ျပည္သူကို ေပးခဲ့သည့္ကတိအတိုင္း ေျမာင္းျမတံတားကို ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

“ကြၽန္မအတြက္ ေျမာင္းျမတံတားဖြင့္ရတာဟာ အထူး အေရးႀကီးပါတယ္၊ဘာျဖစ္လည္းဆိုေတာ့ ေျမာင္းျမတံတား ျပတ္သြားတုန္းကလည္း ကြၽန္မ လာၾကည့္ခဲ့ပါတယ္၊အလုပ္တစ္ခုဟာ စၿပိီးဆိုရင္ ဆုံးခန္းတိုင္ေအာင္ ေအာင္ျမင္ေအာင္လုပ္ဖို႔က ကြၽန္မတို႔ အားလုံးမွာ တာဝန္ရွိပါတယ္၊

အဲဒီတုန္း က အျမန္ဆုံး ျပန္လည္တည္ေဆာက္ေပးပါမယ္လို႔ ျပည္သူကို ကတိကဝတ္ေပးခဲ့ ပါတယ္၊ ဒါဟာလည္း အင္မတန္အေရးႀကီးပါတယ္၊အစိုးရတစ္ခု အုပ္ခ်ဳပ္ေရးယႏၲရားမ်ား တာဝန္ယူတဲ့အဖြဲ႔ အစည္းတစ္ခုဟာ ျပည္သူကိုေပးတဲ့ကတိေတြ တည္ဖို႔ ဆိုတာ အင္မတန္မွကို အေရးႀကီးပါတယ္

၊ျပည္သူနဲ႔ အစိုးရ ၾကားမွာ ယုံၾကည္မႈရွိဖို ့၊ တစ္ဦးနဲ႔တစ္ဦးယုံၾကည့္ဖို ၊ တစ္ဦးနဲ႔တစ္ဦးေလးစားဖို႔ ဆိုရင္ ႏွစ္ဘက္စလုံးက ကိုယ့္တာဝန္ကိုယ္ေက်ၿပီးေတာ့ ၊ ကိုယ့္အခြင့္အေရးေတြကိုလည္း ကိုယ္ ေစာင့္ေရွာက္ႏိုင္ရပါမယ္၊

အစိုးရရဲ႕တာဝန္တစ္ခုဟာ ျပည္သူလူထုေတြကို ေပးထားတဲ့ကတိကို တည္ဖို႔ပဲ ျဖစ္ပါတယ္”ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျမာင္းျမတံတားဖြင့္ပြဲတြင္ ေျပာသည္။ ဧၿပီ ၁ ရက္ေန႔က ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမတံတားသစ္ဖြင့္ပြဲတြင္ ယင္းသို႔ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

" ကြၽန္မတို႔ ေပးထားတဲ့ကတိအတိုင္း ဒီေန႔ မွာ ဒီတံတားကို ဖြင့္ႏိုင္တာ အင္မတန္မွ ဝမ္းသာပါတယ္" ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ဆက္လက္ ေျပာၾကားခဲ့သည္။ ယေန႔ ဧၿပီ ၁ ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္ေပးႏိုင္ခဲ့သည့္ ေျမာင္းျမတံတားသည္ ၂၄ ေပအက်ယ္ရွိ ႏွစ္လမ္းသြားတံတားလည္း ျဖစ္သည္။

၂၀၁၈ ခုႏွစ္၊ ဧၿပီ ၁ ရက္ေန႔ နံနက္ ၁ နာရီခန႔္က ဆိုင္းႀကိဳးျပတ္ေတာက္ကာ ျပတ္က်ခဲ့ျခင္း ျဖစ္ၿပီး ကုန္တင္ကားတစ္စင္းျပဳတ္က်ကာ လူ ၂ ဦး ေသဆုံးခဲ့သည္။ ထို႔ေနာက္ တံတားသစ္ အျမန္ဆုံး တည္ေဆာက္ရန္ အစိုးရမွ ကတိကဝတ္ျပဳခဲ့ျခင္း ျဖစ္ၿပီး တစ္ႏွစ္တိတိျပည့္ေသာေန႔တြင္ တံတားသစ္ဖြင့္လွစ္ႏိုင္ခဲ့သည္။

ေျမာင္းျမၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာစိုးမိုးသူက”၂၀၁၆ခုႏွစ္၊ႏိုဝင္ဘာလတြင္ ျပည္သူလႊတ္ေတာ္တြင္ ေျမာင္းျမႀကိဳးတံတားအႏၲရာယ္ရွိေနၿပီးျဖစ္လို႔ တံတားတစ္စင္း တည္ေဆာက္ေပးဖို႔ ေမးခြန္းေမးခဲ့ပါတယ္" ဟုေျပာသည္။


“ကတိကဝတ္ ရရွိတယ္၊တံတားေဆာက္ေနဆဲကာလမွာ ၂၀၁၈ ခုႏွစ္၊ ဧၿပီ ၁ ရက္ေန႔ မွာ တံတားက်ိဳးက်သြားခဲ့ပါတယ္၊ေဆာက္လုပ္ဖို႔  ေနာက္ႏွစ္ႏွစ္က်န္တာကို ျပန္လည္စိစစ္တယ္၊ အျမန္ဆုံးၿပီးႏိုင္ဖို အတြက္ကို ဒီဇိုင္းပုံစံပါ ေျပာင္းလိုက္တယ္၊လိုအပ္တဲ့ရန္ပုံေငြကို သမၼတအေရး ေပၚရန္ပုံေငြကသုံးခဲ့ပါတယ္”ဟု ေျမာင္းျမၿမိဳ႕နယ္ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ စိုးမိုးသူက မဇၥ်ိမသို႔ ေျပာသည္။

ယခင္ ျပတ္က်သြားေသာ ေျမာင္းျမႀကိဳးတံတားအစား ယခုေျမာင္းျမတံတားကို က်ပ္ ၂၅ ဘီလီယံနီးပါးျဖင့္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ေျမာင္းျမတံတားျပတ္သြားခ်ိန္မွ စတင္ၿပီး ခရီးသြားျပည္သူမ်ား သြားလာမႈလြယ္ကူေစရန္ တိုင္းအစိုးရက ဇက္ေရယာဥ္မ်ား ေျပးဆြဲေပးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ပြည်သူကို ပေးခဲ့သည့်ကတိအတိုင်း မြောင်းမြတံတားကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မအတွက် မြောင်းမြတံတားဖွင့်ရတာဟာ အထူး အရေးကြီးပါတယ်၊ဘာဖြစ်လည်းဆိုတော့ မြောင်းမြတံတား ပြတ်သွားတုန်းကလည်း ကျွန်မ လာကြည့်ခဲ့ပါတယ်၊အလုပ်တစ်ခုဟာ စပြီးဆိုရင် ဆုံးခန်းတိုင်အောင် အောင်မြင်အောင်လုပ်ဖို့က ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်၊

အဲဒီတုန်း က အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးပါမယ်လို့ ပြည်သူကို ကတိကဝတ်ပေးခဲ့ ပါတယ်၊ ဒါဟာလည်း အင်မတန်အရေးကြီးပါတယ်၊အစိုးရတစ်ခု အုပ်ချုပ်ရေးယန္တရားများ တာဝန်ယူတဲ့အဖွဲ့ အစည်းတစ်ခုဟာ ပြည်သူကိုပေးတဲ့ကတိတွေ တည်ဖို့ ဆိုတာ အင်မတန်မှကို အရေးကြီးပါတယ်

၊ပြည်သူနဲ့ အစိုးရ ကြားမှာ ယုံကြည်မှုရှိဖို့၊ တစ်ဦးနဲ့တစ်ဦးယုံကြည့်ဖို ၊ တစ်ဦးနဲ့တစ်ဦးလေးစားဖို့ ဆိုရင် နှစ်ဘက်စလုံးက ကိုယ့်တာဝန်ကိုယ်ကျေပြီးတော့ ၊ ကိုယ့်အခွင့်အရေးတွေကိုလည်း ကိုယ် စောင့်ရှောက်နိုင်ရပါမယ်၊

အစိုးရရဲ့တာဝန်တစ်ခုဟာ ပြည်သူလူထုတွေကို ပေးထားတဲ့ကတိကို တည်ဖို့ပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြတံတားဖွင့်ပွဲတွင် ပြောသည်။ ဧပြီ ၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြတံတားသစ်ဖွင့်ပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

" ကျွန်မတို့ ပေးထားတဲ့ကတိအတိုင်း ဒီနေ့ မှာ ဒီတံတားကို ဖွင့်နိုင်တာ အင်မတန်မှ ဝမ်းသာပါတယ်" ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောကြားခဲ့သည်။ ယနေ့ ဧပြီ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် မြောင်းမြတံတားသည် ၂၄ ပေအကျယ်ရှိ နှစ်လမ်းသွားတံတားလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က ဆိုင်းကြိုးပြတ်တောက်ကာ ပြတ်ကျခဲ့ခြင်း ဖြစ်ပြီး ကုန်တင်ကားတစ်စင်းပြုတ်ကျကာ လူ ၂ ဦး သေဆုံးခဲ့သည်။ ထို့နောက် တံတားသစ် အမြန်ဆုံး တည်ဆောက်ရန် အစိုးရမှ ကတိကဝတ်ပြုခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်တိတိပြည့်သောနေ့တွင် တံတားသစ်ဖွင့်လှစ်နိုင်ခဲ့သည်။

မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးမိုးသူက”၂၀၁၆ခုနှစ်၊နိုဝင်ဘာလတွင် ပြည်သူလွှတ်တော်တွင် မြောင်းမြကြိုးတံတားအန္တရာယ်ရှိနေပြီးဖြစ်လို့ တံတားတစ်စင်း တည်ဆောက်ပေးဖို့ မေးခွန်းမေးခဲ့ပါတယ်" ဟုပြောသည်။


“ကတိကဝတ် ရရှိတယ်၊တံတားဆောက်နေဆဲကာလမှာ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ မှာ တံတားကျိုးကျသွားခဲ့ပါတယ်၊ဆောက်လုပ်ဖို့  နောက်နှစ်နှစ်ကျန်တာကို ပြန်လည်စိစစ်တယ်၊ အမြန်ဆုံးပြီးနိုင်ဖို အတွက်ကို ဒီဇိုင်းပုံစံပါ ပြောင်းလိုက်တယ်၊လိုအပ်တဲ့ရန်ပုံငွေကို သမ္မတအရေး ပေါ်ရန်ပုံငွေကသုံးခဲ့ပါတယ်”ဟု မြောင်းမြမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက မဇ္ဈိမသို့ ပြောသည်။

ယခင် ပြတ်ကျသွားသော မြောင်းမြကြိုးတံတားအစား ယခုမြောင်းမြတံတားကို ကျပ် ၂၅ ဘီလီယံနီးပါးဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မြောင်းမြတံတားပြတ်သွားချိန်မှ စတင်ပြီး ခရီးသွားပြည်သူများ သွားလာမှုလွယ်ကူစေရန် တိုင်းအစိုးရက ဇက်ရေယာဉ်များ ပြေးဆွဲပေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top