ပရဟိတလုပ္ငန္းနဲ႕ နာေရးလူမွုကူညီေရအသင္းရဲ႕ ဥကၠဌျဖစ္တဲ့ ဦးေက်ာ္သူဟာ တစ္ခ်ိန္က အနုပညာေလာကမွာ ေအာင္ျမင္လူသိမ်ားခဲ့တဲ့ မင္းသားေကာင္းတစ္လက္အျဖစ္ အနုပညာအလုပ္ေတြကို အေကာင္းဆံုးၾကိဳးစားခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူရဲ႕ အနုပညာေတြကို ပရိတသ္ေတြကို အမ်ိဳးမ်ိဳးေသာ ဇာတ္ပို႕၊ ဇာတ္ရံတစ္ေယာက္အျဖစ္ခ်ျပခြင့္ရရွိခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူ႕ရဲ႕ အနုပညာလုပ္ကုိင္ခြင့္ေတြကို (၁၀)နွစ္ေက်ာ္ နီးပါး ပိတ္ခံထားခဲ့ရတာျဖစ္ပါတယ္။

အနုပညာေလာကရဲ႕ သီျခားကမာၻတစ္ခုမွာ ရွင္သန္ေနခဲ့ရတဲ့ အနုပညာသားတစ္ေယာက္ရဲ႕ ခံစားခ်က္ကို ဘယ္လိုမွခံစားၾကည္႕ဖို႕ မလြယ္နိုင္သလို အကယ္ဒမီပြဲတက္ခြင့္ရရွိဖို႕အတြက္ ဖိတ္စာေတာင္ မရရွိခဲ့တဲ့ အခ်ိန္ေတြကိုလည္း ျဖတ္ေက်ာ္ခဲ့ရတာျဖစ္ပါတယ္။ “၀ိညာဥ္စိမ္း” ရုပ္ရွင္ဇာတ္ကားၾကီးနဲ႕ အနုပညာေလာကကို ျပန္လည္ေျခရာခ်ျပီးေနာက္ ဒါရိုက္တာတစ္ေယာက္အျဖစ္ပါ အေကာင္းဆံုး ၾကိဳးစားလာခဲ့တဲ့ ဦးေက်ာ္သူဟာ သူ႕ကို္ယ္တိုင္ ကံ၊ ညဏ္၊ ၀ိရီယအားလံုးစိုက္ထုတ္ရိုက္ကူးထားခဲ့တဲ့ “ပုဂံျမို႕သူ” ရုပ္သံဇာတ္လမ္းတြဲနဲ႕ အေကာင္းဆံုးဒါရိုက္တာ ဆုရရွိခဲ့တာျဖစ္ပါတယ္။

Star Awardsရဲ႕ ဆုေပးပြဲၾကီးက်င္းပေနခ်ိန္မွာ ရုပ္ရွင္ရိုက္ကူးဖို႕အတြက္ ေအာင္ပန္းနဲ႕ မႏၱေလးျမို႕ကို ေရာက္ရွိေနတာျဖစ္ျပီး ဆုလာေရာက္မယူနိုင္ခဲ့သလို တဖက္မွာလည္း ဆုေပးပြဲေတြနဲ႕ ပတ္သက္လို႕ ခံစားခ်က္တခ်ိဳ႕ရွိေၾကာင္း ဦးေက်ာ္သူရဲ႕ ဇနီးျဖစ္သူ ေဒၚေရႊဇီးကြက္က ဆိုပါတယ္။ “ဆုရသြားတဲ့အေပၚ ၀မ္းသာပါတယ္။ သူက (၁၀)နွစ္ေလာက္ ကားရိုက္ခြင့္ပိတ္ခံထားရတာပါ။ခုျပန္ရိုက္တဲ့ခ်ိန္မွာ ဒီSerieဘက္မွာ ပထမဆံုးရတာပါ။ သူက အနုပညာနဲ႕ပတ္သက္ျပီးအေတာ္ရဴးသြပ္ပါတယ္။

အနုပညာသမားေတြဆိုတာက အသိအမွတ္ျပဳခံခ်င္တာေပါ့။ရမယ္ဆိုျပီးလြဲခဲ့တာမ်ားေတာ့ ဒီတခါမွာလည္း လြဲမွာေၾကာက္ေတာ့ သူ႕တက္ခြင့္ရရင္ေတာင္ မတက္ရဲဘူး။” လို႕ စိတ္မေကာင္းျဖစ္စြာေျပာျပခဲ့တာျဖစ္ပါတယ္။ ပြဲကိုဇနီးျဖစ္သူ ေဒၚေရႊဇီးကြက္က တက္ေရာက္ခဲ့သလို ဆုကို ေတာ့ အဘြား ေဒၚျမသန္းက ကို္ယ္စားယူေပးခဲ့တာ မို႕ ဆယ္လီကမာၻပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:CeleGabar

#Unicode Version# ျဖင့္ဖတ္ပါ ။

ရုပ်ရှင်ရိုက်ခွင့် (၁၀)နှစ်လောက်ပိတ်ထားခံခဲ့ရတာမို့ ဆုရတယ်ဆိုရင်တောင်ပွဲတက်ဖို့မလာရဲခဲ့ဘူးဆိုတဲ့ ကျော်သူ

ပရဟိတလုပ်ငန်းနဲ့ နာရေးလူမှုကူညီရေအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဦးကျော်သူဟာ တစ်ချိန်က အနုပညာလောကမှာ အောင်မြင်လူသိများခဲ့တဲ့ မင်းသားကောင်းတစ်လက်အဖြစ် အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ အနုပညာတွေကို ပရိတသ်တွေကို အမျိုးမျိုးသော ဇာတ်ပို့၊ ဇာတ်ရံတစ်ယောက်အဖြစ်ချပြခွင့်ရရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့ အနုပညာလုပ်ကိုင်ခွင့်တွေကို (၁၀)နှစ်ကျော် နီးပါး ပိတ်ခံထားခဲ့ရတာဖြစ်ပါတယ်။

အနုပညာလောကရဲ့ သီခြားကမ္ဘာတစ်ခုမှာ ရှင်သန်နေခဲ့ရတဲ့ အနုပညာသားတစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်လိုမှခံစားကြည့်ဖို့ မလွယ်နိုင်သလို အကယ်ဒမီပွဲတက်ခွင့်ရရှိဖို့အတွက် ဖိတ်စာတောင် မရရှိခဲ့တဲ့ အချိန်တွေကိုလည်း ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။ “ဝိညာဉ်စိမ်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အနုပညာလောကကို ပြန်လည်ခြေရာချပြီးနောက် ဒါရိုက်တာတစ်ယောက်အဖြစ်ပါ အကောင်းဆုံး ကြိုးစားလာခဲ့တဲ့ ဦးကျော်သူဟာ သူ့ကိုယ်တိုင် ကံ၊ ညဏ်၊ ဝိရီယအားလုံးစိုက်ထုတ်ရိုက်ကူးထားခဲ့တဲ့ “ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးဒါရိုက်တာ ဆုရရှိခဲ့တာဖြစ်ပါတယ်။

Star Awardsရဲ့ ဆုပေးပွဲကြီးကျင်းပနေချိန်မှာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် အောင်ပန်းနဲ့ မန္တလေးမြို့ကို ရောက်ရှိနေတာဖြစ်ပြီး ဆုလာရောက်မယူနိုင်ခဲ့သလို တဖက်မှာလည်း ဆုပေးပွဲတွေနဲ့ ပတ်သက်လို့ ခံစားချက်တချို့ရှိကြောင်း ဦးကျော်သူရဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ဆိုပါတယ်။ “ဆုရသွားတဲ့အပေါ် ဝမ်းသာပါတယ်။ သူက (၁၀)နှစ်လောက် ကားရိုက်ခွင့်ပိတ်ခံထားရတာပါ။ခုပြန်ရိုက်တဲ့ချိန်မှာ ဒီSerieဘက်မှာ ပထမဆုံးရတာပါ။ သူက အနုပညာနဲ့ပတ်သက်ပြီးအတော်ရူးသွပ်ပါတယ်။

အနုပညာသမားတွေဆိုတာက အသိအမှတ်ပြုခံချင်တာပေါ့။ရမယ်ဆိုပြီးလွဲခဲ့တာများတော့ ဒီတခါမှာလည်း လွဲမှာကြောက်တော့ သူ့တက်ခွင့်ရရင်တောင် မတက်ရဲဘူး။” လို့ စိတ်မကောင်းဖြစ်စွာပြောပြခဲ့တာဖြစ်ပါတယ်။ ပွဲကိုဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က တက်ရောက်ခဲ့သလို ဆုကို တော့ အဘွား ဒေါ်မြသန်းက ကိုယ်စားယူပေးခဲ့တာ မို့ ဆယ်လီကမ္ဘာပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:CeleGabar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top