ့..။

စစ်သား တစ်ယောက်က ဘာကူညီပေးရမလဲဆိုပြီး စမေးပါတယ်..။ သူတို့ထဲက လူရွယ်က သူတို့ကို စကားပြန် ပြောပါ တယ်..။ သူပြန်ပြောတာ ပြည်ကြီး တရုတ်စကားပါ..။ ဘာတွေ ပြောမှန်း နားမလည် ပါဘူး..။ ဒေါကြီး မောကြီးနဲ့ သူတို့ဖျက်နေတဲ့ အုတ်ဂူတွေကို လက်ညှိုးတစ်ထိုးထိုးနဲ့ ပြောနေပါတယ်..။ ပြီးတော့ ဝေးဝေးသွား ဒီအုတ်ဂူတွေနားက ဝေးဝေးသွားဆိုပြီး လက်ဟန်ခြေဟန်နဲ့ မောင်းထုတ်ပါတယ်..။

ပြီးတော့ စစ်သား တွေ လက်ထဲကို မုန့်တွေ၊ တရုတ် ပိုက်ဆံတွေ ထည့်ပေးပါတယ်..။ ပြီးတော့ ဝေးဝေးသွားဖို့ နှင်ပါတယ်..။ ပြီးတော့ သူတို့ဟာ စစ်သား တွေ ဖျက်နေတဲ့ စည်းရိုးထဲက အုတ်ဂူလေးလုံးကို ပြန်လည် သန့်ရှင်းပြုပြင် နေကြပါတယ်..။ ပါးစပ်ကလည်း တရုတ်လို အဆက်မပြတ် တတွတ်တွတ် ပြောဆိုနေပါတယ်..။

စစ်သား တွေက သူတို့ကို သေဆုံးသူတွေရဲ့ ဆွေမျိုးတော်စပ်သူတွေလို့ ထင်လိုက်တယ်..။ ဒါနဲ့ သူတို့လည်း တာဝန်အရ ဆက်လုပ်ဖို့ရှိတာကြောင့် သူတို့ နားလည်အောင် ရှင်းပြဖို့ ကြိုစား လိုက်တယ်..။ အဲ့ဒီမှာ စစ်သားတွေ အုတ်ဂူကို ဆက်ဖျက်ဆီးတော့မယ်ဆိုတာလည်း သူတို့ သတိထားမိရော ကလေးချီထားတဲ့ အမျိုးသမီးဖြစ်သူက စတင် အော်ငို ပါတယ်..။ အတော်ကိုကျယ်လောင်ပါတယ်..။ သူမ အော်ငိုသံဟာ သင်းချိုင်း မြေထဲမှာ အသည်းငယ်သူတို့အဖို့ သည်းခြေ ပျက်စရာပါ..။ ဒါပေမယ့် ခဏကြာတော့ သူမရဲ့ ငိုသံဟာ တစ်ဖြည်းဖြည်း ရီသံအဖြစ်ကို ကူးပြောင်းလာတယ်..။ အားရပါးရ သဘောကျပြီး ရီနေသံ အမျိုးသမီးရဲ့ အသံကလည်း ဒီလို သင်းချိုင်း မြေထဲမှာ စစ်သား တွေကို စိတ်ခြောက်ချားစေပါတယ်..။

ငိုလိုက် ရီလိုက်ဖြစ်နေတဲ့ အမျိုးသမီးကို နားမလည်ဖြစ်နေတုန်းမှာပဲ တစ်ခြားသူတွေပါ စစ်သား တွေကို ကြည့်ပြီး ရီကြပါတော့တယ်..။ ထူးဆန်းတာက ဘာမှ မသိတဲ့ ၁နှစ်အရွယ် ကလေးတောင် မျက်လုံးကြီးပြူးပြီး စစ်သားတွေကို စိုက်ကြည့်ကာ ဟက်ဟက်ပက်ပက်ကို ရီနေပါတယ်..။ ရီရင်းနဲ့ ပြူးကျယ်နေတဲ့ သူတို့ရဲ့ မျက်လုံးတွေဟာ တစ်နေရာထဲ ကိုပဲ မမှိတ်မသုန် စူးစိုက်ကြည့်နေပြီး နီရဲလျက်ရှိပါတယ်..။ ဖြူဖတ်နေတဲ့ သူတို့ မျက်နှာပေါ်မှာ နီရဲနေတဲ့ မျက်လုံးတွေက ကိုယ်စီ ထင်ပေါ်လျက်ရှိပါတယ်….။

သူတို့ရဲ့ ပုံစံတွေကို ကြည့်ရင်း စစ်သားတွေ လန့်လာပါတယ်.။ သူတို့ရဲ့ စိတ်ထဲမှာ ဒါတွေဟာ ဘယ်လိုနည်းနဲ့မှ လူသားတွေ မဖြစ်နိုင်တော့ဘူးလို့ တွေးမိတာနဲ့ အတွေ့အကြုံနည်းနည်း ရှိတဲ့စစ်သားက သူတို့ပေးတဲ့ အစားအသောက်နဲ့ ပိုက်ဆံ တွေကို အကုန်ပြန်လိုက်စုပါတယ်..။ ပြီးတော့ သူတို့ကို ပြန်ပစ်ပေးလိုက်ပြီး ထွက်ပြေးပါတော့တယ်..။ ထုံးစံ အတိုင်း တစ်ယောက်ပြေးရင် ကျန်တဲ့ စစ်သား တွေလည်း နောက်က တစ်သီကြီး ပြေးလိုက်ကြတာပေါ့..။

သူတို့ဟာ လူတွေ မဟုတ်တာတော့ သေချာပါတယ်..။ တရုတ် နာနာဘာဝတွေလား..။ သူတို့ ကျွေးခဲ့တဲ့ အစားအစာနဲ့ တရုတ်ပိုက်ဆံတွေကို မသိပဲ ယူခဲ့ စားခဲ့မိရင်ကော ဘာတွေ ဆက်ဖြစ်မှာအုံး မှာလဲ… အဲ့ဒီ အတွေးတွေကတော့ အဲ့ဒီညက အဖြစ်ကို ကြုံတွေ့ခဲ့ရတဲ့ စစ်သားတွေရဲ့ ခေါင်းထဲမှာ ရှိနေဆဲ ဖြစ်မှာပါ…။

ဖိုးသူတော် (www.phothutaw.com)
Credit:OP
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top