ယခုေနာက္ပိုင္းရင္ထဲကို ထိတဲ့သီခ်င္းေတာ္ေတာ္မ်ားမ်ားကို ၾကည့္လိုက္ပါက ေတးေရး ေဝၾကီးေရးထားတဲ့ သီခ်င္းေတြသာ မ်ားပါတယ္။ တကယ္ကို လူသားတိုင္းရဲ့ရင္ဘတ္ၾကီးနဲ႔ ခံစားနားဆင္လို႔ရမယ့္ ခံစားခ်က္သီခ်င္းေလးေတြကိုေရးတတ္တဲ့ ေဝၾကီးကေတာ့ ေတးေရးကေနတဆင့္ လက္ရွိခ်ိန္မွာေတာ့ ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားျပီလည္း ျဖစ္ပါတယ္။

လက္ရွိမွာလည္း ေဝၾကီးကေတာ့ Shwe FM ကေပးတဲ့ အေက်ာ္ၾကားဆံုး ေတးေရးဆု ရရွိခဲ့တဲ့တာလည္း ျဖစ္ပါတယ္။ ေဝၾကီးကေတာ့ သီခ်င္းေကာင္းေလးေတြ ေရးေနေပမယ့္လည္း သူ႔မွာေတာ့ ခံစားခ်က္ေတြ ရွိျပီး သူ႔ခံစားခ်က္ေလးေတြကို ေျပာျပလာခဲ့ပါတယ္။

ေတးေရးေဝၾကီးကေတာ့ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာေတာ့ Shwe FM ကေပးတဲ့ အေက်ာ္ၾကားဆံုး ေတးေရးဆုကို ရရွိခဲ့တာနဲ႔ ပတ္သက္ျပီး “အဓိကကေတာ့ ပရိသတ္ေတြပါပဲ။ ကြ်န္ေတာ့္သီခ်င္းကို ၾကိဳက္ျပီးေတာ့ နားေထာင္ေပးၾကတဲ့ ပရိသတ္ေတြရွိလို႔ ဒီဆုရတာပါ။ မထင္မွတ္ပဲ ရတဲ့အတြက္ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီဆုနဲ႔ တန္ေအာင္လည္း ကြ်န္ေတာ္ဒီထက္ပိုျပီးလည္း ၾကိဳးစားပါ့မယ္”



အခုအေနအထားကို ေရာက္လာဖို႔ အခက္ခဲေတြ ရွိခဲ့လားဆိုတဲ့အေပၚမွာ ေဝၾကီးကေတာ့ “အခက္ခဲေတြကေတာ့ အမ်ားၾကီးပါပဲ။ ျပည့္စံုတဲ့သူဆိုရင္ေတာ့ ေကာင္းတာေပါ့ေနာ့္။ ဒါေပမယ့္လည္း ကြ်န္ေတာ္က်ေတာ့ မျပည့္စံုတဲ့ ဘဝေၾကာင့္ပဲ ဒီလိုဘဝကို ေရာက္လာတယ္လို႔ ခံယူတယ္။

မျပည့္စံုတဲ့ဘဝကေန ကြ်န္ေတ္ာၾကိဳးစားလာတဲ့အတြက္ေၾကာင့္ နားၾကည္းခ်က္ေတြ ရွိပါတယ္။ လစာနည္းနည္းေလးနဲ႔ ဂီတာတီးလာရတဲ့ ဘဝေတြလည္း ရွိခဲ့ပါတယ္။ တနည္းအားျဖင့္ေတြးရင္လည္း ဒီလိုျဖစ္လာတာက ေကာင္းပါတယ္”

မိသားစုဘဝ ျဖတ္သန္းမႈနဲ႔ ပတ္သက္ျပီး ေဝၾကီးကေတာ့ “ကြ်န္ေတာ္က ေရွ႔မွာ အလုပ္လုပ္တယ္။ သူတို႔က ေနာက္ပိုင္းမွာ ထိန္းထားတာေပါ့ေနာ္။ ဒါေၾကာင့္ သူတို႔လည္း တစိတ္တေဒသ ပါပါတယ္။ ဒီလုိေနရာေရာက္လာတာ မိသားစုလည္း ပါပါတယ္။ အႏုပညာသမားကေတာ့ မိသားစုနဲ႔ ညိွရတာတို႔ရွိပါတယ္။ ထမင္းေမ့ဟင္းေမ့ေလာက္ေအာင္ အႏုပညာလုပ္ၾကတာရွိတယ္ေလ။ ဒါကေတာ့ ညိွရတာေပါ့”



“ကြ်န္ေတာ္ပရိသတ္ၾကီးကို ေက်းဇူးတင္ပါတယ္။ ေနာက္လည္း ဒီထက္ပိုျပီးေတာ့ ၾကိဳးစားပါမယ္။ ဒီအဆင့္ထက္သာေအာင္ လုပ္မွာပါ။ ၾကိဳးစားသြားမွာပါ” ဟုေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


ယခုနောက်ပိုင်းရင်ထဲကို ထိတဲ့သီချင်းတော်တော်များများကို ကြည့်လိုက်ပါက တေးရေး ဝေကြီးရေးထားတဲ့ သီချင်းတွေသာ များပါတယ်။ တကယ်ကို လူသားတိုင်းရဲ့ရင်ဘတ်ကြီးနဲ့ ခံစားနားဆင်လို့ရမယ့် ခံစားချက်သီချင်းလေးတွေကိုရေးတတ်တဲ့ ဝေကြီးကတော့ တေးရေးကနေတဆင့် လက်ရှိချိန်မှာတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဝေကြီးကတော့ Shwe FM ကပေးတဲ့ အကျော်ကြားဆုံး တေးရေးဆု ရရှိခဲ့တဲ့တာလည်း ဖြစ်ပါတယ်။ ဝေကြီးကတော့ သီချင်းကောင်းလေးတွေ ရေးနေပေမယ့်လည်း သူ့မှာတော့ ခံစားချက်တွေ ရှိပြီး သူ့ခံစားချက်လေးတွေကို ပြောပြလာခဲ့ပါတယ်။

တေးရေးဝေကြီးကတော့ မီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ Shwe FM ကပေးတဲ့ အကျော်ကြားဆုံး တေးရေးဆုကို ရရှိခဲ့တာနဲ့ ပတ်သက်ပြီး “အဓိကကတော့ ပရိသတ်တွေပါပဲ။ ကျွန်တော့်သီချင်းကို ကြိုက်ပြီးတော့ နားထောင်ပေးကြတဲ့ ပရိသတ်တွေရှိလို့ ဒီဆုရတာပါ။ မထင်မှတ်ပဲ ရတဲ့အတွက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဆုနဲ့ တန်အောင်လည်း ကျွန်တော်ဒီထက်ပိုပြီးလည်း ကြိုးစားပါ့မယ်”

အခုအနေအထားကို ရောက်လာဖို့ အခက်ခဲတွေ ရှိခဲ့လားဆိုတဲ့အပေါ်မှာ ဝေကြီးကတော့ “အခက်ခဲတွေကတော့ အများကြီးပါပဲ။ ပြည့်စုံတဲ့သူဆိုရင်တော့ ကောင်းတာပေါ့နော့်။ ဒါပေမယ့်လည်း ကျွန်တော်ကျတော့ မပြည့်စုံတဲ့ ဘဝကြောင့်ပဲ ဒီလိုဘဝကို ရောက်လာတယ်လို့ ခံယူတယ်။

မပြည့်စုံတဲ့ဘဝကနေ ကျွန်တေ်ာကြိုးစားလာတဲ့အတွက်ကြောင့် နားကြည်းချက်တွေ ရှိပါတယ်။ လစာနည်းနည်းလေးနဲ့ ဂီတာတီးလာရတဲ့ ဘဝတွေလည်း ရှိခဲ့ပါတယ်။ တနည်းအားဖြင့်တွေးရင်လည်း ဒီလိုဖြစ်လာတာက ကောင်းပါတယ်”

မိသားစုဘဝ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ဝေကြီးကတော့ “ကျွန်တော်က ရှေ့မှာ အလုပ်လုပ်တယ်။ သူတို့က နောက်ပိုင်းမှာ ထိန်းထားတာပေါ့နော်။ ဒါကြောင့် သူတို့လည်း တစိတ်တဒေသ ပါပါတယ်။ ဒီလိုနေရာရောက်လာတာ မိသားစုလည်း ပါပါတယ်။ အနုပညာသမားကတော့ မိသားစုနဲ့ ညှိရတာတို့ရှိပါတယ်။ ထမင်းမေ့ဟင်းမေ့လောက်အောင် အနုပညာလုပ်ကြတာရှိတယ်လေ။ ဒါကတော့ ညှိရတာပေါ့”

“ကျွန်တော်ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒီထက်ပိုပြီးတော့ ကြိုးစားပါမယ်။ ဒီအဆင့်ထက်သာအောင် လုပ်မှာပါ။ ကြိုးစားသွားမှာပါ” ဟုပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top