မႏၲေလးတိုင္းေဒသႀကီးမိတၱီလာအက်ဥ္းဦးစီးဌာန အိပ္ေဆာင္တာဝန္က် ဝန္ထမ္းအား တာဝန္ခ်ိန္ေနာက္က် ေရာက္ရွိလာသျဖင့္ စစ္ေဆးရွာေဖြရာမွ စိတ္ႂကြမူးယစ္ေဆးဝါးမ်ား ေတြ႕ရွိသျဖင့္ အေရးယူထားေၾကာင္းသိရသည္။

ဧၿပီ(၁)ရက္၊ ေန႔လည္(၁၂)နာရီခန႔္က မိတၱီလာအက်ဥ္းဦးစီး လထႀကီးၾကပ္ေရးမွူး(၁) ဦးဆန္းမင္းထြန္း မွ တာဝန္ေဆာင္ရြက္ေနစဥ္ အိပ္ေဆာင္တာဝန္က် တပ္သား×××× ေရာက္ရွိမလာသျဖင့္ ေစာင့္ဆိုင္းေနစဥ္ မြန္းလြဲ(၁၂း၂၀)အခ်ိန္ခန႔္တြင္ တပ္သား×××× မွ အက်ဥ္းဦးစီးတံခါးမႀကီးမွ ဝင္ေရာက္လာသျဖင့္ လထႀကီးၾကပ္ေရးမွူး ဦးေဇာ္ထြန္းခ်ိဳ၊ တပ္သားနန္းသြင္ တို႔ႏွင့္တူ ၎အားရွာေဖြရာ တပ္သား×××× မွ ပါးစပ္အတြင္းငုံလာေသာ အရာဝတၱဳအား ဝါးလိုက္သျဖင့္ ၎လက္အတြင္းသို႔ ေထြးထုတ္ခိုင္းၿပီး စစ္ေဆးၾကည့္ရာ အျဖဴေရာင္တိတ္ျဖင့္ ပတ္ထားေသာ ပလပ္စတစ္အေအးပိုက္ျဖင့္ထည့္လ်က္ ပန္းေရာင္စိတ္ႂကြေဆးျပား ဟု ယူဆရေသာ ေၾကမြေနသည့္ ေဆးျပား(၄)လုံးစီခန႔္ပါ ပိုက္(၂)ေခ်ာင္းအား ေတြ႕ရွိ၍ အထက္လူႀကီးမ်ားထံတင္ျပၿပီး ၿမိဳ႕မရဲစခန္းသို႔ ဖုန္းဆက္အေၾကာင္းၾကားရာ စခန္းမွူး ဒုရဲမွူးေက်ာ္ထင္ ႏွင့္အဖြဲ႕ ေရာက္ရွိလာၿပီး သက္ေသမ်ားႏွင့္အတူ ရွာေဖြပုံစံ ျပဳလုပ္သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္အရအက်ဥ္းဦစီးဌာနလ/ထႀကီးၾကပ္ေရးမွူး(၁)ဦးဆန္းမင္းထြန္း ၏တိုင္တန္းခ်က္အရ တပ္သား××××× (၁၉)ႏွစ္ အက်ဥ္းဦးစီးဌာန မိတၱီလာၿမိဳ႕အား ၿမိဳ႕မရဲစခန္းမွ (ပ)၄/၂၀၁၉ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္အမွုဖြင့္ အေရးယူဖမ္းဆီးစစ္ဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေရႊေမာင္ေမာင္(မိတၳီလာ)

#Unicode Version#
မန္တလေးတိုင်းဒေသကြီးမိတ္တီလာအကျဉ်းဦးစီးဌာန အိပ်ဆောင်တာဝန်ကျ ဝန်ထမ်းအား တာဝန်ချိန်နောက်ကျ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာမှ စိတ်ကြွမူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် အရေးယူထားကြောင်းသိရသည်။

ဧပြီ(၁)ရက်၊ နေ့လည်(၁၂)နာရီခန့်က မိတ္တီလာအကျဉ်းဦးစီး လထကြီးကြပ်ရေးမှူး(၁) ဦးဆန်းမင်းထွန်း မှ တာဝန်ဆောင်ရွက်နေစဉ် အိပ်ဆောင်တာဝန်ကျ တပ်သား×××× ရောက်ရှိမလာသဖြင့် စောင့်ဆိုင်းနေစဉ် မွန်းလွဲ(၁၂း၂၀)အချိန်ခန့်တွင် တပ်သား×××× မှ အကျဉ်းဦးစီးတံခါးမကြီးမှ ဝင်ရောက်လာသဖြင့် လထကြီးကြပ်ရေးမှူး ဦးဇော်ထွန်းချို၊ တပ်သားနန်းသွင် တို့နှင့်တူ ၎င်းအားရှာဖွေရာ တပ်သား×××× မှ ပါးစပ်အတွင်းငုံလာသော အရာဝတ္တုအား ဝါးလိုက်သဖြင့် ၎င်းလက်အတွင်းသို့ ထွေးထုတ်ခိုင်းပြီး စစ်ဆေးကြည့်ရာ အဖြူရောင်တိတ်ဖြင့် ပတ်ထားသော ပလပ်စတစ်အအေးပိုက်ဖြင့်ထည့်လျက် ပန်းရောင်စိတ်ကြွဆေးပြား ဟု ယူဆရသော ကြေမွနေသည့် ဆေးပြား(၄)လုံးစီခန့်ပါ ပိုက်(၂)ချောင်းအား တွေ့ရှိ၍ အထက်လူကြီးများထံတင်ပြပြီး မြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ စခန်းမှူး ဒုရဲမှူးကျော်ထင် နှင့်အဖွဲ့ ရောက်ရှိလာပြီး သက်သေများနှင့်အတူ ရှာဖွေပုံစံ ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရအကျဉ်းဦစီးဌာနလ/ထကြီးကြပ်ရေးမှူး(၁)ဦးဆန်းမင်းထွန်း ၏တိုင်တန်းချက်အရ တပ်သား××××× (၁၉)နှစ် အကျဉ်းဦးစီးဌာန မိတ္တီလာမြို့အား မြို့မရဲစခန်းမှ (ပ)၄/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့်အမှုဖွင့် အရေးယူဖမ်းဆီးစစ်ဆး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: ရွှေမောင်မောင်(မိတ္ထီလာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top