








Credit:celegabar
# Unicode Version # ဖြင့် ဖတ်ပါ #



လိပ်ပြာစံအိမ်ရုပ်ရှင် ဇာတ်ကားကြီးဟာ ပထမရုံတင် ပြသချိန် ပထမပတ်မှာတင် ရုံတင်ပြသ ငွေ သိန်း(၁၀၀) ရရှိခဲ့ပြီး လူစိတ်ဝင်စားမှုအမြင့်ဆုံးနဲ့ စံချိန်တင် ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ အကယ်ဒမီ မင်းသမီးချော ဝတ်မှုန်ရွှေရည် ၊ နုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသား ဒေါင်း နဲ့ နိုင်နိုင်း တို့က ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

လျို့ဝှက်သည်းဖိုဇာတ်ဝင်ခန်းတွေ ပြည့်နှက်နေပြီး ရုပ်ရှင်အစကနေ အဆွုံးထိ ဆွဲဆောင်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်သလို ဒီဇာတ်လမ်းရဲ့ နောက်ကွယ်ကလျို့ဝှက်ချက်တစ်ခုကို မင်းသားချောဒေါင်းကဇာတ်အိမ်အရောက်ပို့ကာအကောင်းဆုံးကြိုးစားသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ထိုင်းလူမျိုး ဒါရိုက်တာ ရိုက်ကူးထားတဲ့ လိပ်ပြာစံအိမ်ရုပ်ရှင် ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာသာမက အောင်မြင်မှုရရှိခဲ့ပြီး မကြာခင်မှာလည်း ထိုင်းနိုင်ငံမှာပါ ပြသတော့မှာဖြစ်ပြီး

 ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို မင်းသမီးချော ကစ် နဲ့ မင်းသားချော ဒေါင်းတို့ အတူတူတွဲဖက်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ စုံတွဲတွေလို ထင်မှတ်မှား ရလောက်အောင် လိုက်ဖက်လွန်းလှတဲ့ ကစ် နဲ့ ဒေါင်း တို့ရဲ့ နှစ်ယောက်တွဲပုံလေးတွေနဲ့ အတူ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:celegabar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top