20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 MRTV-4က ေန ထုတ္လုပ္ျပသတဲ့ ရုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ “ကၽြန္မက မေဟသီ” ရုပ္သံဇာတ္လမ္းတြဲက ေတာ့ လတ္တေလာ Tv ဖန္သားျပင္မွာသာမက ပရိသတ္ရဲ႕ ရင္ထဲထိ ေနရာယူထားနိုင္တဲ့ ျမန္မာဇာတ္လမ္းတြဲေလးတစ္ခုျဖစ္ျပီး ပရိသတ္ေတြရဲ႕ အၾကိဳက္အရ လတ္တေလာမွာ အရမ္းကို ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲေလးျဖစ္ပါတယ္။

ဇာတ္အိမ္ဇာတ္လမ္းေလး အရမ္းကို ေကာင္းမြန္တာမို႕ ၾကည္႕ရွဴသူ ပရိသတ္ေတြကို ဇာတ္လမ္းအစကေန အဆံုးထိ ဆြျေဆာင္ထားနိုင္ခဲ့သလို ဇာတ္လမ္းေလးရဲ႕ အနွစ္သာရေလးကေတာ့ ဇာတ္သိမ္းခါနီးတဲ့ထိ မပ်က္စီးသြားခဲ့ပါဘူး။ ဒီဇာတ္လမ္းေလးရဲ႕ အဓိက ဇာတ္ေကာင္ေတြျဖစ္ၾကတဲ့ စံျမန္း၊ ေအာင္ေရခ်မ္း နဲ႕ မိန္းမေခ်ာတို႕ ဟာလည္း အရမ္းကို ေကာင္းမြန္တဲ့ သရုပ္ေဆာင္အရည္အခ်င္းေတြနဲ႕ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ခဲ့ျပီးျဖစ္သလို ဒီရုပ္သံဇာတ္လမ္းေလးရဲ႕ ဇာတ္သိမ္းေလးကေတာ့ အပိုင္း(၄၃)မွာ အျပီးတိုင္ဇာတ္သိမ္းေတာ့မွာျဖစ္ပါတယ္။

ဖန္သားျပင္က ပရိသတ္ေတြကိုအျပီးတိုင္ ႏုတ္ဆက္သြားရေတာ့မဲ့ မေဟသီ ဇာတ္လမ္းေလးကို ပရိသတ္ေတြ အျမဲ အမွတ္ရေနေစဖို႕ မမ စံျမန္းကေတာ့ ရိုက္ကြင္းအမွတ္တရ ပံုရိပ္ေလးေတြနဲ႕ အတူ ပရိသတ္ေတြကို နုတ္ဆက္စကားဆိုထားတာမို႔ မေဟသီကို ခ်စ္ၾကတဲ့  ပရိသတ္ေတြအတြက္ အလြမ္းေျပေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။ စံျမန္း၊ မိန္းမေခ်ာ နဲ႕ ေအာင္ေရခ်မ္းတို႕ကို အျမဲအမွတ္ရေနမယ္ မဟုတ္လား ပရိသတ္ၾကီးေရ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

MRTV-4က နေ ထုတ်လုပ်ပြသတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ကျွန်မက မဟေသီ” ရုပ်သံဇာတ်လမ်းတွဲက တော့ လတ်တလော Tv ဖန်သားပြင်မှာသာမက ပရိသတ်ရဲ့ ရင်ထဲထိ နေရာယူထားနိုင်တဲ့ မြန်မာဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပြီး ပရိသတ်တွေရဲ့ အကြိုက်အရ လတ်တလောမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

ဇာတ်အိမ်ဇာတ်လမ်းလေး အရမ်းကို ကောင်းမွန်တာမို့ ကြည့်ရှူသူ ပရိသတ်တွေကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွြဆောင်ထားနိုင်ခဲ့သလို ဇာတ်လမ်းလေးရဲ့ အနှစ်သာရလေးကတော့ ဇာတ်သိမ်းခါနီးတဲ့ထိ မပျက်စီးသွားခဲ့ပါဘူး။ ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်ကြတဲ့ စံမြန်း၊ အောင်ရေချမ်း နဲ့ မိန်းမချောတို့ ဟာလည်း အရမ်းကို ကောင်းမွန်တဲ့ သရုပ်ဆောင်အရည်အချင်းတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့ပြီးဖြစ်သလို ဒီရုပ်သံဇာတ်လမ်းလေးရဲ့ ဇာတ်သိမ်းလေးကတော့ အပိုင်း(၄၃)မှာ အပြီးတိုင်ဇာတ်သိမ်းတော့မှာဖြစ်ပါတယ်။

ဖန်သားပြင်က ပရိသတ်တွေကိုအပြီးတိုင် နုတ်ဆက်သွားရတော့မဲ့ မဟေသီ ဇာတ်လမ်းလေးကို ပရိသတ်တွေ အမြဲ အမှတ်ရနေစေဖို့ မမ စံမြန်းကတော့ ရိုက်ကွင်းအမှတ်တရ ပုံရိပ်လေးတွေနဲ့ အတူ ပရိသတ်တွေကို နုတ်ဆက်စကားဆိုထားတာမို့ မဟေသီကို ချစ်ကြတဲ့  ပရိသတ်တွေအတွက် အလွမ်းပြေဖော်ပြပေးလိုက်ရပါတယ်နော်။ စံမြန်း၊ မိန်းမချော နဲ့ အောင်ရေချမ်းတို့ကို အမြဲအမှတ်ရနေမယ် မဟုတ်လား ပရိသတ်ကြီးရေ

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top