ကြၽန္ေတာ္တို႔ၿမိဳ႕ေလးမွာေတာ့နာမည္ၿကီးထမင္းဆိုင္ႀကီးေပါ့/ ေ႐ွးေဟာင္းအိမ္ၿကီးအိမ္ေကာင္းနဲ႔ ေရာင္းတဲ့သူေတြကလည္း ေဖၚေရြတယ္ မ်က္ႏွာခ်ိဳလက္ရာကလည္း စပါယ္႐ွယ္ဆိုေတာ့..လူခ်မ္းသာေတြ၊ ႐ုပ္႐ွင္မင္းသားမင္းသမီးေတြ ကြၽန္ေတာ္တို႔ ၿမိဳ႕ေလးမွာ ႐ုပ္႐ွင္လာ႐ိုက္တဲ့အခါ ေနာက္ၿပီး ႐ုပ္႐ွင္အဖြဲ႔သားေတြ ဘုရားဖူးလာၾကတဲ့ အခါဆိုရင္.. အဲဒီ ဆိုင္ႀကီး မွာပဲထမင္းစားနားၾကတယ္။

အဲလိုအခ်ိန္မ်ိဳးဆိုရင္ေတာ့ တရပ္ကြပ္လံုထြက္ၿပီးလာၾကည့္ၾက ႏႈတ္ဆက္ၾကနဲ႔….ကြၽန္ေတာ္တို႔ကေတာ့ထိပ္ဆံုးကေပါ့ဗ်ာ… ဟုတ္တယ္ေလ…႐ုပ္႐ွင္မင္းသားမင္းသမီးေတြကိုခုခ်ိန္မွာ ပိုက္ဆံမေပးရပဲတဝၾကည့္ရလို႔ပဲ..ဗ် အဲဒီအိမ္ႀကီးက စည္းပြားေရးေကာာင္း ခင္မင္ဖို႔ကလည္းေကာင္းေတာ့…ရပ္ကြပ္ထဲကလူေတြအကုန္လံုး သူတို႔မိသားစုေလးကို အားက် ေနၾကတယ္.. ကြၽန္ေတာ္ကေတာ့ အဲ့ဒီအိမ္ႀကီးကမိသားစုေတြအရမ္းခင္တယ္..ဗ် တေန႔မွာေတာ့သူတို႔အိမ္ ၾကမၼာဆိုးႀကီး စဝင္တဲေန႔လို႔ပဲေျပာရေတာ့မယ္။

အဲဒီအိမ္ၿကီးမွာ လူသတ္မႈျဖစ္တယ္…ျဖစ္တာကေတာ့ညီအကိုအခ်င္းခ်င္းျဖစ္တာ ခ်မ္းသာတဲ့လူတန္းစားေတြဆိုေတာ့လဲ ေငြကိုအႀကိဳက္သံုး ေသာက္စားၾကနဲ့..ျပာသနာျဖစ္ၾကတယ္.. ဘယ္ကစျဖစ္မွန္းေတာ့မသိဘူး.. ႏွစ္ေယာက္စလံုး လက္ထဲမွာ..လက္ႏွက္ကိုယ္စီဆြဲလို႔ အိမ္းသားေတြကလည္းဆြဲတဲ့သူဆြဲ ေခ်ာ့ေမာ့ၿပီးေတာ့ သူတို႔လက္ထဲက ပစၥည္းေတြ သိမ္းလိုက္ၾကတယ္။

ညီကိုႏွစ္ေယာက္ကေတာ့..အခဲမေၾကၾကေသးဘူး…မင္းသတိထားေန… ေအး….မင္းလဲ သတိထားနဲ႔ ေျပာေနၾကရင္းနဲ႔ ဆြဲထားတဲ့ၾကာက အၿကီးေကာင္လြတ္ထြက္သြားၿပီး…ဆန္ထိုးတဲ့သံခြၽန္ေကာက္ဆြဲၿပီးထိုးလိုက္တာ..ဟဲ့ ဟဲ့သားငယ္ဆိုၿပီး အငယ္ေကာင္ကိုတြန္းထုပ္လိုက္ေတာ့..ကြတ္တိပဲ သံခြၽန္နဲ႔..အေဒၚႀကီးဗိုက္နဲ႔ အဲေနရာမွာတင္ပြဲခ်င္းၿပီးပဲ.. ရပ္ကြပ္က ရဲစခန္းဖုန္းဆက္ေတာ့..ရဲ ေတြေရာက္လာၿပီး ဓာတ္ပံုေတြ႐ိုက္ အမႈနဲ႔ပတ္သတ္တာေမးၿပီး အႀကီးေကာင္ကို ဖမ္းသြား ၾကတယ္။ အမလည္းေသ သားလဲေထာင္က်ဆိုေတာ့သူတို႔ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္ေနၾကတယ္..အမ အသုဘ ရက္လည္ၿပီးတာနဲ႔. ဒီၾကားထဲသားအမႈကိုလဲေငြကုန္ခံၿပီးလိုက္တယ္ ေငြကုန္လူပန္းျဖစ္တာပဲအဖတ္တင္တယ္ သားကေတာ့ေထာင္က်တာပါပဲ။

ဒီလိုနဲ႔ သူတို႔လဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ပဲ ေနလိုက္ၾကတယ္..ေနာက္ပိုင္း ဆိုင္ျပန္ဖြင့္တယ္။ အရင္တုန္းကလိုေတာ့ လန္းဆန္းမႈေတြသူတို႔မွာမရိွၾကေတာ့ဘူးဗ် ဘာျဖစ္လို႔လဲဆိုေတာ့ ဆံုးသြားတဲ့ အမက မကြၽတ္ေတာ့အိမ္မွာ အျမဲေတြ႔ ေတြ႔ေနရတယ္ …ညပိုင္းဆိုလဲ သူကလည္းအိမ္ေပၚမွာလမ္းေတြေလ်ွာက္…ေနာက္ေဖးမွာလဲ.. အိုးခြက္သံေတြေပးတာ…သူတို႔လဲမကြၽတ္ဘူးဆိုတာသိေတာ့ …ဘုန္ႀကီးပင့္ဆြမ္းေကြၽး အမ်ွေပးေဝတယ္။ သူက ဘာကိုဆြဲလမ္းေနတာလဲေတာ့ မသိဘူး ဒုတိယ အႀကိမ္အမ်ွေပးတာလဲမယူဘူး.. ထင္တယ္ ညပိုင္းေရာက္ၿပီဆိုတာနဲ႔တအိမ္လံုးလမ္းေတြပတ္ေလ်ွာက္…ပုဂံ ေတြျပစ္ခ်နဲ႔…အိမ္သားေတြလဲေၾကာက္ေနၾကၿပီ…အိပ္ေရးကလဲ မဝ ထမင္းဆိုင္ဆိုေတာ့ အေစာႀကီး ထခ်က္ျပဳတ္ရတာကိုး။

ဆိုင္က အရင္လိုလဲ စီးပြားေရး မေကာင္းေတာ့ဘူးေလ…ကိုယ္နဲ႔ အရမ္းခင္တဲ့ သူေတြဆိုေတာ့ ျမင္ရတာ စိတ္မေကာင္း တာေတာ့ အမွန္ပဲဗ်။ သိပ္မၾကာေသးဘူး ဝင္ျပန္ၿပီ ၿဂိဳလ္ဆိုးေနာက္ထပ္တခု…အေဒၚႀကီး၇ဲ့..ညီမအငယ္ဆံုး ညပိုင္း ေရခ်ိဳးခန္းထဲဝင္သြားတာေတာ္ေတာ္ၾကာခ်ိန္ထိထြက္မလာေတာ့… တံခါးသြားေခါက္ေတာ့လဲ အထဲကအသံမေပးဘူး…ဟဲ့ အထဲကမထြက္ေသးဘူးလားလို႔ ေမးေတာ့ စကားလဲျပန္မေျပာေတာ့…. ဟဲ့ ဟဲ့ လာၾကဦးအထဲမွာဘာျဖစ္ေနလဲမသိဘူး…ေရခ်ိဳးခန္းတခါးကလည္း ဂ်ပ္ခ် ထားေတာ့..႐ိုက္ဖ်က္ၿပီးဝင္လိုက္ေတာ့ အထဲကအမ်ိဳးသမီးက နံရံကိုမွီလ်ွက္ မ်က္ျဖဴ လွန္ၿပီး အသက္မရိွေတာ့ဘူး… သူပံစံကိုၾကည္ရတာ ေၾကာက္လွန္႔စရာ..တခုခုျမင္လို႔ အေၾကာက္လြန္ၿပီးေသတဲ့ပံုစံမ်ိဳးပဲ

ေနာက္ေန႔…အသုဘ ကိစၥျပင္ဆင္ၾက ရက္လည္ေန႔က်ေတာ ဘုန္းႀကီးပင့္ဆြမ္းေကြၽးအမ်ေဝေပတာေပါ့။ သူလဲ မကြၽတ္ ပါဘူး ညညဘက္ဆိုေရခ်ိဳးခန္းထဲေရခ်ိဳးေနတာ ..အိမ္သားေတြသြားၾကည့္ေတာ့ဘာမွလဲမ႐ွိပါဘူး…ေရကေတာ့ ေအာ္တို ဖြင္လ်ွက္ပဲ … ေနာက္ညေတြလဲဒီအတိုင္းပဲေရသံေတြၾကားေနရတယ္။ အခုေတာ့..အိမ္ႀကီးထဲ အစိမ္းေသ ႏွစ္ေယာက္ ဆိုေတာ့ အေဖၚရသြားၿပီးေပါ့… ညဘက္ လမ္းေလ်က္တဲ့သူကေလ်ွာက္ ..ေရခ်ိဳးတဲ့သူကခ်ိဳးနဲ႔ေပါ့။

ၾကာလာေတာ့..အိမ္သားေတြက ေၾကာက္ကလည္းေၾကာက္ စိတ္ကလည္း ညစ္ဆိုေတာ့… အိမ္ႀကီးကိုပိတ္ၿပီး…သူတို႔ အမ်ိဳးေတြ အိမ္မွာသြား ေနၾကတယ္…သူတို႔မရိွေတာ့ ပိုဆိုး အိုးခြက္ပုဂံျပစ္ခ်သံေတြ ေဘးအိမ္ကပါၾကားေနရတယ္…. ရပ္ကြပ္ထဲက လူေတြလည္း..ခပ္လန္႔လန္႔ျဖစ္ေနၿပီ…လူစံုလို႔..အဲဒီအေၾကာင္းေျပာျဖစ္ၾကရင္…စိတ္တို ေဒါသထြက္တာက  ကြၽန္ေတာ္ ဟုတ္တယ္ေလ…သူတို႔ေၾကာင့္ ကိုယ္ခင္တဲ့သူေတြလဲေျပာင္းေျပးသြားၾကၿပီ …သူ႔အိမ္ကမိသားစုဝင္ေတြပဲ မဟုတ္လား… ဘာျဖစ္လို႔ေျခာက္လွန္႔ေနမွန္းမသိ..အမ်ွေပးေတာ့လဲမယူဘူး…သက္သက္လိုက္ေႏွာက္ယွက္ေနတာ…အိမ္ႀကီး ကိုျပစ္ထားၿပီး လူမေနတာလဲၾကာၿပီးဆိုေတာ့..အိမ္အိုႀကီးလိုျဖစ္ေနၿပီး ေနာက္အဲအိမ္မွာေနမဲသူရိွရင္ေနေပါ့။ အိမ္ေစာင့္သေဘာမ်ိဳး သူတို႔ကေတာင္အိမ္ေစာင့္ခဆိုၿပီး လခေတာင္ျပန္ေပးအံုးမွာ။

သိပ္မၾကာပါဘူး အိမ္ေစာင့္မယ့္သူေရာက္လာတယ္။ ဦးေလးႀကီးတေယာက္ ကေလးငယ္ေလးႏွစ္ေယာက္ လက္မွာဆြဲလို႔၊ ကေလး ႏွစ္ေယာက္က ၆ႏွစ္ ေနာက္တေယာက္က..၈ႏွစ္ အရြယ္ေလာက္ပဲရိွအံုးမယ္…. သူမ်ားေတြေတာ့မသိဘူး ကြၽန္ေတာ္ ကေတာ့ေတာ္ေတာ္စိတ္ပူသြားမိတယ္ သူတို႔လည္းအိမ္ႀကီးအေၾကာင္းမသိ႐ွာဘူထင္ပါတယ္…ဒီလိုနဲ ေနလာတာ..ဘာေတြျဖစ္တယ္လိုေတာ့မၾကားမိပါဘူး… သူတို႔သား အဖသံုးေယာက္ကေတာ့ ေအးေအးေဆးေဆးပါပဲ…ေနာက္တပတ္ေလာက္လဲေနၿပီးေရာ ဦးေလးႀကီးမ်က္ႏွာသိပ္မေကာင္းဘူး ကြၽန္ေတာ္လဲေမးခ်င္မိတယ္ ဘာေတြျဖစ္လို႔လဲ ေပါ့..သူနဲ႔ကိုယ္နဲ႔မွမသိဘဲေလ..အဲတာေၾကာင့္မေမးေတာ့ပါဘူး။

ကြၽန္ေတာ္တို႔က သစ္သီးဆိုင္ဖြင္ထားေတာ့ ေန႔လည္ပိုင္းေနအရမ္းပူေတာ့ မိဘေတြကိုအိမ္ျပန္နားခိုင္းၿပီး…ကြၽန္ေတာ္ ဆိုင္ထိုင္ေနၾကေပါ့.. အဲခ်ိန္မွာ ဦးေလးနဲကေလးႏွစ္ေယာက္ ဆိုင္နားမွာရပ္ၿပီးေတာ့ အရိပ္ခိုေနၾကတယ္… ကြၽန္ေတာ္လဲ ကေလးႏွစ္ေယာက္ကို လက္ေထာင္ျပၿပီးႏႈတ္ဆက္လိုက္တယ္…ကေလးေတြကျပံဳးျပေတာ့.. ပန္းသီးႏွစ္လံုး ေကာက္ကိုင္ ၿပီး စားမလာလို႔ေမးေတာ့..ေခါင္းညိတ္ျပတယ္.. ကြၽန္ေတာ္လဲပန္းသီးတေယာက္တလံုး လက္ထဲထည့္ေပးရင္း…ဦးေလး ေနအရမ္းပူတယ္ ဆိုင္ထဲဝင္နားပါလား ဦးေလး…ေျသာ္….ရပါတယ္ကြယ္ ေစ်းေရာင္းတာအေႏွာင့္ယွက္ျဖစ္ေနပါ့မယ္… ဟာ မျဖစ္ပါဘူး ဦးေလးရယ္ လာပါ…ကေလးႏွေယာက္လက္ကိုဆြဲၿပီး..လာဦးေလးေအးေအး ေဆးေဆးနားေပါ့။

ေနာက္ႏႈတ္ဆက္စကားေျပာရင္း…ေမးလိုက္မိတယ္..ဒီအိမ္မွာေနရတာအဆင္ေျပလား ဦးေလးရဲ႕…အဆင္ေျပပါ တယ္ကြယ္.. ဒါေပမယ့္…..ကေလးေတြ အတြက္ေတာ့စိတ္ပူတယ္..ဘာေတြမ်ားစိတ္ပူစရာရိွလို႔လဲဦးေလးရ…လို႔ ေမးေတာ့ေျဖခ်င္ပံုမရဘူး…. ေနာက္္မွအိမ္ႀကီးကမသန္႔ ဘူကြဲ႔…ကေလးေတြနဲ႔ဆိုေတာ့မသင့္ေတာ္ပါဘူးကြယ္….ကြၽန္ေတာ္သိလိုက္ၿပီးဟို အစိမ္းေသေတြေၾကာင့္ဆိုတာ ဒီရက္ပိုင္းဦးတို႔ အိမ္ျပန္အပ္ေတာ့မယ္ ဦးေလး မေစာင့္ေတာ့ ဘူးကြဲ႔

သူတို႔ေျပာင္းမယ္ေန႔မွာလာႏႈတ္ဆက္တယ္..စိတ္ေတာ့မေကာင္းဘူး..ခင္တာမွမၾကာေသးဘူး..ခြဲရေတာ့မယ္… ဦးတို႔သြား ေတာ့မယ္ေကာင္ေလး… ဟုတ္ကဲ့ ဟုတ္ကဲ.. ဒီစကားေလးပဲေျပာႏုိင္တယ္..ကေလးေတြကေတာ့ တာ့တာ့ျပေနေတာ့ ပိုၿပီး စိတ္မေကာင္းဘူး…ကေလးေတြေနာက္ ေက်ာကိုေငးၾကည့္ေနမိတယ္… စိတ္ထဲမွာလဲ…အဲဒီအိမ္ႀကီးက ႏွစ္ေကာင္ ေၾကာင့္ ဒီည ငါ့နဲ႔ေတြ႔မယ္လို႔ က်ိမ္းထားလိုက္တယ္။

ညပိုင္းဆိုင္လဲသိမ္းေရာ..သူငယ္ခ်င္းေတြဆိုင္ကယ္ေတြနဲ႔ေရာက္လာၾကတယ္…ေဟ်ာင့္ အေဆာင္မွာ ဂစ္တာသြားတီးမို႔ မင္းကိုလာေခၚတာ… ဟာ…မသြားခ် င္ဘူကြာ..စိတ္ညစ္ေနတယ္.. ေအး …အရက္ဆိုင္သြားမယ္ဆိုရင္ေတာ့လိုက္မယ္… မင္းေသာက္ခ်င္ ရင္လိုက္ပို႔ေပးမယ္လာ သြားစို႔ အရက္ဆိုင္ေရာက္ေတာ့..အိမ္ၿကီးအေၾကာင္း ေတြးရင္း.. တစိမ့္စိမ့္ ထိုင္ေသာက္ေနလိုက္တယ္…နည္းနည္းမွန္လာေတာ့မွ… မင္းတို႔အေဆာင္သြားရင္သြားၾကေတာ့ေလ…ငါကေတာ့မလို က္ေတာ့ဘူး…မင္းကိုအိမ္လိုက္ပို႔ေပးအံုးေလ…ဟာ ရပါတယ္ကြာ ငါ့ဟာငါလမ္းေလ်ွက္ျပန္ေတာ့မယ္… ေအးး ပီးေရာအာ့ဆိုလဲငါတို႔…ဒိုးပီကြာ။

သူငယ္ခ်င္းေတြလဲထြက္သြားၾကၿပီး… ေသာက္ထားတာေရခ်ိန္လဲကိုက္ၿပီး… ပိုက္ဆံ႐ွင္းၿပီးဆိုင္ ကထြက္ေတာ့…၁၁နာရီခြဲ… အခ်ိန္ေကာင္းပဲ..လသာရက္ဆိုေတာ့..လမ္းတေလ်ွက္လံုးလင္းထိန္ေနတာပဲ…ဒီလိုနဲ႔ေလ်ွာက္လာရင္းနဲ႔.. အိမ္ႀကီး အေ႐ွ႕ေရာက္လာပါၿပီ….. ည၁၂နာရီကြတ္တိပဲ.. ဒါ နဲ႔ လံုခ်ည္ကိုဂြင္းသိုင္းၿပီး လမ္းေဘးက အုတ္ခဲက်ိဳး ဆယ္လံုးေလာက္ ေကာက္ထည့္ၿပီး…အဲဒီအစိမ္းေသအိမ္ႀကီးထဲ.. အုတ္ခဲတလံုးလွမ္းေဆာ္ထည့္လိုက္တယ္… ခြမ္းးးဆိုတဲ့အသံနဲ႔ မွန္တခ်ပ္  ေတာ့ ကြဲသြားၿပီး.. ေဟ့…အိမ္ႀကီး႐ွင္တို႔ေရ..ဘယ္သူရိွလဲ…ကြ ရိွတယ္ဆိုရင္လည္း အရိပ္အေရာင္ေလး လာထြက္ျပၾက ေလကြာ…ေတြ႔ခ်င္လို႔…ေသာက္ဂ႐ုမစိုက္ဘူး.. ေသေတာ့လည္းအေသမလွ ..လာေနအမ်ွလူေတြကို ဒုဒၡ လိုက္ေပးေနတဲ့ ဟာေတြ..ထြက္ခဲ့ၾကေလကြာ။

အိမ္ႀကီးကေတာ့ တိတ္ဆိတ္ျမဲပဲ….မထြက္ၾကဘူးေပါ့…ေရာ့ကြာ ေရာ့ကြာ…စိတ္တိုတိုနဲ႔ အုတ္ခဲေတြတလံုးၿပီး တလံုး အိမ္ထဲျပစ္သြင္းလိုက္လိုက္တယ္…. တဒုန္းဒုန္းနဲ႔…ဘာမွတုန္႔ျပန္သံမၾကားေတာ့..အိမ္ႀကီးရဲ႕အုတ္နံရံ ေပၚတက္ၿပီးေတာ့…အနီးကက္အားရပါးရေဆာ္ေနတာ…ေဆာ္ လို႔လဲဝ အုတ္က်ိဳးလဲကုန္ၿပီး… ငါ့..ခြီးတဲ့ဟာေတြ..ေတြ႔ခ်င္တဲ့သူၾကေတာ့ အရိပ္ေတာင္မျပရဲေတာ့ဘူး…ျပစ္ျပစ္ႏွစ္ႏွစ္ဆဲဆိုၿပီး… ေအး…မ ေက်နပ္ရင္လိုက္ခဲ့လို႔ ရတယ္ေနာ္. .မေၾကာက္တက္လို႔ တေယာက္ထဲလာတာကြ…လူလဲ စိတ္ေက်နပ္သြားၿပီ။

အိမ္ျပန္ဖို႔လမ္းထဲ စဝင္လိုက္တာနဲ႔..အူးးးးးဝူးးးးအူးးးးလမ္းထဲကေခြးေတြ…အုပ္စုဖြဲ႔ၿပီးေတာ့ကို အူေနတာ… အဲအခ်ိန္ လူလဲ..ၾကက္သီးတခ်က္ျဖန္းခနဲ႔ထသြားတ ယ္….ဂ႐ုမစိုက္ပါဘူး…အိမ္ကိုတန္းၿပီးျပန္လာခဲ့တယ္…အိမ္ေရာက္ေတာ့ အေဖကတံခါးဖြင္ေပးရင္း… မင္းေတာ့ကြာညည့္နက္မွပဲ ျပန္ျပန္လာတယ္…ကိုလဲကိုယ္အိပ္ယာကိုတခါတည္းတန္းသြားၿပီး…လွဲခ်လိုက္တယ္.. လသာေတာ့..ျပတင္းေပါက္ကေန လေရာင္ေတြကခန္းလံုးျပည့္ပဲ…ကိုယ္လဲကိုယ္လုပ္ခဲ့တာ ျပန္စဥ္းစားရင္း ေက်နပ္ေနမိတယ္..အဲ့ဒီအခ်ိန္ အိမ္နံရံေပၚကုပ္တက္ေနတဲ့အသံၾကားလိုက္မိတယ္… ဘာလဲ… ဟ….ငါေခၚလို႔ပဲလိုက္လာတာလား… ေသခ်ာနားေထာင္ေနတုန္း

ျပတင္းေပါက္ေပၚ..မဲမဲအေကာင္ႀကီးတြယ္တက္လာတယ္..ေဟာ…ဖိတ္ေခၚထားတဲ့ဧည့္သည့္ေတာ့လာပါၿပီး.. ကိုယ္စခဲ့တဲ့ဇတ္လမ္းပဲေလ…အေကာင္ႀကီးကျခင္ေထာင္ေဘးမွာငုတ္တုပ္ထိုင္ၿပီး..ျခင္ေထာင္ထဲကိုစိုက္ၾကည့္ေနတယ္.. ကိုကလည္းဝင္လာတာနဲ႔..တုန္ျပန္ဖို႔..သတိေတာ့ထည့္ထားၿပီးသား..ဝုန္းးးးဆိုအေကာင္ႀကီးကျခင္ေထာင္လွန္လို႔…ရင္ဘက္ေပၚတက္ပီး…လည္ပင္းကိုတအားညႇစ္ေတာ့တာပဲ… ကိုယ့္လည္း ႐ုတ္ကနဲ႔ထၿပီး…ျပန္တြယ္ဖို႔လုပ္ေတာ့…ဟာ….ကိုယ္လံုးကမႂကြဘူး… လက္ေတြလဲလႈပ္မရေတာ့ဘူး.ဟိုကလည္းခြၿပီးတအားကို ညႇစ္ထားတာ..လႈပ္လို႔မရေလ ေဒါသထြက္ေလ… ညႇစ္ကြာမင္းဦးေနမွေတာ့…ေသေအာင္ညႇစ္ ကြာ။

လူကေတာ့ေတာင့္ခံထားတယ္..ၾကာေတာ့အသက္႐ွဴၾကပ္ လာတယ္…မ်က္လံုးေတြလဲျပာလာပီ…ေခါင္းရင္းကိုေမာ့ၾကည့္ လိုက္မိေတာ့…ဘုရားစင္သြားေတြ႔တယ္…ေဒါသစိတ္ေၾကာင့္ ကိုယ္ေခါင္းရင္းမွာဘုရားစင္ရိွတာေတာင္သတိမထားမိဘူး… စိတ္ကိုေလ်ာ့ခ်လိုက္တယ္…ဘုရား႐ွင္ကို..အာရံုျပဳၿပီးေတာ့…သံဗုေဒၶဂါထာကို စိတ္ထဲက ေျဖးေျဖးနဲ႔.. မွန္မွန္ရြတ္ခ် လိုက္တာ…ဝုန္းခနဲ႔ဆို…အေကာင္ႀကီးျပတင္းေပါက္ကခုန္ခ်ၿပီးေျပးေတာ့တာပဲ။

အိမ္ေပၚထပ္မွာအသံၾကားလို႔..အေဖ တက္လာခဲ့တယ္…ခဏကအသံၾကားလို႔ လာတက္ၾကည့္တာ ဘာျဖစ္တာလဲတဲ့….ကြၽန္ေတာ္တကိုယ္လံုးလဲေခြၽးေတြရႊဲလို႔.. ဘာာာ မွမျဖစ္ပါဘူး..အေဖ… ေအးေအး…ဘုရားရိွခိုးၿပီးအိပ္ကြာေျပာၿပီးျ ပန္ဆင္းသြားတယ္…ေနာက္ဆိုရင္..ပရေလာကသားေတြနဲ႔….ပတ္သက္လာရင္ မမိုက္ရဲေတာ့ဘူးဗ်….ဟုတ္တယ္ ေလ..သူကႀကီးကိုယ့္ကို..အၿပီး လုပ္တာ…ကိုယ္ကျဖင့္..လက္ေတာင္လႈပ္လို႔မရဘဲ…….ဗ်

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar post

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်တော်တို့မြို့လေးမှာတော့နာမည်ကြီးထမင်းဆိုင်ကြီးပေါ့/ ရှေးဟောင်းအိမ်ကြီးအိမ်ကောင်းနဲ့ ရောင်းတဲ့သူတွေကလည်း ဖေါ်ရွေတယ် မျက်နှာချိုလက်ရာကလည်း စပါယ်ရှယ်ဆိုတော့..လူချမ်းသာတွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ ကျွန်တော်တို့ မြို့လေးမှာ ရုပ်ရှင်လာရိုက်တဲ့အခါ နောက်ပြီး ရုပ်ရှင်အဖွဲ့သားတွေ ဘုရားဖူးလာကြတဲ့ အခါဆိုရင်.. အဲဒီ ဆိုင်ကြီး မှာပဲထမင်းစားနားကြတယ်။

အဲလိုအချိန်မျိုးဆိုရင်တော့ တရပ်ကွပ်လုံထွက်ပြီးလာကြည့်ကြ နှုတ်ဆက်ကြနဲ့….ကျွန်တော်တို့ကတော့ထိပ်ဆုံးကပေါ့ဗျာ… ဟုတ်တယ်လေ…ရုပ်ရှင်မင်းသားမင်းသမီးတွေကိုခုချိန်မှာ ပိုက်ဆံမပေးရပဲတဝကြည့်ရလို့ပဲ..ဗျ အဲဒီအိမ်ကြီးက စည်းပွားရေးကောာင်း ခင်မင်ဖို့ကလည်းကောင်းတော့…ရပ်ကွပ်ထဲကလူတွေအကုန်လုံး သူတို့မိသားစုလေးကို အားကျ နေကြတယ်.. ကျွန်တော်ကတော့ အဲ့ဒီအိမ်ကြီးကမိသားစုတွေအရမ်းခင်တယ်..ဗျ တနေ့မှာတော့သူတို့အိမ် ကြမ္မာဆိုးကြီး စဝင်တဲနေ့လို့ပဲပြောရတော့မယ်။

အဲဒီအိမ်ကြီးမှာ လူသတ်မှုဖြစ်တယ်…ဖြစ်တာကတော့ညီအကိုအချင်းချင်းဖြစ်တာ ချမ်းသာတဲ့လူတန်းစားတွေဆိုတော့လဲ ငွေကိုအကြိုက်သုံး သောက်စားကြနဲ့..ပြာသနာဖြစ်ကြတယ်.. ဘယ်ကစဖြစ်မှန်းတော့မသိဘူး.. နှစ်ယောက်စလုံး လက်ထဲမှာ..လက်နှက်ကိုယ်စီဆွဲလို့ အိမ်းသားတွေကလည်းဆွဲတဲ့သူဆွဲ ချော့မော့ပြီးတော့ သူတို့လက်ထဲက ပစ္စည်းတွေ သိမ်းလိုက်ကြတယ်။

ညီကိုနှစ်ယောက်ကတော့..အခဲမကြေကြသေးဘူး…မင်းသတိထားနေ… အေး….မင်းလဲ သတိထားနဲ့ ပြောနေကြရင်းနဲ့ ဆွဲထားတဲ့ကြာက အကြီးကောင်လွတ်ထွက်သွားပြီး…ဆန်ထိုးတဲ့သံချွန်ကောက်ဆွဲပြီးထိုးလိုက်တာ..ဟဲ့ ဟဲ့သားငယ်ဆိုပြီး အငယ်ကောင်ကိုတွန်းထုပ်လိုက်တော့..ကွတ်တိပဲ သံချွန်နဲ့..အဒေါ်ကြီးဗိုက်နဲ့ အဲနေရာမှာတင်ပွဲချင်းပြီးပဲ.. ရပ်ကွပ်က ရဲစခန်းဖုန်းဆက်တော့..ရဲ တွေရောက်လာပြီး ဓာတ်ပုံတွေရိုက် အမှုနဲ့ပတ်သတ်တာမေးပြီး အကြီးကောင်ကို ဖမ်းသွား ကြတယ်။ အမလည်းသေ သားလဲထောင်ကျဆိုတော့သူတို့တော်တော်လေးစိတ်မကောင်းဖြစ်နေကြတယ်..အမ အသုဘ ရက်လည်ပြီးတာနဲ့. ဒီကြားထဲသားအမှုကိုလဲငွေကုန်ခံပြီးလိုက်တယ် ငွေကုန်လူပန်းဖြစ်တာပဲအဖတ်တင်တယ် သားကတော့ထောင်ကျတာပါပဲ။

ဒီလိုနဲ့ သူတို့လဲ မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်ကြတယ်..နောက်ပိုင်း ဆိုင်ပြန်ဖွင့်တယ်။ အရင်တုန်းကလိုတော့ လန်းဆန်းမှုတွေသူတို့မှာမရှိကြတော့ဘူးဗျ ဘာဖြစ်လို့လဲဆိုတော့ ဆုံးသွားတဲ့ အမက မကျွတ်တော့အိမ်မှာ အမြဲတွေ့ တွေ့နေရတယ် …ညပိုင်းဆိုလဲ သူကလည်းအိမ်ပေါ်မှာလမ်းတွေလျှောက်…နောက်ဖေးမှာလဲ.. အိုးခွက်သံတွေပေးတာ…သူတို့လဲမကျွတ်ဘူးဆိုတာသိတော့ …ဘုန်ကြီးပင့်ဆွမ်းကျွေး အမျှပေးဝေတယ်။ သူက ဘာကိုဆွဲလမ်းနေတာလဲတော့ မသိဘူး ဒုတိယ အကြိမ်အမျှပေးတာလဲမယူဘူး.. ထင်တယ် ညပိုင်းရောက်ပြီဆိုတာနဲ့တအိမ်လုံးလမ်းတွေပတ်လျှောက်…ပုဂံ တွေပြစ်ချနဲ့…အိမ်သားတွေလဲကြောက်နေကြပြီ…အိပ်ရေးကလဲ မဝ ထမင်းဆိုင်ဆိုတော့ အစောကြီး ထချက်ပြုတ်ရတာကိုး။

ဆိုင်က အရင်လိုလဲ စီးပွားရေး မကောင်းတော့ဘူးလေ…ကိုယ်နဲ့ အရမ်းခင်တဲ့ သူတွေဆိုတော့ မြင်ရတာ စိတ်မကောင်း တာတော့ အမှန်ပဲဗျ။ သိပ်မကြာသေးဘူး ဝင်ပြန်ပြီ ဂြိုလ်ဆိုးနောက်ထပ်တခု…အဒေါ်ကြီးရဲ့..ညီမအငယ်ဆုံး ညပိုင်း ရေချိုးခန်းထဲဝင်သွားတာတော်တော်ကြာချိန်ထိထွက်မလာတော့… တံခါးသွားခေါက်တော့လဲ အထဲကအသံမပေးဘူး…ဟဲ့ အထဲကမထွက်သေးဘူးလားလို့ မေးတော့ စကားလဲပြန်မပြောတော့…. ဟဲ့ ဟဲ့ လာကြဦးအထဲမှာဘာဖြစ်နေလဲမသိဘူး…ရေချိုးခန်းတခါးကလည်း ဂျပ်ချ ထားတော့..ရိုက်ဖျက်ပြီးဝင်လိုက်တော့ အထဲကအမျိုးသမီးက နံရံကိုမှီလျှက် မျက်ဖြူ လှန်ပြီး အသက်မရှိတော့ဘူး… သူပံစံကိုကြည်ရတာ ကြောက်လှန့်စရာ..တခုခုမြင်လို့ အကြောက်လွန်ပြီးသေတဲ့ပုံစံမျိုးပဲ

နောက်နေ့…အသုဘ ကိစ္စပြင်ဆင်ကြ ရက်လည်နေ့ကျတော ဘုန်းကြီးပင့်ဆွမ်းကျွေးအမျဝေပေတာပေါ့။ သူလဲ မကျွတ် ပါဘူး ညညဘက်ဆိုရေချိုးခန်းထဲရေချိုးနေတာ ..အိမ်သားတွေသွားကြည့်တော့ဘာမှလဲမရှိပါဘူး…ရေကတော့ အော်တို ဖွင်လျှက်ပဲ … နောက်ညတွေလဲဒီအတိုင်းပဲရေသံတွေကြားနေရတယ်။ အခုတော့..အိမ်ကြီးထဲ အစိမ်းသေ နှစ်ယောက် ဆိုတော့ အဖေါ်ရသွားပြီးပေါ့… ညဘက် လမ်းလျေက်တဲ့သူကလျှောက် ..ရေချိုးတဲ့သူကချိုးနဲ့ပေါ့။

ကြာလာတော့..အိမ်သားတွေက ကြောက်ကလည်းကြောက် စိတ်ကလည်း ညစ်ဆိုတော့… အိမ်ကြီးကိုပိတ်ပြီး…သူတို့ အမျိုးတွေ အိမ်မှာသွား နေကြတယ်…သူတို့မရှိတော့ ပိုဆိုး အိုးခွက်ပုဂံပြစ်ချသံတွေ ဘေးအိမ်ကပါကြားနေရတယ်…. ရပ်ကွပ်ထဲက လူတွေလည်း..ခပ်လန့်လန့်ဖြစ်နေပြီ…လူစုံလို့..အဲဒီအကြောင်းပြောဖြစ်ကြရင်…စိတ်တို ဒေါသထွက်တာက  ကျွန်တော် ဟုတ်တယ်လေ…သူတို့ကြောင့် ကိုယ်ခင်တဲ့သူတွေလဲပြောင်းပြေးသွားကြပြီ …သူ့အိမ်ကမိသားစုဝင်တွေပဲ မဟုတ်လား… ဘာဖြစ်လို့ခြောက်လှန့်နေမှန်းမသိ..အမျှပေးတော့လဲမယူဘူး…သက်သက်လိုက်နှောက်ယှက်နေတာ…အိမ်ကြီး ကိုပြစ်ထားပြီး လူမနေတာလဲကြာပြီးဆိုတော့..အိမ်အိုကြီးလိုဖြစ်နေပြီး နောက်အဲအိမ်မှာနေမဲသူရှိရင်နေပေါ့။ အိမ်စောင့်သဘောမျိုး သူတို့ကတောင်အိမ်စောင့်ခဆိုပြီး လခတောင်ပြန်ပေးအုံးမှာ။

သိပ်မကြာပါဘူး အိမ်စောင့်မယ့်သူရောက်လာတယ်။ ဦးလေးကြီးတယောက် ကလေးငယ်လေးနှစ်ယောက် လက်မှာဆွဲလို့၊ ကလေး နှစ်ယောက်က ၆နှစ် နောက်တယောက်က..၈နှစ် အရွယ်လောက်ပဲရှိအုံးမယ်…. သူများတွေတော့မသိဘူး ကျွန်တော် ကတော့တော်တော်စိတ်ပူသွားမိတယ် သူတို့လည်းအိမ်ကြီးအကြောင်းမသိရှာဘူထင်ပါတယ်…ဒီလိုနဲ နေလာတာ..ဘာတွေဖြစ်တယ်လိုတော့မကြားမိပါဘူး… သူတို့သား အဖသုံးယောက်ကတော့ အေးအေးဆေးဆေးပါပဲ…နောက်တပတ်လောက်လဲနေပြီးရော ဦးလေးကြီးမျက်နှာသိပ်မကောင်းဘူး ကျွန်တော်လဲမေးချင်မိတယ် ဘာတွေဖြစ်လို့လဲ ပေါ့..သူနဲ့ကိုယ်နဲ့မှမသိဘဲလေ..အဲတာကြောင့်မမေးတော့ပါဘူး။

ကျွန်တော်တို့က သစ်သီးဆိုင်ဖွင်ထားတော့ နေ့လည်ပိုင်းနေအရမ်းပူတော့ မိဘတွေကိုအိမ်ပြန်နားခိုင်းပြီး…ကျွန်တော် ဆိုင်ထိုင်နေကြပေါ့.. အဲချိန်မှာ ဦးလေးနဲကလေးနှစ်ယောက် ဆိုင်နားမှာရပ်ပြီးတော့ အရိပ်ခိုနေကြတယ်… ကျွန်တော်လဲ ကလေးနှစ်ယောက်ကို လက်ထောင်ပြပြီးနှုတ်ဆက်လိုက်တယ်…ကလေးတွေကပြုံးပြတော့.. ပန်းသီးနှစ်လုံး ကောက်ကိုင် ပြီး စားမလာလို့မေးတော့..ခေါင်းညိတ်ပြတယ်.. ကျွန်တော်လဲပန်းသီးတယောက်တလုံး လက်ထဲထည့်ပေးရင်း…ဦးလေး နေအရမ်းပူတယ် ဆိုင်ထဲဝင်နားပါလား ဦးလေး…သြော်….ရပါတယ်ကွယ် ဈေးရောင်းတာအနှောင့်ယှက်ဖြစ်နေပါ့မယ်… ဟာ မဖြစ်ပါဘူး ဦးလေးရယ် လာပါ…ကလေးနှယောက်လက်ကိုဆွဲပြီး..လာဦးလေးအေးအေး ဆေးဆေးနားပေါ့။

နောက်နှုတ်ဆက်စကားပြောရင်း…မေးလိုက်မိတယ်..ဒီအိမ်မှာနေရတာအဆင်ပြေလား ဦးလေးရဲ့…အဆင်ပြေပါ တယ်ကွယ်.. ဒါပေမယ့်…..ကလေးတွေ အတွက်တော့စိတ်ပူတယ်..ဘာတွေများစိတ်ပူစရာရှိလို့လဲဦးလေးရ…လို့ မေးတော့ဖြေချင်ပုံမရဘူး…. နောက်မှအိမ်ကြီးကမသန့် ဘူကွဲ့…ကလေးတွေနဲ့ဆိုတော့မသင့်တော်ပါဘူးကွယ်….ကျွန်တော်သိလိုက်ပြီးဟို အစိမ်းသေတွေကြောင့်ဆိုတာ ဒီရက်ပိုင်းဦးတို့ အိမ်ပြန်အပ်တော့မယ် ဦးလေး မစောင့်တော့ ဘူးကွဲ့

သူတို့ပြောင်းမယ်နေ့မှာလာနှုတ်ဆက်တယ်..စိတ်တော့မကောင်းဘူး..ခင်တာမှမကြာသေးဘူး..ခွဲရတော့မယ်… ဦးတို့သွား တော့မယ်ကောင်လေး… ဟုတ်ကဲ့ ဟုတ်ကဲ.. ဒီစကားလေးပဲပြောနိုင်တယ်..ကလေးတွေကတော့ တာ့တာ့ပြနေတော့ ပိုပြီး စိတ်မကောင်းဘူး…ကလေးတွေနောက် ကျောကိုငေးကြည့်နေမိတယ်… စိတ်ထဲမှာလဲ…အဲဒီအိမ်ကြီးက နှစ်ကောင် ကြောင့် ဒီည ငါ့နဲ့တွေ့မယ်လို့ ကျိမ်းထားလိုက်တယ်။

ညပိုင်းဆိုင်လဲသိမ်းရော..သူငယ်ချင်းတွေဆိုင်ကယ်တွေနဲ့ရောက်လာကြတယ်…ဟျောင့် အဆောင်မှာ ဂစ်တာသွားတီးမို့ မင်းကိုလာခေါ်တာ… ဟာ…မသွားချ င်ဘူကွာ..စိတ်ညစ်နေတယ်.. အေး …အရက်ဆိုင်သွားမယ်ဆိုရင်တော့လိုက်မယ်… မင်းသောက်ချင် ရင်လိုက်ပို့ပေးမယ်လာ သွားစို့ အရက်ဆိုင်ရောက်တော့..အိမ်ကြီးအကြောင်း တွေးရင်း.. တစိမ့်စိမ့် ထိုင်သောက်နေလိုက်တယ်…နည်းနည်းမှန်လာတော့မှ… မင်းတို့အဆောင်သွားရင်သွားကြတော့လေ…ငါကတော့မလို က်တော့ဘူး…မင်းကိုအိမ်လိုက်ပို့ပေးအုံးလေ…ဟာ ရပါတယ်ကွာ ငါ့ဟာငါလမ်းလျေှက်ပြန်တော့မယ်… အေးး ပီးရောအာ့ဆိုလဲငါတို့…ဒိုးပီကွာ။

သူငယ်ချင်းတွေလဲထွက်သွားကြပြီး… သောက်ထားတာရေချိန်လဲကိုက်ပြီး… ပိုက်ဆံရှင်းပြီးဆိုင် ကထွက်တော့…၁၁နာရီခွဲ… အချိန်ကောင်းပဲ..လသာရက်ဆိုတော့..လမ်းတလျေှက်လုံးလင်းထိန်နေတာပဲ…ဒီလိုနဲ့လျှောက်လာရင်းနဲ့.. အိမ်ကြီး အရှေ့ရောက်လာပါပြီ….. ည၁၂နာရီကွတ်တိပဲ.. ဒါ နဲ့ လုံချည်ကိုဂွင်းသိုင်းပြီး လမ်းဘေးက အုတ်ခဲကျိုး ဆယ်လုံးလောက် ကောက်ထည့်ပြီး…အဲဒီအစိမ်းသေအိမ်ကြီးထဲ.. အုတ်ခဲတလုံးလှမ်းဆော်ထည့်လိုက်တယ်… ခွမ်းးးဆိုတဲ့အသံနဲ့ မှန်တချပ်  တော့ ကွဲသွားပြီး.. ဟေ့…အိမ်ကြီးရှင်တို့ရေ..ဘယ်သူရှိလဲ…ကွ ရှိတယ်ဆိုရင်လည်း အရိပ်အရောင်လေး လာထွက်ပြကြ လေကွာ…တွေ့ချင်လို့…သောက်ဂရုမစိုက်ဘူး.. သေတော့လည်းအသေမလှ ..လာနေအမျှလူတွေကို ဒုဒ္ခ လိုက်ပေးနေတဲ့ ဟာတွေ..ထွက်ခဲ့ကြလေကွာ။

အိမ်ကြီးကတော့ တိတ်ဆိတ်မြဲပဲ….မထွက်ကြဘူးပေါ့…ရော့ကွာ ရော့ကွာ…စိတ်တိုတိုနဲ့ အုတ်ခဲတွေတလုံးပြီး တလုံး အိမ်ထဲပြစ်သွင်းလိုက်လိုက်တယ်…. တဒုန်းဒုန်းနဲ့…ဘာမှတုန့်ပြန်သံမကြားတော့..အိမ်ကြီးရဲ့အုတ်နံရံ ပေါ်တက်ပြီးတော့…အနီးကက်အားရပါးရဆော်နေတာ…ဆော် လို့လဲဝ အုတ်ကျိုးလဲကုန်ပြီး… ငါ့..ခွီးတဲ့ဟာတွေ..တွေ့ချင်တဲ့သူကြတော့ အရိပ်တောင်မပြရဲတော့ဘူး…ပြစ်ပြစ်နှစ်နှစ်ဆဲဆိုပြီး… အေး…မ ကျေနပ်ရင်လိုက်ခဲ့လို့ ရတယ်နော်. .မကြောက်တက်လို့ တယောက်ထဲလာတာကွ…လူလဲ စိတ်ကျေနပ်သွားပြီ။

အိမ်ပြန်ဖို့လမ်းထဲ စဝင်လိုက်တာနဲ့..အူးးးးးဝူးးးးအူးးးးလမ်းထဲကခွေးတွေ…အုပ်စုဖွဲ့ပြီးတော့ကို အူနေတာ… အဲအချိန် လူလဲ..ကြက်သီးတချက်ဖြန်းခနဲ့ထသွားတ ယ်….ဂရုမစိုက်ပါဘူး…အိမ်ကိုတန်းပြီးပြန်လာခဲ့တယ်…အိမ်ရောက်တော့ အဖေကတံခါးဖွင်ပေးရင်း… မင်းတော့ကွာညည့်နက်မှပဲ ပြန်ပြန်လာတယ်…ကိုလဲကိုယ်အိပ်ယာကိုတခါတည်းတန်းသွားပြီး…လှဲချလိုက်တယ်.. လသာတော့..ပြတင်းပေါက်ကနေ လရောင်တွေကခန်းလုံးပြည့်ပဲ…ကိုယ်လဲကိုယ်လုပ်ခဲ့တာ ပြန်စဉ်းစားရင်း ကျေနပ်နေမိတယ်..အဲ့ဒီအချိန် အိမ်နံရံပေါ်ကုပ်တက်နေတဲ့အသံကြားလိုက်မိတယ်… ဘာလဲ… ဟ….ငါခေါ်လို့ပဲလိုက်လာတာလား… သေချာနားထောင်နေတုန်း

ပြတင်းပေါက်ပေါ်..မဲမဲအကောင်ကြီးတွယ်တက်လာတယ်..ဟော…ဖိတ်ခေါ်ထားတဲ့ဧည့်သည့်တော့လာပါပြီး.. ကိုယ်စခဲ့တဲ့ဇတ်လမ်းပဲလေ…အကောင်ကြီးကခြင်ထောင်ဘေးမှာငုတ်တုပ်ထိုင်ပြီး..ခြင်ထောင်ထဲကိုစိုက်ကြည့်နေတယ်.. ကိုကလည်းဝင်လာတာနဲ့..တုန်ပြန်ဖို့..သတိတော့ထည့်ထားပြီးသား..ဝုန်းးးးဆိုအကောင်ကြီးကခြင်ထောင်လှန်လို့…ရင်ဘက်ပေါ်တက်ပီး…လည်ပင်းကိုတအားညှစ်တော့တာပဲ… ကိုယ့်လည်း ရုတ်ကနဲ့ထပြီး…ပြန်တွယ်ဖို့လုပ်တော့…ဟာ….ကိုယ်လုံးကမကြွဘူး… လက်တွေလဲလှုပ်မရတော့ဘူး.ဟိုကလည်းခွပြီးတအားကို ညှစ်ထားတာ..လှုပ်လို့မရလေ ဒေါသထွက်လေ… ညှစ်ကွာမင်းဦးနေမှတော့…သေအောင်ညှစ် ကွာ။

လူကတော့တောင့်ခံထားတယ်..ကြာတော့အသက်ရှူကြပ် လာတယ်…မျက်လုံးတွေလဲပြာလာပီ…ခေါင်းရင်းကိုမော့ကြည့် လိုက်မိတော့…ဘုရားစင်သွားတွေ့တယ်…ဒေါသစိတ်ကြောင့် ကိုယ်ခေါင်းရင်းမှာဘုရားစင်ရှိတာတောင်သတိမထားမိဘူး… စိတ်ကိုလျော့ချလိုက်တယ်…ဘုရားရှင်ကို..အာရုံပြုပြီးတော့…သံဗုဒ္ဓေဂါထာကို စိတ်ထဲက ဖြေးဖြေးနဲ့.. မှန်မှန်ရွတ်ချ လိုက်တာ…ဝုန်းခနဲ့ဆို…အကောင်ကြီးပြတင်းပေါက်ကခုန်ချပြီးပြေးတော့တာပဲ။

အိမ်ပေါ်ထပ်မှာအသံကြားလို့..အဖေ တက်လာခဲ့တယ်…ခဏကအသံကြားလို့ လာတက်ကြည့်တာ ဘာဖြစ်တာလဲတဲ့….ကျွန်တော်တကိုယ်လုံးလဲချွေးတွေရွှဲလို့.. ဘာာာ မှမဖြစ်ပါဘူး..အဖေ… အေးအေး…ဘုရားရှိခိုးပြီးအိပ်ကွာပြောပြီးြ ပန်ဆင်းသွားတယ်…နောက်ဆိုရင်..ပရလောကသားတွေနဲ့….ပတ်သက်လာရင် မမိုက်ရဲတော့ဘူးဗျ….ဟုတ်တယ် လေ..သူကကြီးကိုယ့်ကို..အပြီး လုပ်တာ…ကိုယ်ကဖြင့်..လက်တောင်လှုပ်လို့မရဘဲ…….ဗျ

ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar post
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top