မျမတ္ေလး ဆိုျပီး ပရိသတ္ေတြ ခ်စ္စႏိုးေခၚၾကတဲ့ ေအးျမတ္သူက အကယ္ဒမီဆုကို ပူပူေႏြးေႏြး ဆြတ္ခူးထားတာ ျဖစ္ပါတယ္။ အႏုပညာမွာ အကယ္ဒမီ ရေပမဲ့ ႏွလံုးသားေရးရာမွာ ဘာဆုမွ မရေသးတဲ့ မျမတ္ေလးက April Fool မွာ ပရိသတ္ေတြကို မဂၤလာသတင္းနဲ႔ စေနာက္ခဲ့ပါေသးတယ္။ ရိုးသားတဲ့ ေျပာဆိုဟန္ ၊ အျပစ္ကင္းတဲ့ ဟန္ပန္ေတြ ေပါင္းစပ္ထားသလို ကေလး ခ်စ္တတ္တဲ့ မျမတ္ေလးက က်ိဳက္ဝိုင္း မွ မသန္စြမ္းကေလးငယ္ေတြနဲ႔ သၾကၤန္တူတူ ႏႊဲခဲ့ပါတယ္။

ပရိသတ္ေတြ သိခ်င္ေနတဲ့ မဂၤလာသတင္းနဲ႔ ပတ္သက္လို႔ ေအးျမတ္သူက အင္တာဗ်ဴး တစ္ခုမွာ ခုလို ေျဖၾကားသြားပါတယ္။

“အဲ့ဒါက april fool ပါ။ ပရိသတ္ကို ခ်စ္စႏုိးနဲ႔ ဘယ္ေလာက္ခ်စ္လဲ အိမ္ေထာင္ျပဳေစခ်င္လား မျပဳေစခ်င္ဘူးလား ဆိုတာကို သိခ်င္လုိ႔ စမ္းသပ္လိုက္တာပါ။ တကယ္ကို တိတိက်က် အိမ္ေထာင္ျပဳမယ္ဆိုရင္ အားလံုးကို အသိေပးျပီးမွ စီစဥ္ပါ့မယ္။ ခမ္းနားခ်င္မွ ခမ္းနားလိမ့္မယ္။ ဒါေပမဲ့ အားလံုးကို အသိေပးျပီးမွ စံုစံုလင္လင္ လုပ္ပါ့မယ္။ အဲ့ဒါ အကို မဂၤလာေဆာင္တုန္းက အကို႕ရဲ႕ လက္မွတ္ထိုးထားတာကုိ ၾကည့္ျပီး ၾကိဳရိုက္ထားတာ။ ပရိသတ္ေတြက မျမတ္ေလးကို အိမ္ေထာင္မျပဳေစခ်င္ၾကေသးဘူး။ အမ်ားစုက ၾကိဳးစားပါဦး လို႔ ေျပာတယ္။ သူတို႔ ခ်စ္လို႔ မဝေသးဘူး ထင္တယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

အိမ္ေထာင္ေရးမွာေတာ့ အကန္႔အသတ္ မထားတဲ့ အေၾကာင္း ေအးျမတ္သူက ခုလို ေျပာျပသြားပါတယ္။

“အသက္ (၃၀) ကတည္းက အိမ္ေထာင္ျပဳခ်င္ခဲ့တာ။ မရခဲ့တာေပါ့ေနာ္။ (၃၅) မွာလည္း ၾကိဳးစားတယ္။ ဒါေပမဲ ဖူးစာကံ မပါလို႔ ကိုယ္ အိမ္ေထာင္မက်ေသးဘူး ဆိုေတာ့လည္း (၄၀) ေပါ့။ ေအးျမတ္သူကေတာ့ စဥ္းစားထားတယ္။ အိမ္ေထာင္ျပဳျခင္းမွာ အသက္အရြယ္ အကန္႔အသတ္ မရွိဘူး။ အသက္ဆိုတာက ျပယုဂ္တစ္ခုေပါ့။ အရြယ္ဆိုတာက လူရဲ႕ စိတ္ကို ျပတယ္လို႔ ခံစားရတယ္။ အသက္ ဆိုတာက အခ်ိန္ပါပဲ။ အဓိကက ကိုယ့္စိတ္ေပ်ာ္ျပီး ကိုယ္ႏုေနမယ္ဆိုရင္ အားလံုးက အဆင္ေျပပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ ေအးျမတ္သူက အကန္႔အသတ္ မထားဘူး။” လို႔ ဆိုပါတယ္။

မျမတ္ေလးတစ္ေယာက္ အႏုပညာမွာ ကံေကာင္းသလို ႏွလံုးသားေရး ကံေကာင္းပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi

#Unicode Verison#
မမြတ်လေး ဆိုပြီး ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အေးမြတ်သူက အကယ်ဒမီဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတာ ဖြစ်ပါတယ်။ အနုပညာမှာ အကယ်ဒမီ ရပေမဲ့ နှလုံးသားရေးရာမှာ ဘာဆုမှ မရသေးတဲ့ မမြတ်လေးက April Fool မှာ ပရိသတ်တွေကို မင်္ဂလာသတင်းနဲ့ စနောက်ခဲ့ပါသေးတယ်။ ရိုးသားတဲ့ ပြောဆိုဟန် ၊ အပြစ်ကင်းတဲ့ ဟန်ပန်တွေ ပေါင်းစပ်ထားသလို ကလေး ချစ်တတ်တဲ့ မမြတ်လေးက ကျိုက်ဝိုင်း မှ မသန်စွမ်းကလေးငယ်တွေနဲ့ သြင်္ကန်တူတူ နွှဲခဲ့ပါတယ်။

ပရိသတ်တွေ သိချင်နေတဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်လို့ အေးမြတ်သူက အင်တာဗျူး တစ်ခုမှာ ခုလို ဖြေကြားသွားပါတယ်။

“အဲ့ဒါက april fool ပါ။ ပရိသတ်ကို ချစ်စနိုးနဲ့ ဘယ်လောက်ချစ်လဲ အိမ်ထောင်ပြုစေချင်လား မပြုစေချင်ဘူးလား ဆိုတာကို သိချင်လို့ စမ်းသပ်လိုက်တာပါ။ တကယ်ကို တိတိကျကျ အိမ်ထောင်ပြုမယ်ဆိုရင် အားလုံးကို အသိပေးပြီးမှ စီစဉ်ပါ့မယ်။ ခမ်းနားချင်မှ ခမ်းနားလိမ့်မယ်။ ဒါပေမဲ့ အားလုံးကို အသိပေးပြီးမှ စုံစုံလင်လင် လုပ်ပါ့မယ်။ အဲ့ဒါ အကို မင်္ဂလာဆောင်တုန်းက အကို့ရဲ့ လက်မှတ်ထိုးထားတာကို ကြည့်ပြီး ကြိုရိုက်ထားတာ။ ပရိသတ်တွေက မမြတ်လေးကို အိမ်ထောင်မပြုစေချင်ကြသေးဘူး။ အများစုက ကြိုးစားပါဦး လို့ ပြောတယ်။ သူတို့ ချစ်လို့ မဝသေးဘူး ထင်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

အိမ်ထောင်ရေးမှာတော့ အကန့်အသတ် မထားတဲ့ အကြောင်း အေးမြတ်သူက ခုလို ပြောပြသွားပါတယ်။

“အသက် (၃၀) ကတည်းက အိမ်ထောင်ပြုချင်ခဲ့တာ။ မရခဲ့တာပေါ့နော်။ (၃၅) မှာလည်း ကြိုးစားတယ်။ ဒါပေမဲ ဖူးစာကံ မပါလို့ ကိုယ် အိမ်ထောင်မကျသေးဘူး ဆိုတော့လည်း (၄၀) ပေါ့။ အေးမြတ်သူကတော့ စဉ်းစားထားတယ်။ အိမ်ထောင်ပြုခြင်းမှာ အသက်အရွယ် အကန့်အသတ် မရှိဘူး။ အသက်ဆိုတာက ပြယုဂ်တစ်ခုပေါ့။ အရွယ်ဆိုတာက လူရဲ့ စိတ်ကို ပြတယ်လို့ ခံစားရတယ်။ အသက် ဆိုတာက အချိန်ပါပဲ။ အဓိကက ကိုယ့်စိတ်ပျော်ပြီး ကိုယ်နုနေမယ်ဆိုရင် အားလုံးက အဆင်ပြေပါတယ်။ အိမ်ထောင်ရေးမှာတော့ အေးမြတ်သူက အကန့်အသတ် မထားဘူး။” လို့ ဆိုပါတယ်။

မမြတ်လေးတစ်ယောက် အနုပညာမှာ ကံကောင်းသလို နှလုံးသားရေး ကံကောင်းပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top