သေႏၶသားမေအာင္ ကိုယ္ဝန္မေဆာင္နိုင္တဲ့ ျပႆနာဟာ အမ်ိဳးသမီးမ်ားေၾကာင့္ အျဖစ္မ်ားတယ္လို႔ သိရွိထားေပမယ့္ ယခုလတ္တစ္ေလာ စမ္းသပ္ေလ့လာခ်က္မ်ားအရ ျပႆနာရဲ႕ တစ္ဝက္ေလာက္က အမ်ိဳးသားေတြဘက္က ခ်ိဳ႕ယြင္းခ်က္ေၾကာင့္လို႔ သိရွိရပါတယ္။

မ်ိဳးပြားေစနိုင္တဲ့ သုတ္ပိုးမ်ားကို ေလ့လာစမ္းစစ္ခဲ့ရာတြင္ အမ်ိဳးသားမ်ား၏ ေန႕စဥ္ေနထိုင္မႈ ပုံစံအခ်ိဳ႕ေၾကာင့္ သုတ္ေကာင္ရည္ ေလ်ာ့နည္းလာျခင္း၊ အရည္အေသြး မျပည္မီျခင္းမ်ား ျဖစ္ေပၚလာတာကို ေတြ႕ရွိခဲ့ရၿပီး အဆိုပါ အေၾကာင္းအရာမ်ားေၾကာင့္ မ်ိဳးမေအာင္နိုင္သည့္ အျဖစ္မ်ား ျဖစ္ေပၚေစပါသည္။ ေအာက္ပါ ေနထိုင္မႈ ပုံစံမ်ားကို အတတ္နိုင္ဆုံး ေရွာင္က်ဥ္ျခင္းျဖင့္ ကာကြယ္နိုင္ပါလိမ့္မည္။

၁။ လက္ကိုင္ဖုန္းကို ေဘာင္းဘီ အိပ္အတြင္း ထည့္ထားျခင္း

ဖုန္းလာသည့္အခါ တုန္ခါမႈ၊ ေရဒီယိုသတၱိႂကြလွိုင္းမ်ားေၾကာင့္ သုတ္ပိုးအေရအတြက္ ၉ ရာခိုင္ႏႈန္းခန႔္ ေလ်ာ့နည္းေစတတ္ပါသည္။ ထို႔ေၾကာင့္ လက္ကိုင္ဖုန္းကို ေဘာင္းဘီ ေနာက္အိတ္ (သို႔) ဖုန္းထည့္သည့္အိတ္ႏွင့္ ေျပာင္းလဲ ကိုင္ေဆာင္ အသုံးျပဳျခင္းျဖင့္ ေရွာင္က်ဥ္ပါ။

၂။ အလြန္ပူျပင္းေသာ ေနရာကို ေရွာင္က်ဥ္ပါ

အမ်ိဳးသားမ်ား၏ ေဝွးေစ့သည္ အပူခ်ိန္ ၄ ဒီဂရီေလာက္ႏွင့္ အသင့္ေတာ္ဆုံးျဖစ္ၿပီး သုတ္ပိုးထုတ္လုပ္နိုင္စြမ္းရွိပါသည္။ အလြန္ပူျပင္းေသာ အပူခ်ိန္မွာ ၾကာၾကာေနျခင္းျဖင့္ သုတ္ပိုးမ်ား ေလ်ာ့နည္းေအာင္ ျပဳလုပ္သကဲ့သို႔ ျဖစ္တတ္သျဖင့္ အလြန္ပူျပင္းေသာ ေနရာကို ေရွာင္က်ဥ္ပါ။


၃။ ခႏၶာကိုယ္အေလးခ်ိန္

ကိုယ္ခႏၶာအေလးခ်ိန္ကိုလည္း ရွိသင့္ရွိထိုက္သည့္ အေနအထားမ်ိဳးကို ထိန္းသိမ္းထားသင့္ၿပီး ဝိတ္လာျခင္းကလည္း အဟန႔္အတားျဖစ္ေစပါသည္။


၄။ ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ေသြးလွည့္ပတ္မႈ ေလ်ာ့က်သြားသည့္အတြက္ ေယာက္်ားတန္ဆာအတြင္း ျဖတ္သန္းမည့္ ေသြးဉေလးမ်ား ေလ်ာ့နည္းျခင္းကလည္း သုတ္ေကာင္ထုတ္လုပ္မႈကို က်ဆင္းေစနိုင္သည္။

၅။ စိတ္ဖိစီးျခင္း

စိတ္ဖိစီးမႈေၾကာင့္ ခႏၶာကိုယ္ေနရာ အေတာ္မ်ားမ်ားတြင္ က်န္းမာေရးရႈေဒါင့္မွ ၾကည့္လွ်င္ ထိခိုက္ေစတတ္သည့္အတြက္ ယင္းကဲသို႔ အခ်ိန္မ်ိဳးတြင္ သုတ္ပိုးမ်ား အရည္အေသြး မျပည့္မီတတ္ေပ။

၆။ အရက္ေသာက္ျခင္း

အရက္ကို အလြန္အကြၽံေသာက္သုံးျခင္းက သုတ္ပိုးမ်ား၏ အရည္အေသြး ပ်က္ဆီးမႈကို အထိေရာက္ဆုံး အားေပးသည့္အတြက္  ေရွာင္က်ဥ္သင့္ပါသည္။

အထက္ပါအခ်က္လက္မ်ားကို လိုက္နာေရွာင္က်ဥ္ပါက အင္အားျပည့္ၿဖိဳး အရည္ေသြးမီေသာ မ်ိဳးေကာင္ေလးမ်ား ထုတ္လုပ္နိုင္မည္ျဖစ္လို႔ သာယာခ်မ္းေျမ့သည့္ မိသားစုတစ္ခုကို အခက္ခဲမရွိ ပိုင္ဆိုင္နိုင္ၾကမည္ျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
သန္ဓေသားမအောင် ကိုယ်ဝန်မဆောင်နိုင်တဲ့ ပြဿနာဟာ အမျိုးသမီးများကြောင့် အဖြစ်များတယ်လို့ သိရှိထားပေမယ့် ယခုလတ်တစ်လော စမ်းသပ်လေ့လာချက်များအရ ပြဿနာရဲ့ တစ်ဝက်လောက်က အမျိုးသားတွေဘက်က ချို့ယွင်းချက်ကြောင့်လို့ သိရှိရပါတယ်။

မျိုးပွားစေနိုင်တဲ့ သုတ်ပိုးများကို လေ့လာစမ်းစစ်ခဲ့ရာတွင် အမျိုးသားများ၏ နေ့စဉ်နေထိုင်မှု ပုံစံအချို့ကြောင့် သုတ်ကောင်ရည် လျော့နည်းလာခြင်း၊ အရည်အသွေး မပြည်မီခြင်းများ ဖြစ်ပေါ်လာတာကို တွေ့ရှိခဲ့ရပြီး အဆိုပါ အကြောင်းအရာများကြောင့် မျိုးမအောင်နိုင်သည့် အဖြစ်များ ဖြစ်ပေါ်စေပါသည်။ အောက်ပါ နေထိုင်မှု ပုံစံများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ခြင်းဖြင့် ကာကွယ်နိုင်ပါလိမ့်မည်။

၁။ လက်ကိုင်ဖုန်းကို ဘောင်းဘီ အိပ်အတွင်း ထည့်ထားခြင်း

ဖုန်းလာသည့်အခါ တုန်ခါမှု၊ ရေဒီယိုသတ္တိကြွလှိုင်းများကြောင့် သုတ်ပိုးအရေအတွက် ၉ ရာခိုင်နှုန်းခန့် လျော့နည်းစေတတ်ပါသည်။ ထို့ကြောင့် လက်ကိုင်ဖုန်းကို ဘောင်းဘီ နောက်အိတ် (သို့) ဖုန်းထည့်သည့်အိတ်နှင့် ပြောင်းလဲ ကိုင်ဆောင် အသုံးပြုခြင်းဖြင့် ရှောင်ကျဉ်ပါ။

၂။ အလွန်ပူပြင်းသော နေရာကို ရှောင်ကျဉ်ပါ

အမျိုးသားများ၏ ဝှေးစေ့သည် အပူချိန် ၄ ဒီဂရီလောက်နှင့် အသင့်တော်ဆုံးဖြစ်ပြီး သုတ်ပိုးထုတ်လုပ်နိုင်စွမ်းရှိပါသည်။ အလွန်ပူပြင်းသော အပူချိန်မှာ ကြာကြာနေခြင်းဖြင့် သုတ်ပိုးများ လျော့နည်းအောင် ပြုလုပ်သကဲ့သို့ ဖြစ်တတ်သဖြင့် အလွန်ပူပြင်းသော နေရာကို ရှောင်ကျဉ်ပါ။


၃။ ခန္ဓာကိုယ်အလေးချိန်

ကိုယ်ခန္ဓာအလေးချိန်ကိုလည်း ရှိသင့်ရှိထိုက်သည့် အနေအထားမျိုးကို ထိန်းသိမ်းထားသင့်ပြီး ဝိတ်လာခြင်းကလည်း အဟန့်အတားဖြစ်စေပါသည်။


၄။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် သွေးလှည့်ပတ်မှု လျော့ကျသွားသည့်အတွက် ယောက်ျားတန်ဆာအတွင်း ဖြတ်သန်းမည့် သွေးဉလေးများ လျော့နည်းခြင်းကလည်း သုတ်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သည်။

၅။ စိတ်ဖိစီးခြင်း

စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်နေရာ အတော်များများတွင် ကျန်းမာရေးရှုဒေါင့်မှ ကြည့်လျှင် ထိခိုက်စေတတ်သည့်အတွက် ယင်းကဲသို့ အချိန်မျိုးတွင် သုတ်ပိုးများ အရည်အသွေး မပြည့်မီတတ်ပေ။

၆။ အရက်သောက်ခြင်း

အရက်ကို အလွန်အကျွံသောက်သုံးခြင်းက သုတ်ပိုးများ၏ အရည်အသွေး ပျက်ဆီးမှုကို အထိရောက်ဆုံး အားပေးသည့်အတွက်  ရှောင်ကျဉ်သင့်ပါသည်။

အထက်ပါအချက်လက်များကို လိုက်နာရှောင်ကျဉ်ပါက အင်အားပြည့်ဖြိုး အရည်သွေးမီသော မျိုးကောင်လေးများ ထုတ်လုပ်နိုင်မည်ဖြစ်လို့ သာယာချမ်းမြေ့သည့် မိသားစုတစ်ခုကို အခက်ခဲမရှိ ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top