





ရေတွင်းအတွင်းသေဆုံးနေသူ ဦးသိန်းလွင်အား သထုံခရိုင်မီးသတ်ဦးစီးမှူးဦးအောင်ကြင်ထွန်းဦးစီးအဖွဲ့မှ ရေတွင်းအတွင်း အောက်ဆီဂျင် အောက်စီဂျင်ပို့လွှတ်ခြင်း မီးသတ်တပ်ဖွဲ့ဝင်များမှ အောင်စီဂျင်ဘူး အသုံးပြု၍ ရေတွင်းအတွင်းအလောင်းအား ဆင်း၍ဆယ်ယူခဲ့ပါသည်



#Unicode Version#
သထုံမြို့ သိမ်ကုန်းရပ်ကွက် ပုဂ္ဂလိကဆေးရုံ (ပန်းစံပယ်ဖြူ) အတွင်း ရေတွင်းပြန်လည် တူးဖေါ်/ဆယ်ယူရန် ဆောင်ရွက်စဉ် အမျိုးသား (၂)ဦး အောင်စီဂျင်ပြတ်၍ သေဆုံးမှုဖြစ်ပွါး

သထုံမြို့ သိမ်ကုန်းရပ်ကွက် ပုဂ္ဂလိကဆေးရုံ (ပန်းစံပယ်ဖြူ)အတွင်း ဧပြီ ၈ ရက် နံနက် ၁၀း၄၅ အချိန်ခန့်တွင်(က)ဦးသိန်းလွင် ၅၂နှစ်(ဘ)ဦးစိန်လွင် မွန်/ဗုဒ္ဓ ကြခတ်ငူကျေးရွာ ပေါင်မြို့နယ် (ဆေးရုံလုပ်သား)(ခ)မောင်ပု(ခ)နိုင်ဦး ၃၀နှစ်(ဘ)ဦးတင်ဦး မွန်/ဗုဒ္ဓ (၄)ရက်ကွက် ဇင်းကျိုက်ရွာ ပေါင်မြို့နယ်(ဆေးရုံလုပ်သား)

(ဂ)ဝင်းဇော်ဦး ၄ဝနှစ် (ဘ)ဦးနေလင်း ဗမာ/ဗုဒ္ဓ ပန်းစံပယ်ဖြူဆေးရုံဝန်း သိမ်ကုန်းရပ်ကွက်(ဆေးရုံအထွေထွေလုပ်သား)(ဃ)မော်ကျော်မော်စံ ၃၀နှစ်(ဘ)ဦးခင်မောင်ဖြူ မွန်/ဗုဒ္ဓ ပန်းစံပယ်ဖြူ ဆေးရုံဝန်း သိမ်ကုန်းရပ်ကွက် သထုံမြို့ (ဆေးရုံပိုင်ရှင်ဧ။်သား)(င)ဦးသက်ဝေဖြိုး ၃၈နှစ် (ဘ)ဦးခင်မောင်ဖြူ မွန်/ဗုဒ္ဓ ပန်းစံပယ်ဖြူ ဆေးရုံဝန်း သိမ်ကုန်းရပ်ကွက် သထုံမြို့(ဆေးရုံပိုင်ရှင်သား)

အထက်ဖေါ်ပြပါ ရေတွင်းဖေါ်သူ (၅)ဦးအနက် ဦးသိန်းလွင်မှ ရေတွင်းအတွင်းသို့ မတ်လုံးအရွယ်ရှိ (နိုင်လွန်ကြိုး) အဖြူရောင် (၄၅)ပေ ရှိကြိုးအား ကိုင်လျှက်ဆင်းသွားခဲ့ရာ ကျန်(၄)ဦးမှ ကြိုးအား တွင်းပေါ်မှထိန်းကိုင်ထားပေးစဉ်

ဦးသိန်းလွင်မှာရေတွင်းဧ။် အနက်ပေ(၃၀)ခန့်အရောက် အောက်သို့ပြုတ်ကျသွားခဲ့သဖြင့် မောင်ပု(ခ)နိုင်ဦးမှာ ပုဆိုးအား ခါးတွင်သိုင်းလျှက် ကြိုးအားပုဆိုးတွင်ချည်နှောင်ပြီး ကျန်(၃)ဦးမှ တွင်းပေါ်မှ ကြိုးအားထိန်းပေး၍ ရေတွင်းအတွင်းသို့ဆင်းခဲ့ရာ

တွင်းအနက် ပေ(၃၀)ခန့်အရောက် မောင်ပု(ခ)နိုင်ဦးမှ မရတော့ဘူးဟု အော်ဟစ်၍ပြန်လည် ဆွဲတင်ခဲ့ရာ မောင်ပု(ခ)နိုင်ဦးမှာ တွင်းပေါ်အရောက်၌ သေဆုံးနေကြောင်းတွေ့ရှိရပြီး

ရေတွင်းအတွင်းသေဆုံးနေသူ ဦးသိန်းလွင်အား သထုံခရိုင်မီးသတ်ဦးစီးမှူးဦးအောင်ကြင်ထွန်းဦးစီးအဖွ့ဲမှ ရေတွင်းအတွင်း အောက်ဆီဂျင် အောက်စီဂျင်ပို့လွှတ်ခြင်း မီးသတ်တပ်ဖွ့ဲဝင်များမှ အောင်စီဂျင်ဘူး အသုံးပြု၍ ရေတွင်းအတွင်းအလောင်းအား ဆင်း၍ဆယ်ယူခဲ့ပါသည်

သို့ဖြစ်ပါ၍သေဆုံးသူ ဦးသိန်းလွင်နှင့်မောင်ပု(ခ)နိုင်ဦးတို့ (၂)ဦးတို့အား သထုံခရိုင်ဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့်ပေးပို့ထားရှိပြီး ဦးသိန်းလွင်နှင့်မောင်ပု(ခ)နိုင်ဦး တို့သေဆုံးမှုအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် သထုံမြို့မစခန်းမှူး ဇော်မင်းထွန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:သမိန်ဗြတ်စ Zin Moe
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top