စာဖတ္တဲ့ဓေလ့ဟာ ဘ၀မွာ အေရးႀကီးတယ္ဆုိတာ လူတုိင္းသိၾကပါတယ္။ ဒါ့ေၾကာင့္လည္း “အလိမၼာ စာမွာရွိ” ၊ “ စာအုပ္စာေပ လူ႕မိတ္ေဆြ” လုိ႔ ဆုိၾကတာျဖစ္ပါတယ္။ ကဲ . . . ဒါဆုိရင္ စာဖတ္တဲ့ဓေလ့ဟာ ဘာေၾကာင့္အေရးႀကီးသလဲလုိ႔ ေမးလာရင္ အခ်က္က်က် ေျဖႏုိင္သူနည္းပါလိမ့္မယ္။ လူတုိင္း စာေပကုိ ဘာေၾကာင့္ ဖတ္သင့္သလဲဆုိတာ အခ်က္ (၈) ခ်က္နဲ႔ တင္ျပပါမယ္။

(၁) ဗဟုသုတၾကြယ္ဝျခင္း (ကိစၥတုိင္းကုိ အရင္သိျခင္း)

စာဖတ္အားေကာင္းသူေတြဟာ သူမ်ားထက္ မသိတာမရွိျဖစ္တဲ့အျပင္ ကိစၥတုိင္းကုိ ေခါင္းေအးေအးနဲ႔ ေျဖရွင္းနုိင္စြမ္းရည္ ပုိေကာင္းပါတယ္။ ကိစၥတုိင္းကုိ စူးစမ္းလုိစိတ္ျပင္းျပတဲ့အျပင္ မိမိကုိယ္တုိင္ ဘယ္အလုပ္ကုိ ဝါသနာပါတယ္ဆုိတာေတာင္ ခန္႔မွန္းနုိင္ပါတယ္။ ဒါ့အျပင္ ပဋိပကၡေျဖရွင္းနုိင္စြမ္းဆုိတာ စာဖတ္ၿပီး အၾကားအျမင္မ်ားမွသာ ျဖစ္နုိင္ပါတယ္။

(၂) ဘဝတုိးတက္ျခင္း

စာဖတ္မွသာ မိမိဘဝတုိးတက္ႏုိင္ပါတယ္။ စာဖတ္ထားမယ္ဆုိရင္ ေလာကႀကီးအေၾကာင္းကုိ ပုိသိၿပီး ဒီေန႕ေခတ္လူေတြ ဘယ္လုိစိတ္ထားမ်ိဳးထားတယ္၊ ဘယ္လုိအေၾကာင္းအရာမ်ိဳးကုိ စိတ္ဝင္စားတယ္ဆုိတာကအစ ဘယ္လုိစီးပြားေရးလုပ္ငန္းလုပ္ရင္ ပုိၿပီးေတာ့ေအာင္ျမင္မယ္ဆုိတာအထိ ခြဲျခားသိျမင္ႏုိင္ပါတယ္။ စာအုပ္စာေပဆုိတာ ဘဝအတြက္ တည္ၿငိမ္ေအးခ်မ္းတဲ့ သူငယ္ခ်င္း၊ အယုံၾကည္ရဆုံး အၾကံေပးအရာရွိ၊ သေဘာထားႀကီးတဲ့ ဆရာတစ္ဆူပဲ ျဖစ္ပါတယ္။ ဒီေန႔ေခတ္ သန္းၾကြယ္သူေဌးတုိင္းမွာ တူညီတဲ့အေလ့အက်င့္က စာဖတ္တာပဲ ျဖစ္ပါတယ္။

(၃) နားလည္နုိင္စြမ္းရည္ တုိးတက္ျခင္း

စာအုပ္မ်ားမ်ား ဖတ္တဲ့အခါ နားလည္မႈစြမ္းရည္ ျမင့္တက္လာၿပီး ေလာကႀကီးရဲ႕ အေၾကာင္း ပုိနားလည္လာပါတယ္။ ဥပမာ – မိေက်ာင္းရဲ႕ အေၾကာင္းကုိ စာအုပ္ထဲမွာ ေလ့လာထားတယ္ဆုိပါေတာ့၊ မိေက်ာင္းရဲ႕ က်က္စားရာေနရာ၊ ဘယ္လုိအေၾကာင္းအရာေၾကာင့္ မိေက်ာင္းအကုိက္ခံရတယ္ဆုိတာ သိရွိၿပီး သတိထားနုိင္ပါတယ္။ တကယ္လုိ႔ မိေက်ာင္းဖမ္းခုိင္းရင္ေတာင္ မိေက်ာင္းရဲ႕ သေဘာသဘာဝကုိ သိေနရင္ မခက္ခဲေတာ့ပါဘူး။ တကယ္ဆုိ စာဖတ္တယ္ဆုိတာ လူေလာကရဲ႕ သဘာဝကုိ ပုိၿပီးသိရွိေစခ်င္တာပါပဲ။ ဂိမ္းကစားတဲ့အခါ စည္းမ်ဥ္းစည္းကမ္းကုိ သိေနရင္ လြယ္ကူသလုိေပါ့၊ စာဖတ္ၿပီး လူေတြရဲ႕ သေဘာကုိ သိေနရင္ ေအာင္ျမင္ဖုိ႔ မခက္ခဲေတာ႔ပါဘူး။

(၄) ပြဲမဝင္ခင္ ျပင္ဆင္ျခင္း

တကယ္ဆုိ အလုပ္တစ္ခုလုပ္မယ္ဆုိရင္ ဘယ္အရာေတြက လုိအပ္ခ်က္ရွိမလဲ၊ ဘယ္အရာေတြက အားနည္းခ်က္ရွိသလဲဆုိတာ သိသင့္ပါတယ္။ ဒါေတြကလည္း စာဖတ္မွပဲ သိမွာပါ။ စာဖတ္ျခင္းက ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ အသုံးဝင္ပါလိမ့္မယ္။ ဟင္းဘယ္လုိခ်က္ရမယ္၊ စစ္တုရင္ ဘယ္လုိထုိးရမယ္၊ စားေသာက္ဆုိင္မွာ ဟင္း ဘယ္လိုမွာရမယ္ဆုိတာကအစ အသုံးဝင္ေစပါတယ္။ ကိစၥတုိင္းကုိ မျပဳလုပ္ခင္ အရင္သုံးသပ္ၿပီး လုပ္ေဆာင္ရင္ ေအာင္ျမင္ဖုိ႕ နီးစပ္မယ္ဆုိတာ စာဖတ္ျခင္းကပဲ သင္ေပးနုိင္တာျဖစ္ပါတယ္။

(၅) တျခားသူမ်ားထံမွ အေတြ႕အၾကံဳရရွိျခင္း

ကမၻာေက်ာ္ပုဂၢိဳလ္ေတြရဲ႕ ကုိယ္ေရးအက်ဥ္းကုိ စာဖတ္ၿပီးေတာ့ သူတုိ႔ရဲ႕ ဘဝအေတြ႔အၾကံဳ၊ ျဖတ္သန္းမႈေတြကုိ သင္ယူရရွိႏုိင္ပါတယ္။ လုိခ်င္တဲ့ပန္းတုိင္ကုိ သြားတဲ့ေနရာမွာ မွားဖူးတဲ႔အမွားကုိ ေနာက္တစ္ႀကိမ္ထပ္မမွားနုိင္တာေၾကာင့္ ဘ၀မွာလြယ္လြယ္ကူကူနဲ႔ ပန္းတုိင္ကုိ ေရာက္နုိင္ပါတယ္။ ေအာင္ျမင္သူေတြရဲ႕ အၾကံဥာဏ္၊ က်ရႈံးသူေတြရဲ႕ လုပ္ရပ္ေတြကုိ သိထားတဲ့အတြက္ စာဖတ္ထားတဲ႕သူဟာ စာအုပ္ကုိင္ၿပီး ရတနာသုိက္ရွာရသလုိပါပဲ။ ဘဝဆုိတာ ေခါက္ရုိးက်ိဳး အမွားေတြကုိ ထပ္ခါထပ္ခါ လုပ္ေနဖုိ႔ အခ်ိန္မရွိပါဘူး။ တုိေတာင္းလြန္းပါတယ္။ ဒီေန႔ေခတ္မွာ ဘီလ်ံနာေပါင္း (၂,၂ဝ၈) ဦး ရွိပါတယ္။ ကုိယ္လည္း သူတုိ႔လုိျဖစ္ဖုိ႔ သူတို႕အရင္က ဘယ္လုိျဖတ္သန္းခဲ႕လုိ႔ ဒီေန႕မွာ ဘယ္လုိျဖစ္ေနတယ္ဆုိတာ သင္ခန္းစာယူၿပီး ႀကိဳးစားလုိ႕ရတယ္ဆုိတာ စာအုပ္ဖတ္ထားမွပဲ ျဖစ္နုိင္ပါတယ္။

(၆) ဆက္ဆံေရး မဟာဗ်ဴဟာ ေကာင္းျခင္း

စာဖတ္ထားတဲ့သူဟာ စာမဖတ္တဲ့သူနဲ႔ ႏႈိင္းယွဥ္ရင္ လူမႈေပါင္းသင္းဆက္ဆံေရးဘက္မွာ ပုိသာေနမွာဆုိတာ ေသခ်ာပါတယ္။ ဒီေန႕ေခတ္ ဘာေတြျဖစ္ေနတယ္ဆုိတာ သိမွသာ လူမႈဆက္ဆံေရး အဆင္ေျပၿပီး ေအာင္ျမင္မႈပန္းတုိင္ကုိ လွမ္းကုိင္ႏုိင္ပါျပီ။ စာဖတ္အားေကာင္းတဲ့ သူက စကားေျပာလည္း ေျပျပစ္တဲ့အတြက္ သူတစ္ပါးနားဝင္ခ်ိဳေအာင္ စည္းရုံးသိမ္းသြင္းႏုိင္ၿပီး ကုိယ့္အတြက္ မိတ္ေဆြသူငယ္ခ်င္းတုိးပြားေစပါတယ္။

(၇) အာရုံစူးစုိက္ျခင္း

စာအုပ္တစ္အုပ္ကုိ ေအးေအးေဆးေဆး တိတ္တိတ္ဆိတ္ဆိတ္ ထုိင္ၿပီးဖတ္ေနမယ္ဆုိရင္ စာေရးဆရာဘာကုိ ဆုိလုိသလဲဆုိတာ ရွင္းရွင္းလင္းလင္းနားလည္ျပီး ပုိမုိထိေရာက္ေစပါတယ္။ ဒါ့အျပင္ အာရုံစူးစုိက္မႈ ပုိအားေကာင္းေစၿပီး စာဖတ္ေကာင္းသူေတြဟာ အမ်ားအားျဖင့္ ဆုံးျဖတ္ခ်က္မမွားၾကပါဘူး။ စာအုပ္ဖတ္ေနတုန္းမွာ စိတ္ႏွလုံးဟာ စာအုပ္ေပၚမွာပဲ ႏွစ္ထားတဲ့အတြက္ စာအုပ္သမားေတြဟာ သာမန္လူေတြထက္ အာရုံစူးစုိက္မႈပုိေကာင္းပါတယ္။

(၈) စိတ္ကူးယဥ္၊ ဖန္တီးမႈ ပုိေကာင္းျခင္း

စာဖတ္အား ေကာင္းသူေတြဟာ သူမ်ားႏွင့္မတူ အေတြးအေခၚ ပုိေကာင္းေလ့ရွိပါတယ္။ လူအမ်ားမျမင္နုိင္တဲ့ ကိစၥရပ္ေတြကုိ ပုိုမုိေတြးေခၚေလ့ရွိၿပီး မထင္မွတ္တဲ့လုပ္ရပ္ေတြကုိ လုပ္ျပေလ့ရွိပါတယ္။ “ မျဖစ္နုိင္ဘူးဆုိတာ ေလာကမွာ မရွိ၊ မျဖစ္ေသးတာပဲ ရွိတယ္” လုိ႔ ခံယူထားၾကလုိ႔ပါ။ စာအုပ္ေတြဆုိတာ ရႈပ္ေထြးလွတဲ့ ပင့္ကူအိမ္ႀကီးနဲ႔ တူပါတယ္။ ဘယ္လုိတစ္ခုကုိ တစ္ခု ခ်ိတ္ဆက္ေနတယ္ဆုိတာ သိလာေလေလ အေတြးအေခၚအသစ္ေတြ ကြန္႔ျမဴးလာေလေလ ျဖစ္ပါတယ္လုိ႔ ဆုိခ်င္ပါေတာ့တယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


စာဖတ်တဲ့ဓလေ့ဟာ ဘဝမှာ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့ကြောင့်လည်း “အလိမ္မာ စာမှာရှိ” ၊ “ စာအုပ်စာပေ လူ့မိတ်ဆွေ” လို့ ဆိုကြတာဖြစ်ပါတယ်။ ကဲ . . . ဒါဆိုရင် စာဖတ်တဲ့ဓလေ့ဟာ ဘာကြောင့်အရေးကြီးသလဲလို့ မေးလာရင် အချက်ကျကျ ဖြေနိုင်သူနည်းပါလိမ့်မယ်။ လူတိုင်း စာပေကို ဘာကြောင့် ဖတ်သင့်သလဲဆိုတာ အချက် (၈) ချက်နဲ့ တင်ပြပါမယ်။

(၁) ဗဟုသုတကြွယ်ဝခြင်း (ကိစ္စတိုင်းကို အရင်သိခြင်း)

စာဖတ်အားကောင်းသူတွေဟာ သူများထက် မသိတာမရှိဖြစ်တဲ့အပြင် ကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်စွမ်းရည် ပိုကောင်းပါတယ်။ ကိစ္စတိုင်းကို စူးစမ်းလိုစိတ်ပြင်းပြတဲ့အပြင် မိမိကိုယ်တိုင် ဘယ်အလုပ်ကို ဝါသနာပါတယ်ဆိုတာတောင် ခန့်မှန်းနိုင်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြေရှင်းနိုင်စွမ်းဆိုတာ စာဖတ်ပြီး အကြားအမြင်များမှသာ ဖြစ်နိုင်ပါတယ်။

(၂) ဘဝတိုးတက်ခြင်း

စာဖတ်မှသာ မိမိဘဝတိုးတက်နိုင်ပါတယ်။ စာဖတ်ထားမယ်ဆိုရင် လောကကြီးအကြောင်းကို ပိုသိပြီး ဒီနေ့ခေတ်လူတွေ ဘယ်လိုစိတ်ထားမျိုးထားတယ်၊ ဘယ်လိုအကြောင်းအရာမျိုးကို စိတ်ဝင်စားတယ်ဆိုတာကအစ ဘယ်လိုစီးပွားရေးလုပ်ငန်းလုပ်ရင် ပိုပြီးတော့အောင်မြင်မယ်ဆိုတာအထိ ခွဲခြားသိမြင်နိုင်ပါတယ်။ စာအုပ်စာပေဆိုတာ ဘဝအတွက် တည်ငြိမ်အေးချမ်းတဲ့ သူငယ်ချင်း၊ အယုံကြည်ရဆုံး အကြံပေးအရာရှိ၊ သဘောထားကြီးတဲ့ ဆရာတစ်ဆူပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် သန်းကြွယ်သူဌေးတိုင်းမှာ တူညီတဲ့အလေ့အကျင့်က စာဖတ်တာပဲ ဖြစ်ပါတယ်။

(၃) နားလည်နိုင်စွမ်းရည် တိုးတက်ခြင်း

စာအုပ်များများ ဖတ်တဲ့အခါ နားလည်မှုစွမ်းရည် မြင့်တက်လာပြီး လောကကြီးရဲ့ အကြောင်း ပိုနားလည်လာပါတယ်။ ဥပမာ – မိကျောင်းရဲ့ အကြောင်းကို စာအုပ်ထဲမှာ လေ့လာထားတယ်ဆိုပါတော့၊ မိကျောင်းရဲ့ ကျက်စားရာနေရာ၊ ဘယ်လိုအကြောင်းအရာကြောင့် မိကျောင်းအကိုက်ခံရတယ်ဆိုတာ သိရှိပြီး သတိထားနိုင်ပါတယ်။ တကယ်လို့ မိကျောင်းဖမ်းခိုင်းရင်တောင် မိကျောင်းရဲ့ သဘောသဘာဝကို သိနေရင် မခက်ခဲတော့ပါဘူး။ တကယ်ဆို စာဖတ်တယ်ဆိုတာ လူလောကရဲ့ သဘာဝကို ပိုပြီးသိရှိစေချင်တာပါပဲ။ ဂိမ်းကစားတဲ့အခါ စည်းမျဉ်းစည်းကမ်းကို သိနေရင် လွယ်ကူသလိုပေါ့၊ စာဖတ်ပြီး လူတွေရဲ့ သဘောကို သိနေရင် အောင်မြင်ဖို့ မခက်ခဲတော့ပါဘူး။

(၄) ပွဲမဝင်ခင် ပြင်ဆင်ခြင်း

တကယ်ဆို အလုပ်တစ်ခုလုပ်မယ်ဆိုရင် ဘယ်အရာတွေက လိုအပ်ချက်ရှိမလဲ၊ ဘယ်အရာတွေက အားနည်းချက်ရှိသလဲဆိုတာ သိသင့်ပါတယ်။ ဒါတွေကလည်း စာဖတ်မှပဲ သိမှာပါ။ စာဖတ်ခြင်းက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အသုံးဝင်ပါလိမ့်မယ်။ ဟင်းဘယ်လိုချက်ရမယ်၊ စစ်တုရင် ဘယ်လိုထိုးရမယ်၊ စားသောက်ဆိုင်မှာ ဟင်း ဘယ်လိုမှာရမယ်ဆိုတာကအစ အသုံးဝင်စေပါတယ်။ ကိစ္စတိုင်းကို မပြုလုပ်ခင် အရင်သုံးသပ်ပြီး လုပ်ဆောင်ရင် အောင်မြင်ဖို့ နီးစပ်မယ်ဆိုတာ စာဖတ်ခြင်းကပဲ သင်ပေးနိုင်တာဖြစ်ပါတယ်။

(၅) တခြားသူများထံမှ အတွေ့အကြုံရရှိခြင်း

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအကျဉ်းကို စာဖတ်ပြီးတော့ သူတို့ရဲ့ ဘဝအတွေ့အကြုံ၊ ဖြတ်သန်းမှုတွေကို သင်ယူရရှိနိုင်ပါတယ်။ လိုချင်တဲ့ပန်းတိုင်ကို သွားတဲ့နေရာမှာ မှားဖူးတဲ့အမှားကို နောက်တစ်ကြိမ်ထပ်မမှားနိုင်တာကြောင့် ဘဝမှာလွယ်လွယ်ကူကူနဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ အောင်မြင်သူတွေရဲ့ အကြံဉာဏ်၊ ကျရှုံးသူတွေရဲ့ လုပ်ရပ်တွေကို သိထားတဲ့အတွက် စာဖတ်ထားတဲ့သူဟာ စာအုပ်ကိုင်ပြီး ရတနာသိုက်ရှာရသလိုပါပဲ။ ဘဝဆိုတာ ခေါက်ရိုးကျိုး အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေဖို့ အချိန်မရှိပါဘူး။ တိုတောင်းလွန်းပါတယ်။ ဒီနေ့ခေတ်မှာ ဘီလျံနာပေါင်း (၂,၂ဝ၈) ဦး ရှိပါတယ်။ ကိုယ်လည်း သူတို့လိုဖြစ်ဖို့ သူတို့အရင်က ဘယ်လိုဖြတ်သန်းခဲ့လို့ ဒီနေ့မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ သင်ခန်းစာယူပြီး ကြိုးစားလို့ရတယ်ဆိုတာ စာအုပ်ဖတ်ထားမှပဲ ဖြစ်နိုင်ပါတယ်။

(၆) ဆက်ဆံရေး မဟာဗျူဟာ ကောင်းခြင်း

စာဖတ်ထားတဲ့သူဟာ စာမဖတ်တဲ့သူနဲ့ နှိုင်းယှဉ်ရင် လူမှုပေါင်းသင်းဆက်ဆံရေးဘက်မှာ ပိုသာနေမှာဆိုတာ သေချာပါတယ်။ ဒီနေ့ခေတ် ဘာတွေဖြစ်နေတယ်ဆိုတာ သိမှသာ လူမှုဆက်ဆံရေး အဆင်ပြေပြီး အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပါပြီ။ စာဖတ်အားကောင်းတဲ့ သူက စကားပြောလည်း ပြေပြစ်တဲ့အတွက် သူတစ်ပါးနားဝင်ချိုအောင် စည်းရုံးသိမ်းသွင်းနိုင်ပြီး ကိုယ့်အတွက် မိတ်ဆွေသူငယ်ချင်းတိုးပွားစေပါတယ်။

(၇) အာရုံစူးစိုက်ခြင်း

စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီးဖတ်နေမယ်ဆိုရင် စာရေးဆရာဘာကို ဆိုလိုသလဲဆိုတာ ရှင်းရှင်းလင်းလင်းနားလည်ပြီး ပိုမိုထိရောက်စေပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှု ပိုအားကောင်းစေပြီး စာဖတ်ကောင်းသူတွေဟာ အများအားဖြင့် ဆုံးဖြတ်ချက်မမှားကြပါဘူး။ စာအုပ်ဖတ်နေတုန်းမှာ စိတ်နှလုံးဟာ စာအုပ်ပေါ်မှာပဲ နှစ်ထားတဲ့အတွက် စာအုပ်သမားတွေဟာ သာမန်လူတွေထက် အာရုံစူးစိုက်မှုပိုကောင်းပါတယ်။

(၈) စိတ်ကူးယဉ်၊ ဖန်တီးမှု ပိုကောင်းခြင်း

စာဖတ်အား ကောင်းသူတွေဟာ သူများနှင့်မတူ အတွေးအခေါ် ပိုကောင်းလေ့ရှိပါတယ်။ လူအများမမြင်နိုင်တဲ့ ကိစ္စရပ်တွေကို ပိုမိုတွေးခေါ်လေ့ရှိပြီး မထင်မှတ်တဲ့လုပ်ရပ်တွေကို လုပ်ပြလေ့ရှိပါတယ်။ “ မဖြစ်နိုင်ဘူးဆိုတာ လောကမှာ မရှိ၊ မဖြစ်သေးတာပဲ ရှိတယ်” လို့ ခံယူထားကြလို့ပါ။ စာအုပ်တွေဆိုတာ ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်ကြီးနဲ့ တူပါတယ်။ ဘယ်လိုတစ်ခုကို တစ်ခု ချိတ်ဆက်နေတယ်ဆိုတာ သိလာလေလေ အတွေးအခေါ်အသစ်တွေ ကွန့်မြူးလာလေလေ ဖြစ်ပါတယ်လို့ ဆိုချင်ပါတော့တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top