



ဇနီးချောလေးနဲ့ အနားယူနေတဲ့ ​အောင်​လအန်ဆန်ရဲ့ဓာတ်ပုံ

Credit:Myint Myat

#Unicode Version# ဖြင့်ဖတ်ပါ ။

မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်ပေမယ့်လည်း အမိမြေမြန်မာနိုင်ငံကြီးကို မြတ်နိုးတွယ်တာလွန်းသူတစ်ဦးပါ။ အောင်လအန်ဆန်ရဲ့ဇနီးနဲ့ သားလေးကလည်း သာယာလှပတဲ့ မြန်မာပြည်ကြီးကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။

အောင်လအန်ဆန်ကတော့ လတ်တလောမှာပဲ ဂျပန်လူမျိုး ဟာဆဲဂါဝါကို ၂ချီမြောက်နဲ့ အနိုင်ထိုးသတ်နိုင်ခဲ့ပါသေးတယ်။ ခါးပတ်ကို အစွမ်းကုန်ကာကွယ်ပြီးနောက်ပိုင်းမှာတော့ အောင်လက ဇနီးချောလေးနဲ့အတူ ဘန်ကောက်မှာ အနားယူနေတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဇနီးချောလေးနဲ့ ဘန်ကောက်မှာ အနားယူနေတဲ့ အောင်လအန်ဆန်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အောင်လအန်ဆန်ရဲ့ ဇနီးချောလေး Katie ကလည်း ခင်ပွန်းကို အပြည့်အဝ ပါရမီဖြည့်ပေးနေတဲ့ လက်တွဲဖော်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ လွတ်လပ်ပျော်ရွှင်စွာ တွေ့မြင်ရတဲ့ မြန်မာ့စပါးအုံးမြွေကြီး အောင်လအန်ဆန်

ဇနီးချောလေးနဲ့ အနားယူနေတဲ့ အောင်လအန်ဆန်ရဲ့ဗီဒီယို

အောင်လအန်ဆန်ကတော့ မြစ်ကြီးနားမှာ မွေးဖွားခဲ့တဲ့ မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး၊ မိသားစုနဲ့အတူ အမေရိကန်မှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ သူနဲ့အရမ်းတူတဲ့ တစ်ဦးတည်းသော သားလေး Aung De ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုကြည်နူးစရာကောင်းတဲ့ အောင်လအန်ဆန်တို့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Myint Myat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top