ငပုေတာတြင္ ဆင္သတ္မုဆုိး ၃ ဦး ဖမ္းမိ
ဧရာ၀တီတိုင္း၊ ငပုေတာၿမိဳ႕နယ္ ၊ ေညာင္၀ိုင္းအုပ္စု သစ္စိမ့္ေခ်ာင္း၀မွာ ဧၿပီ ၈ ရက္ မနက္ ၂ နာရီေလာက္က ဆင္႐ုိင္းေတြကို သတ္ျဖတ္ဖို႔လာေရာက္တဲ့ ဆင္သတ္မုဆိုး ၃ ဦးကို ဆင္သတ္ရာမွာ အသံုးျပဳတဲ့ ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့ပါတယ္။
သစ္စိမ့္ေခ်ာင္းဝ မဲခရဲႀကိဳး၀ိုင္းမွာ မသကၤာစရာ လူ ၃ ဦးေရာက္ရွိေနတဲ့ သတင္းအရ ရဲတပ္ဖြဲ႔၊ သစ္ေတာရဲနဲ႔ အုပ္ခ်ဳပ္ေရး တာဝန္႐ွိသူေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႔က သြားေရာက္ စစ္ေဆးရာမွာ မသၤကာဖြယ္ရာ လူ ၃ ဦးကို တူမီးေသနတ္အပါအ၀င္ ဆင္သတ္ရာမွာ အသံုးျပဳတဲ့ ပစၥည္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာပါ။
သြားေရာက္စစ္ေဆးရာမွာ ပါ၀င္တဲ့ ငပုေတာၿမိဳ႕နယ္ တင္းေခ်ာင္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းေလး “ေတာဆင္႐ုိင္းေအာ္သံၾကားလို႔ သြားတာ သြားေတာ့ အခင္းျဖစ္ေနရာမွာဖမ္းမိတာ။ သူတို႔ကိုစစ္ေတာ့ မီးေသြးဖုတ္တယ္ပဲေျပာတယ္။ ႐ွာေတာ့မွ တူမီးေသနတ္နဲ႔ ဆက္စပ္ပစၥည္းေတြ ေတြ႔တာ”လို႔ ေျပာပါတယ္။
ဆင္မုဆိုးေတြဆီက တူမီးေသနတ္ ၁လက္၊ အ႐ုိးအသြား ၁၅ လက္မခြဲေလာက္႐ွိတဲ့ သစ္သား႐ုိးတပ္ ဓား ၁ ေခ်ာင္း၊ ဆင္ဦးစီးကိုင္ ဓား ၁ ေခ်ာင္း၊ သံျမားခၽြန္၊ တံစည္း၊ ယမ္းအနက္၊ အ၀ါေရာင္ကန္႔မႈန္႔၊ အျဖဴေရာင္ယမ္းစိမ္း၊ ဆင္ပစ္ရာမွာ အသံုးျပဳတဲ့အဆိပ္ေတြ သိမ္းဆည္းရမိ ခဲ့ပါတယ္။
ဖမ္းဆီးရမိသူေတြကေတာ့ ရန္ကုန္ လွႈိင္သာယာၿမိဳ႕နယ္ေန ေအာင္လင္း၊ ဧရာ၀တီတိုင္း ငါးေျပမအုပ္စု ဂ်ိပ္ကြင္းေက်းရြာေန ဇင္ေမာင္ေမာင္(ခ)ေမာင္ေပါက္ရွည္နဲ႔ စမ္းနားေက်းရြာေန မင္းေဇာ္တို႔ျဖစ္ၾကၿပီး သူတို႔ကို ငပုေတာၿမိဳ႕နယ္၊ က်ံဳကူးနယ္ေျမရဲစခန္းမွာ ဖမ္းဆီး ထိန္းသိမ္းထားကာ တရားစြဲဖို႔ ေဆာင္ရြက္ေနပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ ညောင်ဝိုင်းအုပ်စု သစ်စိမ့်ချောင်းဝမှာ ဧပြီ ၈ ရက် မနက် ၂ နာရီလောက်က ဆင်ရိုင်းတွေကို သတ်ဖြတ်ဖို့လာရောက်တဲ့ ဆင်သတ်မုဆိုး ၃ ဦးကို ဆင်သတ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
သစ်စိမ့်ချောင်းဝ မဲခရဲကြိုးဝိုင်းမှာ မသင်္ကာစရာ လူ ၃ ဦးရောက်ရှိနေတဲ့ သတင်းအရ ရဲတပ်ဖွဲ့၊ သစ်တောရဲနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာမှာ မင်္သကာဖွယ်ရာ လူ ၃ ဦးကို တူမီးသေနတ်အပါအဝင် ဆင်သတ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
သွားရောက်စစ်ဆေးရာမှာ ပါဝင်တဲ့ ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေး “တောဆင်ရိုင်းအော်သံကြားလို့ သွားတာ သွားတော့ အခင်းဖြစ်နေရာမှာဖမ်းမိတာ။ သူတို့ကိုစစ်တော့ မီးသွေးဖုတ်တယ်ပဲပြောတယ်။ ရှာတော့မှ တူမီးသေနတ်နဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့တာ”လို့ ပြောပါတယ်။
ဆင်မုဆိုးတွေဆီက တူမီးသေနတ် ၁လက်၊ အရိုးအသွား ၁၅ လက်မခွဲလောက်ရှိတဲ့ သစ်သားရိုးတပ် ဓား ၁ ချောင်း၊ ဆင်ဦးစီးကိုင် ဓား ၁ ချောင်း၊ သံမြားချွန်၊ တံစည်း၊ ယမ်းအနက်၊ အဝါရောင်ကန့်မှုန့်၊ အဖြူရောင်ယမ်းစိမ်း၊ ဆင်ပစ်ရာမှာ အသုံးပြုတဲ့အဆိပ်တွေ သိမ်းဆည်းရမိ ခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေကတော့ ရန်ကုန် လှှိုင်သာယာမြို့နယ်နေ အောင်လင်း၊ ဧရာဝတီတိုင်း ငါးပြေမအုပ်စု ဂျိပ်ကွင်းကျေးရွာနေ ဇင်မောင်မောင်(ခ)မောင်ပေါက်ရှည်နဲ့ စမ်းနားကျေးရွာနေ မင်းဇော်တို့ဖြစ်ကြပြီး သူတို့ကို ငပုတောမြို့နယ်၊ ကျုံကူးနယ်မြေရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားကာ တရားစွဲဖို့ ဆောင်ရွက်နေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb