ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္၊ ေခ်ာင္းရိုးေက်းရြာကေန ရန္ကုန္တိုင္းေဒသႀကီး၊ လိႈင္သာယာ ၿမိဳ႕နယ္မွာ လာေရာက္အလုပ္လုပ္ကိုင္ရင္း အသတ္ခံခဲ့ရတဲ့ တတိယႏွစ္ေက်ာင္းသူ မဥမၼာခိုင္ ေသဆံုးခဲ့မႈနဲ႔ ပတ္သက္ၿပီး စိစစ္ေဆာင္ရြက္ေပးသြားမယ္လို႔ ႏိုင္ငံေတာ္သမၼတရံုးက ကာယကံရွင္မိသားစုထံ အေၾကာင္းၾကား စာေပးပို႔ထားပါတယ္။

သူမေသဆံုးမႈနဲ႔ ပတ္သက္ၿပီး လိႈင္သာယာၿမိဳ႕မရဲစခန္းနဲ႔ ေတာင္ဥကၠလာရဲစခန္းတို႔မွာ အမႈဖြင့္ထားေပမယ့္ ၃ လနီးပါးၾကာျမင့္ၿပီျဖစ္တဲ့ လက္ရွိအခ်ိန္အထိ တရားခံကို ဖမ္းဆီးရမိျခင္းမရွိေသးဘူးလို႔ ေသဆံုးသူရဲ႕ ဦးေလး ဦးမင္းလြင္ ကေျပာပါတယ္။

ေသဆံုးခဲ့သူ မဥမၼာခိုင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက လိႈင္သာယာၿမိဳ႕နယ္ကို အလုပ္ရွာေဖြဖို႔ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

သူမရဲ႕ ငယ္သူငယ္ခ်င္း မ်ိဳးျမင့္ေအာင္က ဇန္နဝါရီလ ၃ ရက္ေန႔ညမွာ အလုပ္ေပးမယ္ဆိုၿပီး ေခၚေဆာင္သြားခဲ့ၿပီးေနာက္ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ေတာင္ဥကၠလာပၿမိဳ႕နယ္ ပါရမီဘူတာနဲ႔ ကန္ဘဲ့ဘူတာၾကား ရထားလမ္းေဘးမွာ အဓမၼျပဳက်င့္ခံရၿပီး မ်က္ႏွာမီးရိႈ႕ဖ်က္ဆီးခံရၿပီး ေသဆံုးေနခဲ့တာကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

မဥမၼာခိုင္ ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေရးယူေဆာင္ရြက္ေပးဖို႔ မိသားစုဝင္ေတြက ႏိုင္ငံေတာ္ သမၼတရံုး၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ရဲခ်ဳပ္တို႔ထံ တိုင္တန္းစာေပးပို႔ထားတာျဖစ္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:tawthu

#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ချောင်းရိုးကျေးရွာကနေ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်မှာ လာရောက်အလုပ်လုပ်ကိုင်ရင်း အသတ်ခံခဲ့ရတဲ့ တတိယနှစ်ကျောင်းသူ မဥမ္မာခိုင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက ကာယကံရှင်မိသားစုထံ အကြောင်းကြား စာပေးပို့ထားပါတယ်။

သူမသေဆုံးမှုနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့မရဲစခန်းနဲ့ တောင်ဥက္ကလာရဲစခန်းတို့မှာ အမှုဖွင့်ထားပေမယ့် ၃ လနီးပါးကြာမြင့်ပြီဖြစ်တဲ့ လက်ရှိအချိန်အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သေဆုံးသူရဲ့ ဦးလေး ဦးမင်းလွင် ကပြောပါတယ်။

သေဆုံးခဲ့သူ မဥမ္မာခိုင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လှိုင်သာယာမြို့နယ်ကို အလုပ်ရှာဖွေဖို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ငယ်သူငယ်ချင်း မျိုးမြင့်အောင်က ဇန်နဝါရီလ ၃ ရက်နေ့ညမှာ အလုပ်ပေးမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တောင်ဥက္ကလာပမြို့နယ် ပါရမီဘူတာနဲ့ ကန်ဘဲ့ဘူတာကြား ရထားလမ်းဘေးမှာ အဓမ္မပြုကျင့်ခံရပြီး မျက်နှာမီးရှို့ဖျက်ဆီးခံရပြီး သေဆုံးနေခဲ့တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မဥမ္မာခိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ မိသားစုဝင်တွေက နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲချုပ်တို့ထံ တိုင်တန်းစာပေးပို့ထားတာဖြစ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:tawthu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top