ျပီးခဲ့တဲ့သႀကၤန္မတိုင္ခင္ကာလတုန္းက ဝတ္စားဆင္ယင္မႈတစ္ခုနဲ႔ပတ္သက္ၿပီးပြဲျဖစ္တုန္းက က်ေနာ္ပရိသတ္ကို စိတ္မပ်က္ေစရပါဘူးဆိုတဲ့ေက်ာ္ေက်ာ္နႏၵတစ္ေယာက္ကေတာ့ ႏွစ္ကူးကာလအစမွာပဲ အၾကမ္းစား အလန္းစား Music Video တစ္ခုကို သူ႔ေမြးေန႔အႀကိဳဆိုၿပီးFacebookေပၚမွာတင္လိုက္ျပန္ပါတယ္။

သူအဲ့ဒီလိုတင္လိုက္ၿပီးေတာ့ေနာက္မွာလည္း သူရဲ႕Music Video ေလးကလည္းေပါက္သြားခဲ့ပါတယ္။သူရဲ႕လတ္တေလာေျပာျပသြားတဲ့အေၾကာင္းအရာေတြကိုPann Pwint Media နဲ႔အင္တာဗ်ဴးတစ္ခုမွာေျပာျပထားပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းအရာေတြကို ေျပာခ်င္လြန္းလို႔မိတ္ေဆြေတြသိေအာင္ေျပာျပေပးလိုက္ပါတယ္။



“အခုကေတာ့ အင္းစိန္ၿမိဳ႕နယ္ထဲက ဆိုင္ေလးတစ္ဆိုင္မွာ က်ေနာ့္ေတးေရးေနဝင္းျမင့္နဲ႔လာၿပီးေတာ့ သီခ်င္းေတြတီးေနတယ္။ က်ေနာ့္Third Series အတြက္ေပါ့ေနာ္ တကယ္Officialပရိသတ္ကိုခ်ျပမွာ သံုးေခြေျမာက္ေခြေပါ့ အဲ့ဒီအတြက္ကိုလာလုပ္ေနတာ။”ဆိုၿပီးသူရဲ႕လတ္တေလာလႈပ္႐ွားမႈ ကိုေျပာျပသြားခဲ့ၿပီး သူရဲ႕Music Video အသစ္အေၾကာင္းကိုလည္း “ အဲ့ဒီသီခ်င္းကို က်ေနာ္စီစဥ္ေနတာၾကာပါၿပီ ။

ဒါေပမယ့္ ပရိသတ္ေရွ႕ကိုမခ်ျပရေသးတာပါ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္က်ရင္ဒါကိုခ်ျပမယ္ဆိုၿပီး အခုက တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ေရာက္လာတယ္ပဲေျပာရမွာေပါ့ေနာ္ ခ်ျပလိုက္တဲ့အေပၚမွာ သီခ်င္းစာသားေလးကေတာ့ တကယ့္ျဖဴျဖဴစင္စင္နဲ႔ျဖဴစင္ေသာအခ်စ္ပါ. ။

ကိုယ့္နဲ႔အတူတူတကယ္ခ်စ္ခင္ရတဲ့သူေတြနဲ႔ခရီးသြားရတဲ့သီခ်င္း ကယားျပည္႐ွမ္းျပည္တဆက္တည္းသြားရတယ္ေပါ့ေနာ္။ အဲ့ဒီအေၾကာင္းရာေလးကိုေရးထားတာ ဒါေပမယ့္MTVမွာကနည္းနည္းၾကမ္းသြားတယ္။ အျပင္မွာေတာ့အဲ့ဒီလိုမဟုတ္ဘူးေပါ့ သီခ်င္းစာသားအရျဖဴျဖဴစင္စင္နဲ႔ခ်စ္တာပါ။



MTVမွာေတာ့ ဒီဘက္ေခတ္အရမ္းေရာက္သြားတယ္။ အဲ့ဒီအတြက္ပရိသတ္ကအရမ္းေျပာတယ္။ ဒါေပမယ့္က်ေနာ္ေက်နပ္ပါတယ္ ကိုယ္လုပ္တာကို ဘယ္လိုပဲျဖစ္ေနပါေစ ပရိသတ္ကအသိမွတ္ျပဳတယ္ဆိုတာကို လက္ခံတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဘာေတြထပ္ဆိုမလဲဆိုတဲ့ေမးခြန္းကိုေတာ့ “ဆိုမွာကေတာ့ ေကတီပယ္ရီေပါ့ (Katy Perry) က်ေနာ္ေကတီခ်င္းကိုေနာက္ေျပာင္ၿပီးေတာ့ အြန္လိုင္းမွာတင္လိုက္တယ္။ အဲ့ဒါႀကီးကအြန္ လိုင္းမွာျပန္႕သြားၿပီးအရမ္းကို လူေတြကသိသြားေတာ့ ကိုယ္ဟာကိုယ္ေနာက္ၿပီးေတာ့ဒီလိုလုပ္ထား တဲ့ဟာ ကိုယ္ဒီလိုဘဝကိုေရာက္မလာခင္ကာလတုန္း သူ႔ဟာသူေပါက္လာတယ္။

ပရိသတ္ကသိလည္းသိလာတယ္ ေတာင္းဆိုလာတယ္။ ဒါေလးကိုလုပ္ေပးပါဆိုလို႔ အဲ့ဒီအတြက္လုပ္ေပးမွာပါ။ က်ေနာ္ကေကတီပယ္ရီသီခ်င္းကို Cover Songျပန္ဆိုၿပီးေတာ့အေကာင္းဆံုးျဖစ္ေအာင္လုပ္သြားမွာပါ။ Animal ဆိုတဲ့သီခ်င္းေလးလုပ္မယ္။ အားလံုးေပါင္း သီခ်င္းကေတာ့ကိုးပုဒ္ ေဘာနပ္စ္ေတြလည္းပါမွာပါ။” ဆိုၿပီးေျပာျပသြားပါတယ္။

ဆက္လက္ၿပီးေဝဖန္ခံရတဲ့အေပၚမွာျဖစ္တဲ့ခံစားခ်က္ေတြကိုလည္း “ခံစားခ်က္ကိုေျပာရမယ္ဆိုရင္ေတာ့စိတ္ထဲမွာမေကာင္းဘူးေပါ့.။ဘယ္လိုေျပာရမလဲ ကိုယ့္ဘက္ကမွန္လားဆိုေတာ့ မွန္တယ္လည္းမဟုတ္ဘူးမွားတယ္လည္းမဟုတ္ဘူး ။



ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ေလွ်ာက္ေနတဲ့လမ္းေၾကာင္းက ႏိုင္ငံျခားမွာဆိုရင္ ဘာမွမျဖစ္ဘူးေလ။ Internationalမွာက်ေတာ့ကိုယ့္ရဲ႕လုပ္ပိုင္ခြင့္ကို ကိုယ့္ရဲ႕Music ၊ ကိုယ့္ရဲ႕သီခ်င္း၊ကိုယ့္ရဲ႕ဝတ္စားဆင္ယင္မႈ အဲ့ဒါကုိ ဒီမိုကေရဆီေပါ့ ဒီျပင္ႏိုင္ငံေတြမွာ အဲ့ဒီလိုဟာသိပ္မေျပာၾကဘူး။

အဲ့ဒါတကယ္လို႔မွအခု ဒီမိုကေရစီလမ္းေၾကာင္းေပၚမွာေလွ်ာက္ေနၾကၿပီေပါ့ ။ ဒီမိုကေရစီ စိတ္ဓာတ္ေမြးၿပီးသြားၾကတယ္။ ဒါေပမယ့္ တခ်ိဳ႔စိတ္ထဲမွာက အန္းတိတ္ေတြက်န္ေနေသးတယ္။ ဒီမိုကေရစီဆိုတာက ကိုယ့္ဘာကိုစျပင္ရမွာေလ။ကိုယ့္ဟာကိုယ္လည္းလြတ္လြတ္လပ္လပ္ လူမ်ားကိုလည္းမခ်ဳပ္ျခယ္ရဘူး လူမ်ားကိုလည္းမေျပာရဘူး ။

အဓိကကေတာ့တစ္ေယာက္နဲ႔တစ္ေယာက္အေပးယူမွ်ၿပီးေတာ့ မထိခိုက္မနစ္နာ မေစာ္ကားတဲ့အျပဳမူေလးေတြနဲ႔ေလွ်ာက္မွာပဲေလ ။ အဲ့ဒါဒီမိုကေရစီလို႔က်ေနာ္ကေတာ့ျမင္တယ္ေလ။ က်ေနာ္ကေတာ့က်ေနာ့္ဟာက်ေနာ္ဒီမိုကေရစီရေနၿပီ ၊ဝတ္တာ စားတာေျပာတာ ေနတာထိုင္တာကအစ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


ပြီးခဲ့တဲ့သြင်္ကန်မတိုင်ခင်ကာလတုန်းက ဝတ်စားဆင်ယင်မှုတစ်ခုနဲ့ပတ်သက်ပြီးပွဲဖြစ်တုန်းက ကျနော်ပရိသတ်ကို စိတ်မပျက်စေရပါဘူးဆိုတဲ့ကျော်ကျော်နန္ဒတစ်ယောက်ကတော့ နှစ်ကူးကာလအစမှာပဲ အကြမ်းစား အလန်းစား Music Video တစ်ခုကို သူ့မွေးနေ့အကြိုဆိုပြီးFacebookပေါ်မှာတင်လိုက်ပြန်ပါတယ်။

သူအဲ့ဒီလိုတင်လိုက်ပြီးတော့နောက်မှာလည်း သူရဲ့Music Video လေးကလည်းပေါက်သွားခဲ့ပါတယ်။သူရဲ့လတ်တလောပြောပြသွားတဲ့အကြောင်းအရာတွေကိုPann Pwint Media နဲ့အင်တာဗျူးတစ်ခုမှာပြောပြထားပါတယ်။ သူပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။

“အခုကတော့ အင်းစိန်မြို့နယ်ထဲက ဆိုင်လေးတစ်ဆိုင်မှာ ကျနော့်တေးရေးနေဝင်းမြင့်နဲ့လာပြီးတော့ သီချင်းတွေတီးနေတယ်။ ကျနော့်Third Series အတွက်ပေါ့နော် တကယ်Officialပရိသတ်ကိုချပြမှာ သုံးခွေမြောက်ခွေပေါ့ အဲ့ဒီအတွက်ကိုလာလုပ်နေတာ။”ဆိုပြီးသူရဲ့လတ်တလောလှုပ်ရှားမှု ကိုပြောပြသွားခဲ့ပြီး သူရဲ့Music Video အသစ်အကြောင်းကိုလည်း “ အဲ့ဒီသီချင်းကို ကျနော်စီစဉ်နေတာကြာပါပြီ ။

ဒါပေမယ့် ပရိသတ်ရှေ့ကိုမချပြရသေးတာပါ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်ဒါကိုချပြမယ်ဆိုပြီး အခုက တစ်နေ့နေ့တစ်ချိန်ချိန်ရောက်လာတယ်ပဲပြောရမှာပေါ့နော် ချပြလိုက်တဲ့အပေါ်မှာ သီချင်းစာသားလေးကတော့ တကယ့်ဖြူဖြူစင်စင်နဲ့ဖြူစင်သောအချစ်ပါ. ။

ကိုယ့်နဲ့အတူတူတကယ်ချစ်ခင်ရတဲ့သူတွေနဲ့ခရီးသွားရတဲ့သီချင်း ကယားပြည်ရှမ်းပြည်တဆက်တည်းသွားရတယ်ပေါ့နော်။ အဲ့ဒီအကြောင်းရာလေးကိုရေးထားတာ ဒါပေမယ့်MTVမှာကနည်းနည်းကြမ်းသွားတယ်။ အပြင်မှာတော့အဲ့ဒီလိုမဟုတ်ဘူးပေါ့ သီချင်းစာသားအရဖြူဖြူစင်စင်နဲ့ချစ်တာပါ။

MTVမှာတော့ ဒီဘက်ခေတ်အရမ်းရောက်သွားတယ်။ အဲ့ဒီအတွက်ပရိသတ်ကအရမ်းပြောတယ်။ ဒါပေမယ့်ကျနော်ကျေနပ်ပါတယ် ကိုယ်လုပ်တာကို ဘယ်လိုပဲဖြစ်နေပါစေ ပရိသတ်ကအသိမှတ်ပြုတယ်ဆိုတာကို လက်ခံတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဘာတွေထပ်ဆိုမလဲဆိုတဲ့မေးခွန်းကိုတော့ “ဆိုမှာကတော့ ကေတီပယ်ရီပေါ့ (Katy Perry) ကျနော်ကေတီချင်းကိုနောက်ပြောင်ပြီးတော့ အွန်လိုင်းမှာတင်လိုက်တယ်။ အဲ့ဒါကြီးကအွန် လိုင်းမှာပြန့်သွားပြီးအရမ်းကို လူတွေကသိသွားတော့ ကိုယ်ဟာကိုယ်နောက်ပြီးတော့ဒီလိုလုပ်ထား တဲ့ဟာ ကိုယ်ဒီလိုဘဝကိုရောက်မလာခင်ကာလတုန်း သူ့ဟာသူပေါက်လာတယ်။

ပရိသတ်ကသိလည်းသိလာတယ် တောင်းဆိုလာတယ်။ ဒါလေးကိုလုပ်ပေးပါဆိုလို့ အဲ့ဒီအတွက်လုပ်ပေးမှာပါ။ ကျနော်ကကေတီပယ်ရီသီချင်းကို Cover Songပြန်ဆိုပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်သွားမှာပါ။ Animal ဆိုတဲ့သီချင်းလေးလုပ်မယ်။ အားလုံးပေါင်း သီချင်းကတော့ကိုးပုဒ် ဘောနပ်စ်တွေလည်းပါမှာပါ။” ဆိုပြီးပြောပြသွားပါတယ်။

ဆက်လက်ပြီးဝေဖန်ခံရတဲ့အပေါ်မှာဖြစ်တဲ့ခံစားချက်တွေကိုလည်း “ခံစားချက်ကိုပြောရမယ်ဆိုရင်တော့စိတ်ထဲမှာမကောင်းဘူးပေါ့.။ဘယ်လိုပြောရမလဲ ကိုယ့်ဘက်ကမှန်လားဆိုတော့ မှန်တယ်လည်းမဟုတ်ဘူးမှားတယ်လည်းမဟုတ်ဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လျှောက်နေတဲ့လမ်းကြောင်းက နိုင်ငံခြားမှာဆိုရင် ဘာမှမဖြစ်ဘူးလေ။ Internationalမှာကျတော့ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို ကိုယ့်ရဲ့Music ၊ ကိုယ့်ရဲ့သီချင်း၊ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှု အဲ့ဒါကို ဒီမိုကရေဆီပေါ့ ဒီပြင်နိုင်ငံတွေမှာ အဲ့ဒီလိုဟာသိပ်မပြောကြဘူး။

အဲ့ဒါတကယ်လို့မှအခု ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလျှောက်နေကြပြီပေါ့ ။ ဒီမိုကရေစီ စိတ်ဓာတ်မွေးပြီးသွားကြတယ်။ ဒါပေမယ့် တချို့စိတ်ထဲမှာက အန်းတိတ်တွေကျန်နေသေးတယ်။ ဒီမိုကရေစီဆိုတာက ကိုယ့်ဘာကိုစပြင်ရမှာလေ။ကိုယ့်ဟာကိုယ်လည်းလွတ်လွတ်လပ်လပ် လူများကိုလည်းမချုပ်ခြယ်ရဘူး လူများကိုလည်းမပြောရဘူး ။

အဓိကကတော့တစ်ယောက်နဲ့တစ်ယောက်အပေးယူမျှပြီးတော့ မထိခိုက်မနစ်နာ မစော်ကားတဲ့အပြုမူလေးတွေနဲ့လျှောက်မှာပဲလေ ။ အဲ့ဒါဒီမိုကရေစီလို့ကျနော်ကတော့မြင်တယ်လေ။ ကျနော်ကတော့ကျနော့်ဟာကျနော်ဒီမိုကရေစီရနေပြီ ၊ဝတ်တာ စားတာပြောတာ နေတာထိုင်တာကအစ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top