ထိုမှတဆင့် ယားယံခြင်း ၊ အနီစက်ထွက်ခြင်း မှစ၍ အခြားသော ကူးစက်ေ၇ာဂါများ ဖြစ်ပွားနိုင်ပါတယ်။
၂ - လက်သည်းညှပ်ခြင်း
၎ - နှာခေါင်းကလှော်ခြင်း
၆ - သွားတိုက်ဆေး
၇ - ခေါင်းလျှော်ရည်
#Unicode Version#
မိမိကိုယ်ကို တစ်ကိုယ်ရည်သန့်ရှင်းခြင်း ၊ ဂရုစိုက်ခြင်း ဆိုတာ မခက်ခဲပါဘူး ။ ဒါပေမယ့် ကျွန်တောတို့ ကိုယ့်ကိုယ်ကို
ဂရုစိုက်ရင် မထင်မှတ်တဲ့အမှားလေးတွေ လုပ်မိကြပါတယ်။ အောက်ပါအချက် ၇ ချက်ကို ဆင်ခြင်ကြည့်ကြပါစို့နော်။
၁ - နှာချေ ၊ ချောင်းဆိုးချိန် ပါးစပ်ကိုလက်ဖြင့် အုပ်ခြင်း
နှာချေ ၊ ချောင်းဆိုးချိန် ပါးစပ်ကိုလက်ဖြင့် အုပ်လိုက်တဲ့အခါ ရောဂါပိုးမွှားတွေက မျက်နှာကို ပျံ့နှံ့သွားစေနိုင်ပါတယ်။
ထိုမှတဆင့် ယားယံခြင်း ၊ အနီစက်ထွက်ခြင်း မှစ၍ အခြားသော ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။
မျက်လုံးကို ပွတ်မိတဲ့အခါ မျက်လုံးနာခြင်း စတဲ့ဒါဏ်ရာတွေ ဖြစ်စေတက်ပါတယ်။
မှန်ကန်တဲ့နည်းလမ်းကတော့ ချောင်းဆိုး ၊ နှာချေတဲ့အခါ တစ်ရှူး (သို့) လက်ကိုင်ပုဝါ ခံထားပေးပါ။
၂ - လက်သည်းညှပ်ခြင်း
လက်သည်းကို အမှုန်ဒြပ်ထုတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ လက်သည်းညှပ်သုံးခြင်းက မသင့်တော်ဘူးလို့ ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ လက်သည်းညှပ်မှ တစ်ဆင့် လက်သည်းထိခိုက်ကာ လက်သည်းခွံကွာခြင်း ၊ ပုံပျက်ပန်းပျက်ဖြစ်ခြင်း တို့ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် လက်သည်းညှပ်တဲ့အခါ လက်သည်းအဖြူသားကို တက်နိုင်သမျှများများ ချန်ထားပေးကာ
ကျန် လက်သည်းအသားအဖြူတွေကို တစဉ်းဖြင့် ပွတ်တိုက်ပေးနိုင်ပါတယ်။
၃ - အောက်မျက်ခမ်းကို အမဲခြယ်ခြင်း
ထို့သို့ ပြုလုပ်ရာတွင် ခဲတံကို အသုံးပြုပါက မတော်တဆ မျက်လုံးထဲ ဝင်ပြီး မျက်လုံး ထိခိုက်နိုင်ပါတယ်။
လိုင်နာ အရည်မှာ ဘက်တီးရီးယားပါနိုင်သလို ၊ မိမိထားတဲ့နေရာ မသန့်ရှင်းပါကလည်း ပိုးမွှားများ ဝင်ရောက်နိုင်ပါတယ်။၎င်းမှတဆင့်
မျက်ရည်အိတ်ကို ထိခိုက်နိုင်ပြီး မျက်ရည်နဲ့ရောကာ အခြားသော အခြေအနေများကို ဖန်တီးပေးနိုင်ပါတယ်။
ခဲတံအစား ဘရှပ်ကို သုံးပါ။မျက်လုံးနဲ့တက်နိုင်သမျှဝေးဝေးခြယ်သပေးကာ မျက်တောင်မွှေးထိခိုက်မှုကိုလည်း ရှောင်ပေးပါ။
၄ - နှာခေါင်းကလှော်ခြင်း
သင့်နှာခေါင်းကို ကလှော်ပြီးနောက် သင့်လက်ချောင်းလေးတွေက ရောဂါဖြစ်ပွားစေတဲ့ လက်ချောင်းအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
နောက်တစ်နည်းအားဖြင့် သင့်လက်က နှာခေါင်းကို ဟန့်တားလိုက်တာဖြစ်တဲ့အတွက် နှာခေါင်းတွင်းရှိပိုးမွှားများ အပြင်မထွက်နိုင်တော့ဘဲ
နှာခေါင်းကို ဒုက္ခပေးနိုင်ပါတယ်။
နည်းစနစ်မှန်မှာ နှာခေါင်းတစ်ဖက်ပိတ်ကာ ရေရှူပြီးနောက် ပြန်ညှစ်ထုတ်ပေးခြင်းဖြင့် သင့်နှာခေါင်းကို သန့်စင်စေနိုင်ပါတယ်။
၅ - ရေချိုးဆပ်ပြာသုံးခြင်း
ကျွနု်တို့ ကိုယ်ခန္ဓာထဲမှာ ကောင်းတဲ့ဘက်တီးရီးယားလေးတွေ ရှိပါတယ်။ ၎င်းတို့က ခန္ဓာကိုယ်ရေဓါတ်ကင်းစင်ခြင်းမှ ကာကွယ်ပေးပြီး
ရောဂါပိုးများ မဝင်စေရန်လည်း ဆီးတားပေးပါတယ်။ရေချိုးဆပ်ပြာတွေက ၎င်းဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် ရောဂါမျိုးစုံဝင်ရောက်နိုင်သည်သာမက
အသားရည်ခြောက်သွေ့ခြင်း ၊ နှင့် မှိုရောဂါလည်း ဖြစ်စေနိုင်ပါတယ်။
နေ့စဉ်သုံးဆပ်ပြာတွေကို ခြေ ၊ လက် ၊ ချိုင်းကြား ၊ ခါးအောက်ပိုင်း ဆေးဖို့ အဓိကထားပြီး ကျန်တဲ့အစိတ်အပိုင်းတွေကိုတော့ ၂ ရက်တစ်ခါလောက်သာ ဆေးကြောပေးနိုင်ပါတယ်။
၆ - သွားတိုက်ဆေး
သွားတိုက်ဆေးသုံးများပါက သွားပွတ်တံအမွှေးတွေသာ ကျဲသွားမှာဖြစ်ပြီး သွားကို ထိရောက်မှုနည်းသွားစေမှာဖြစ်ပါတယ်။မြေပဲစေ့ပမာဏမျှသာ
သွားတိုက်ဆေးထည့်ပြီး သွားကို ညင်သာစွာ နှစ်မိနစ်ခန့်တိုက်ပေးသင့်ပါတယ်။
၇ - ခေါင်းလျှော်ရည်
ခေါင်းလျှော်ရည်မှာ ဆီလီကွန်နဲ့အခြားဓါတုဗေဒဒြပ်ပေါင်းတွေပါဝင်တာဖြစ်ပြီး ဆံပင်သားကို ချွတ်ကာ တောက်ပ ချော့မွေ့စေတာဖြစ်ပါတယ်။
ခေါင်းလျှော်ရည်များများသုံးရင် ဆံသားခြောက်သွေ့မှူများပြီး ဦးခေါင်းက ချွေးပေါက်ပိတ်ခြင်း ၊ ဆံပင်ကျွတ်ခြင်း နှင့် ဆံပင်ပေါက်နည်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
သင့်လျော်တဲ့ပမာဏလောက်သာ ခေါင်းလျှော်ရည်ကိုထည့်လျှော်ပြီး မကြာခဏခေါင်းလျှော်ခြင်းကို ရှောင်သင့်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:mingalarbarmorning
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top