






Credit:Paing Phyo Thu

#Unicode Version# ဖြင့်ဖတ်ပါ ။

အကယ်ဒမီ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ကတော့ ဇန်နဝါရီလ ၂ ရက်နေ့က ထိမ်းမြား လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ နယ်ပယ်တစ်ခုတည်းမှာ မတူညီတဲ့ အခန်းကဏ္ဏကနေပြီးတော့ အနုပညာလောက တိုးတက်အောင် ကြိုးစားနေကြတဲ့ အနုပညာဖန်တီးသူတွေလည်းဖြစ်ကြပါတယ်။ အနုပညာပျိုးခင်းအစီအစဉ်ထဲက တစ်ဦးတည်းသော အကယ်ဒမီရရှိလာခဲ့တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ ပေါင်းပြီးဖန်တီးထားကြတဲ့ မီရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်အကြိုက်နဲ့ တစ်ထပ်တည်း ထပ်တူကျခဲ့ပြန်ပါတယ်။ ဒါ့အပြင် ၂၀၁၈ အကယ်ဒမီဆုပေးပွဲမှာပါ အကယ်ဒမီရရှိမယ်လို့ တစ်ကြိုပေးခန့်မှန်းခံထားရတဲ့ ဆန်ခါတင်ဇာတ်ကားတစ်ကားဖြစ်ခဲ့ပေမယ့် အကယ်ဒမီဆုတွေနဲ့ လွှဲချော်ခဲ့ရပါတယ်။

ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ ဇာတ်ကားလည်းဖြစ်တာကြောင့် ဒီ မီ ဇာတ်ကားကိုတော့ ယခုအချိန်မှာ ပြန်လည်ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။ ဒါကတော့ သူတို့ နှစ်ဦးရဲ့ အောင်မြင်မှုမှတ်တိုင်လည်းဖြစ်ပြန်ပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုဟာ မနက်ဖြန်မှာကျရောက်မယ့် သူမမွေးနေ့လေးအတွက် ခင်ပွန်းဖြစ်သူကို ဖေ့ဘုတ်ပေါ်ကနေ လှမ်းပြီးသတိပေးလိုက်ပါတယ်။

သူမဟာ ရှုတင် (Night Scene) ကြောင့် ည ၁၂ မှပြန်လည်ရောက်ရှိမှာဖြစ်ပေမယ့် သူမမွေးနေ့ကိုမေ့မသွားဘဲ Birthday Wish လုပ်ပေးဖို့ ချစ်စဖွယ်လေး ရာဇသံနဲ့ သတိပေးလိုက်တာဖြစ်ပါတယ်။

“ဦးရေခဲ… မနက်ဖြန် ရှင့်ပါရမီဖြည့်ဖက် မွေးနေ့နော်…ဒီညshootingမှာnight scene ကည၁၂နာရီမှပြီးမှာဆိုတော့ အိမ်ပြန်ရောက်တာနဲ့ ဝတုတ်လူဆိုးကို Birthday wish လုပ်ဖို့မေ့နေမှာစိုးလို့ ပေါ်တင်ပဲမသိမသာ Facebook ကနေ သတိပေးလိုက်တယ်နော် မေ့လို့ကတော့ အကြီးကြီး ကောက်မှာနော်!!!! မောင်းတင်ထားတယ်…. ဒါဘဲ ” လို့ ရေးသားထားတာပါ။

သုသုတို့ ဇနီးမောင်နှံကတော့ ခုထိ ကလေးလေးတွေလိုပဲ ချစ်စရာကောင်းနေကြတုန်းပဲနော်။ သုသုရေ Happy Birthday ပါလို့ ပရိသတ်တွေနဲ့အတူ အက်မင်တို့က ကြိုပြီးပြောပါရစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Paing Phyo Thu
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top